LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
“ျမန္မာေပါကားမ်ားရပ္” ႐ုပ္ရွင္က ေပါကား မဟုတ္ဘူးဆိုတဲ့ လင္းဇာနည္ေဇာ္
“ျမန္မာေပါကားမ်ားရပ္” ႐ုပ္ရွင္က ေပါကား မဟုတ္ဘူးဆိုတဲ့ လင္းဇာနည္ေဇာ္
Lotayanet Burmese
-
January 13, 2020
Zawgyiျဖင့္ဖတ္ရန္
လင္းဇာနည္ေဇာ္ ဟာ ႐ုံတင္ျပသခြင့္ရၿပီျဖစ္တဲ့ “ျမန္မာေပါကားမ်ား ရပ္” ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ အရမ္းကို ဝမ္းသာပီတိျဖစ္ေနသူပါ။ ဒီဇာတ္ကားဟာ သူမရဲ႕ ဖခင္ မကြယ္လြန္ခင္က ႐ိုက္ခဲ့တဲ့ ဇာတ္ကားျဖစ္လို႔ အမွတ္တရေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။လင္းဇာနည္ေဇာ္ကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ထုတ္လုပ္ေရးက ထုတ္လုပ္လိုက္တဲ့ “ျမန္မာေပါကားမ်ား ရပ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ႐ုံတင္ျပသခြင့္ရၿပီလို႔ သိရပါတယ္။ ဒီဇာတ္ကားရဲ႕ အေၾကာင္းအရာေလးကိုလည္း လင္းဇာနည္ေဇာ္က မီဒီယာ အင္တာဗ်ဴးေတြမွာ အခုလို ေျဖဆိုခဲ့ပါတယ္။
အစ္မတို႔ ဇာတ္ကားကို သူမ်ားေတြက ေမးတယ္ ဒရာမာဇာတ္ကားလား ဆိုေတာ့ ဒရာမာဇာတ္ကားလို႔လည္း ေျပာလို႔မရဘူး။ ဟာသဇာတ္ကား စစ္စစ္လားဆိုေတာ့လည္း မဟုတ္ဘူး။ ႐ုပ္ရွင္ေလာကမွာျဖစ္တတ္တာေလးေတြကို ဟာသေလးေတြ ေႏွာၿပီးေတာ့ စိတ္ကူးနဲ႔ ႐ိုက္ထားတဲ့ ဇာတ္ကားေလးပါပဲ။ ေခတ္ေရစီးေၾကာင္းနဲ႔ တြဲၿပီးေတာ့ ႐ိုက္ထားတဲ့ ဇာတ္ကားမဟုတ္တဲ့အတြက္ နည္းနည္းေတာ့ ခံသာပါတယ္” လို႔ သူကဆိုပါတယ္။
“ျမန္မာေပါကားမ်ား ရပ္” ႐ုပ္ရွင္ဇာတ္ကားဟာ မိသားစုေတြ အတူတူ ဖန္တီးပုံေဖာ္ခြင့္ရခဲ့တဲ့ ဇာတ္ကားျဖစ္တယ္လို႔ လင္းဇာနည္ေဇာ္က ေျပာပါတယ္။ ဖခင္ျဖစ္သူ မကြယ္လြန္ခင္မွာ ႐ိုက္ခြင့္ရလိုက္တဲ့ ဇာတ္ကားပါတဲ့။“ အတတ္ႏိုင္ဆုံးေတာ့ ေပါကားမျဖစ္ေအာင္ ႀကိဳးစားထားပါတယ္။ အစ္မအေဖ ရွိတုန္းကလည္း သူအရမ္းျမတ္ႏိုးတဲ့ ဒီအလုပ္ကို အစ္မတို႔ မိသားစု အတူတူလုပ္ၾကမယ္ဆိုၿပီးေတာ့ ဒီဇာတ္ကားကို အျမန္ဆုံး႐ိုက္ျဖစ္သြားတာပါ။ ၂၀၁၇ ခုႏွစ္တုန္းကတည္းက ႐ိုက္တဲ့ ဇာတ္ကားပါ။ အေဖကေတာ့ ဆုံးသြားတာ တစ္ႏွစ္ေတာင္ ရွိသြားၿပီ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔က ႐ြာေက်ာ္မိကဲ ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
ကိုယ္ပိုင္ထုတ္လုပ္ေရးက ထုတ္လုပ္တဲ့ ပထမဆုံး ဇာတ္ကားျဖစ္တာေၾကာင့္လည္း အမွတ္တရေလးေတြ အမ်ားႀကီးရွိတယ္လို႔ လင္းဇာနည္ေဇာ္က ေျပာပါတယ္။“ အစ္မတို႔ကေတာ့ ဒီဇာတ္ကား႐ိုက္ဖို႔ စရည္႐ြယ္ကတည္းက အေဖ အိပ္ရာထဲမွာရွိေနတယ္၊ ဘာမွ မသိဘူးဆိုေပမယ့္လည္း အေဖ့ရဲ႕ သိစိတ္ေလးမွာ တစ္ခ်က္တစ္ခ်က္ သတိဝင္လာေအာင္ ဆိုၿပီးေတာ့ သမီးတို႔ အခုေတာ့ ဘာေတြ လုပ္ေနၿပီဆိုတာ အေဖ့ကို အကုန္လုံး ေျပာျပတယ္။ အေဖ သိသိ မသိသိ အစ္မတို႔ လုပ္ေနတဲ့ အရာမွန္သမွ်ကို အေဖ့ကို အကုန္လုံး ေျပာျဖစ္ၾကပါတယ္” လို႔ ဆက္လက္ ေျဖဆိုခဲ့ပါတယ္။
ျမန္မာေပါကားမ်ားရပ္ ႐ုပ္ရွင္ဇာတ္ကားကို UKZ ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါ႐ိုက္တာ မိုက္တီးက ပုံေဖာ္႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ေက်ာ္သူ၊ လူမင္း၊ ေနမ်ိဳးေအာင္၊ ေျပတီဦး၊ ခိုင္သင္းၾကည္ နဲ႔ အိျႏၵာေက်ာ္ဇင္၊ ခင္လႈိင္၊ ဒိန္းေဒါင္၊ ေက်ာ္ထူး၊ အ႐ိုင္း၊ ဇာဂနာ တို႔က ပါဝင္သ႐ုပ္ေဆာင္ ထားတာျဖစ္ပါတယ္။ ျမန္မာေပါကားမ်ားရပ္ ႐ုပ္ရွင္ဇာတ္ကားကို ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။
