Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ဝါရင့်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ဝါရင့်မင်းသားကြီးတွေနဲ့ အတွဲညီခဲ့တဲ့ နန္ဒာလှိုင်ကတော့ အိမ်ထောင်ကျချိန်ကစတင်ပြီး အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် အခုချိန်ထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားဆဲလို့ ဆိုရမှာပါ။ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ သူမရဲ့ လှုပ်ရှားမှုတွေကို အခုချိန်ထိ ချစ်တဲ့ပရိသတ်တွေကစောင့်ကြည့်အားပေးနေကြဆဲပဲပါ။
နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး (၃) ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်
သူမရဲ့ဘဝကိုအေးအေးဆေးဆေး တည်ဆောက်နေသူပါနော်။သူမကတော့အနုပညာလောကမှာအောင်မြင်ခဲ့ရုံသာမက အိမ်ထောင်ရေးမှာလည်း ခင်ပွန်းရဲ့အလိုလိုက်မှု သိတတ်မှု ဂရုစိုက်မှုတွေကို ရရှိကာ သာယာပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပါ။
လက်ရှိမှာလည်း သူမကတော့ မွေးရပ်မြေ မော်လမြိုင်ကို ရောက်ရှိနေကာ ဆရာကန်တော့ပွဲကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အရာရာ ပါရမီဖြည့်ပေးတတ်တဲ့ ခင်ပွန်းသည်ကတော့ သူမသူငယ်ချင်းတွေနဲ့ ပြန်လည်တွေကကာ ပျော်ရွှင်နေတာကို ချစ်စနိုးနဲ့ ဆေးထိုးကာ စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။” ပြန်တော့မယ်ဆိုပြီး ပါဆယ် ထပ်ယူနေပြန်တယ် “ဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ ” အော် နန္ဒာလှိုင်ရယ် ကျားရှေ့မှောက်လဲရတယ်လို့နော် ” ဆိုပြီး မှတ်ချက်ပေးခဲ့တာကြောင့် ပရိသတ်တွေက ချ်စရာကောင်းတဲ့ ဇနီးမောင်နှံလို့ မှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ်။
Credit: Burmese asia