ကမၻာမွာ ပိုးဟပ္ျဖစ္လာတာ ႏွစ္သန္းေပါင္း ၂၉၅-၄၅၄ ရွိေပမဲ့ သူတို႔ အသြင္သဏၭာန္က ေျပာင္းသြားတယ္လို႔ မရွိဘူး။ ေမ်ာက္လိုကေန လူျဖစ္လာတယ္။ ပိုးဟပ္အမ်ိဳးအစား မ်ားတယ္။ ၾသစေတးလ်မ်ိဳးက ၉ cm ရွည္ၿပီး၊ ၃ဝ grams ေလးတယ္။ ၃ မီလီမီတာေလာက္သာ ပရြက္ဆိတ္သာသာ ရွည္တဲ့ ေျမာက္အေမရိကန္မ်ိဳးက အေသးဆုံး ျဖစ္တယ္။ အေတာင္ အကားဆုံးက ေတာင္အေမရိကန္မ်ိဳး ၇ လကၼ အထိ ရွိတယ္။ Hissing noise, Chirping noise လို အသံထြက္နိုင္တယ္။ အဆူညံဆုံးက Madagascar က ပိုးဟပ္ေတြဘဲ။ သူတို႔မွာ အဆုပ္မပါဘူး။ အမက တသက္မွာတခါသာ မိတ္လိုက္ၿပီး၊ ၈ ဥအုတယ္။ ညမွာသာ လႈတ္ရွားၾကတယ္။ ပူတာ စိုတာ ႀကိဳက္တယ္။ ေျခာက္တဲ့ေနရာႀကိဳက္တဲ့ အေကာင္လဲ ရွိပါတယ္။ ပိုးဟပ္ေတြနဲ႔ ဆက္စပ္ေနတဲ့ေရာဂါ ခန႔္မွန္းေၿခ အမ်ိဳးေပါင္း ၅ဝ ေလာက္ရွိနိုင္တယ္လို႔ Terminix International က ပိုးမႊားပညာရွင္ Stoy Hedges က ေျပာထားတယ္။

 

Auburn University က entomology လက္ေထာက္ပါေမာကၡ Dr. Xing Ping Hu ေျပာတာက ေရာဂါေတြ သယ္ေဆာင္ ေပးေနတာ ေသျခာတယ္။ ဗက္တီးရီးယား ၃၂ မ်ိဳး (Salmonella, Staphylococcus, Streptococcus)၊ (ဖန္းဂတ္) လို ၁၇ မ်ိဳး၊ (ပရိုတိုဇိုးဝါး) ၃ မ်ိဳး၊ (ဗိုင္းရပ္စ္) ၂ မ်ိဳးပါတယ္။ ေရာဂါေတြက အဆိုးႀကီးေတြေတာ့ မဟုတ္ပါ။ ကူးစက္ရင္ေတာ့ ျမန္တယ္။ ေရာဂါေတြကေတာ့ Dysentery ဝမ္းကိုက္၊ Typhoid တိုက္ဖြိဳက္၊ Poliomyelitis သူငယ္နာ-အေၾကာေသ၊ Diarrhea, Gastroenteritis အစာလမ္းေရာင္-ဝမ္းပ်က္၊ Food poisoning အစာဆိပ္သင့္၊ TB တီဘီ၊ Cholera ကာလဝမ္း၊ Leprosy အနာႀကီး၊ Hepatitis အသဲေရာင္၊ Bubonic plague အက်ိတ္ပလိပ္၊ Urinary ဆီးလမ္းပိုးဝင္ျခင္း၊ Allergic (အလာဂ်ီ) နဲ႔ Asthma ပန္းနာလူနာ ၅ဝ% က ဒီအေကာင္နဲ႔ မတည့္ဘူး။ ျခင္ေတြ မွက္ေတြလိုေတာ့ ေရာဂါပိုးေတြကို သူတို႔ကေန တိုက္ရိုက္ သယ္ပို႔ၿပီး လူေတြကို ကူးစက္ေစတာေတာ့ မဟုတ္ပါ။

 

ဒီအေကာင္ေတြက ညစ္ပတ္တဲ့၊ မသန႔္တဲ့ေနရာေတြလဲ ေလၽွာက္သြားေနတာမို႔ သူတို႔ကိုယ္မွာ မလိုလားအပ္တာေတြ ေပက်ံေနတယ္။ အစားအေသာက္ေတြကို ပိုးဟပ္ရဲ့ သြားရည္၊ မစင္ေတြကေန မသန႔္တာေတြ ကူးစက္ေပလာေစတယ္။ ပိုးဟပ္ကို လူေတြ မႀကိဳက္ၾက၊ မခံနိုင္ၾကတာက Smell ဆိုးဝါးလြန္းတဲ့အနံ့ ျဖစ္မယ္။ ဆိုးတဲ့ အနံ့က သူတို႔ရဲ့ Antenna ႏွာေမာင္းလို ေနရာက လာတာပါ။ ပိုးဟပ္ေတြက အသက္ျပင္းတယ္ ေျပာရမယ္၊ သူတို႔ သက္တမ္း ၁ ႏွစ္သာရွိေပမဲ့ ေရမေသာက္ဘဲ ၂ ပါတ္၊ စားစရာမရွိဘဲ ၁-၃ လ အထိ ရွင္နိုင္တယ္။ ေခါင္းျပတ္ သြားတာေတာင္ ၁ ပါတ္ၾကာ အသက္ရွင္ေနနိုင္တယ္။ ဓါတ္ေရာင္ျခည္ကို အေတာ္ခံနိုင္တယ္။ အႏုျမဴစစ္ပြဲျဖစ္ရင္ လူေတြေသၿပီး၊ ဒီအေကာင္ေတြ က်န္ေနမယ္တဲ့။ Fruit fly ေတြေလာက္ေတာ့ မခံနိုင္ပါ။

 

Dr. တင့္ေဆြ



Unicode







 

ကမ္ဘာမှာ ပိုးဟပ်ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲ့ သူတို့ အသွင်သဏ္ဌာန်က ပြောင်းသွားတယ်လို့ မရှိဘူး။ မျောက်လိုကနေ လူဖြစ်လာတယ်။ ပိုးဟပ်အမျိုးအစား များတယ်။ သြစတေးလျမျိုးက ၉ cm ရှည်ပြီး၊ ၃ဝ grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပရွက်ဆိတ်သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံး ဖြစ်တယ်။ အတောင် အကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မ အထိ ရှိတယ်။ Hissing noise, Chirping noise လို အသံထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar က ပိုးဟပ်တွေဘဲ။ သူတို့မှာ အဆုပ်မပါဘူး။ အမက တသက်မှာတခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုတ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့နေရာကြိုက်တဲ့ အကောင်လဲ ရှိပါတယ်။ ပိုးဟပ်တွေနဲ့ ဆက်စပ်နေတဲ့ရောဂါ ခန့်မှန်းခြေ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လို့ Terminix International က ပိုးမွှားပညာရှင် Stoy Hedges က ပြောထားတယ်။
 
Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu ပြောတာက ရောဂါတွေ သယ်ဆောင် ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။ ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသဲရောင်၊ Bubonic plague အကျိတ်ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ Allergic (အလာဂျီ) နဲ့ Asthma ပန်းနာလူနာ ၅ဝ% က ဒီအကောင်နဲ့ မတည့်ဘူး။ ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက် သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။
 
ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်ပေလာစေတယ်။ ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာက Smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antenna နှာမောင်းလို နေရာက လာတာပါ။ ပိုးဟပ်တွေက အသက်ပြင်းတယ် ပြောရမယ်၊ သူတို့ သက်တမ်း ၁ နှစ်သာရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်နိုင်တယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော်ခံနိုင်တယ်။ အနုမြူစစ်ပွဲဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။
 
Dr. တင့်ဆွေ