Unicode ဖြင့်ဖတ်ရန်
လင်းဇာနည်ဇော်ဟာ ရုံတင်ပြသခွင့်ရပြီဖြစ်တဲ့ “မြန်မာပေါကားများ ရပ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်နေသူပါ။ ဒီဇာတ်ကားဟာ သူမရဲ့ ဖခင် မကွယ်လွန်ခင်က ရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။လင်းဇာနည်ဇော်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ “မြန်မာပေါကားများ ရပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခွင့်ရပြီလို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ အကြောင်းအရာလေးကိုလည်း လင်းဇာနည်ဇော်က မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။
အစ်မတို့ ဇာတ်ကားကို သူများတွေက မေးတယ် ဒရာမာဇာတ်ကားလား ဆိုတော့ ဒရာမာဇာတ်ကားလို့လည်း ပြောလို့မရဘူး။ ဟာသဇာတ်ကား စစ်စစ်လားဆိုတော့လည်း မဟုတ်ဘူး။ ရုပ်ရှင်လောကမှာဖြစ်တတ်တာလေးတွေကို ဟာသလေးတွေ နှောပြီးတော့ စိတ်ကူးနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလေးပါပဲ။ ခေတ်ရေစီးကြောင်းနဲ့ တွဲပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားမဟုတ်တဲ့အတွက် နည်းနည်းတော့ ခံသာပါတယ်” လို့ သူကဆိုပါတယ်။
“မြန်မာပေါကားများ ရပ်” ရုပ်ရှင်ဇာတ်ကားဟာ မိသားစုတွေ အတူတူ ဖန်တီးပုံဖော်ခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်တယ်လို့ လင်းဇာနည်ဇော်က ပြောပါတယ်။ ဖခင်ဖြစ်သူ မကွယ်လွန်ခင်မှာ ရိုက်ခွင့်ရလိုက်တဲ့ ဇာတ်ကားပါတဲ့။“ အတတ်နိုင်ဆုံးတော့ ပေါကားမဖြစ်အောင် ကြိုးစားထားပါတယ်။ အစ်မအဖေ ရှိတုန်းကလည်း သူအရမ်းမြတ်နိုးတဲ့ ဒီအလုပ်ကို အစ်မတို့ မိသားစု အတူတူလုပ်ကြမယ်ဆိုပြီးတော့ ဒီဇာတ်ကားကို အမြန်ဆုံးရိုက်ဖြစ်သွားတာပါ။ ၂၀၁၇ ခုနှစ်တုန်းကတည်းက ရိုက်တဲ့ ဇာတ်ကားပါ။ အဖေကတော့ ဆုံးသွားတာ တစ်နှစ်တောင် ရှိသွားပြီ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က ရွာကျော်မိကဲ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ပထမဆုံး ဇာတ်ကားဖြစ်တာကြောင့်လည်း အမှတ်တရလေးတွေ အများကြီးရှိတယ်လို့ လင်းဇာနည်ဇော်က ပြောပါတယ်။“ အစ်မတို့ကတော့ ဒီဇာတ်ကားရိုက်ဖို့ စရည်ရွယ်ကတည်းက အဖေ အိပ်ရာထဲမှာရှိနေတယ်၊ ဘာမှ မသိဘူးဆိုပေမယ့်လည်း အဖေ့ရဲ့ သိစိတ်လေးမှာ တစ်ချက်တစ်ချက် သတိဝင်လာအောင် ဆိုပြီးတော့ သမီးတို့ အခုတော့ ဘာတွေ လုပ်နေပြီဆိုတာ အဖေ့ကို အကုန်လုံး ပြောပြတယ်။ အဖေ သိသိ မသိသိ အစ်မတို့ လုပ်နေတဲ့ အရာမှန်သမျှကို အဖေ့ကို အကုန်လုံး ပြောဖြစ်ကြပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။
မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကို UKZ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ မိုက်တီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်သူ၊ လူမင်း၊ နေမျိုးအောင်၊ ပြေတီဦး၊ ခိုင်သင်းကြည် နဲ့ အိန္ဒြာကျော်ဇင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ကျော်ထူး၊ အရိုင်း၊ ဇာဂနာ တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Credit: Burmese asia
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments