LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
တြံေတးသိန္းတန္ ကို ဂုဏ္ျပဳ ျခင္းျဖင့္ သိန္း၁၀၀ေက်ာ္ အကုန္က်ခံၿပီး ပုံတူ႐ုပ္တုဖြင့္လွစ္
တြံေတးသိန္းတန္ ကို ဂုဏ္ျပဳ ျခင္းျဖင့္ သိန္း၁၀၀ေက်ာ္ အကုန္က်ခံၿပီး ပုံတူ႐ုပ္တုဖြင့္လွစ္
Lotayanet Burmese
-
January 13, 2020
Zawgyiျဖင့္ဖတ္ရန္
တကယ္ကို စြယ္စုံရ အႏုပညာရွင္ႀကီးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ တြံေတးသိန္းတန္ ႐ုပ္တုကို တြံေတးၿမိဳ႕သူ၊ ၿမိဳ႕သားေတြနဲ႔ တာဝန္ရွိသူေတြက ေငြက်ပ္ သိန္း ၁၀၀ ေက်ာ္အကုန္က်ခံၿပီး ဂုဏ္ျပဳ႐ုပ္တု တည္ထားတယ္လို႔ သိရပါတယ္။ တြံေတးသိန္းတန္အေၾကာင္း တေစ့တေစာင္းကို ေဖာ္ျပေပးလိုက္မယ္ေနာ္။ႏိုင္ငံေက်ာ္ ေတးေရး၊ အဆိုေတာ္၊ စာေရးဆရာ၊ ဒါ႐ိုက္တာ၊ ႐ုပ္ရွင္မင္းသား၊ သဘင္၊ ဂႏၲဝင္ေတးသံရွင္ တြံေတးသိန္းတန္ ရဲ႕ ပုံတူ ႐ုပ္ထုဖြင့္ပြဲကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔ ညေနပိုင္းက တြံေတးၿမိဳ႕မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ႐ုပ္တုအအတြက္ ေငြက်ပ္ သိန္း၁၀၀ ေက်ာ္ အကုန္က်ခံထားရတာျဖစ္ၿပီး တြံေတးၿမိဳ႕သူ၊ ၿမိဳ႕သားေတြနဲ႔ တာဝန္ရွိသူေတြက ကမကထ ေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။ ယေန႔(ဇန္နဝါရီလ ၁၁ရက္) ေန႔မွာေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ဂီတအစည္းအ႐ုံးမွ တာဝန္ရွိသူ အႏုပညာရွင္ႀကီးေတြကလည္း တက္ေရာက္လာခဲ့ၾကပါတယ္။ တြံေတးၿမိဳ႕သူ၊ ၿမိဳ႕သား မ်ားစြာတို႔ကလည္း လာေရာက္ၾကည့္ရႈခဲ့ၾကတာေတြ႕ရပါတယ္။
တြံေတးသိန္းတန္ကိုေတာ့ ျမန္မာသမားေတာ္ႀကီး ဦးဖိုးဦးႏွင့္ ေဒၚညိဳတို႔က ၂၆ ရက္၊ ၉လ၊ ၁၉၄၁ ခုႏွစ္က တြံေတးၿမိဳ႕၊ ရွမ္းစုႀကီး ေက်း႐ြာမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ေမြးခ်င္းေမာင္ႏွမ ၆ ေယာက္ရွိတာျဖစ္ၿပီး တြံေတးသိန္းတန္ကေတာ့ ၅ ေယာက္ေျမာက္ သားေလးပါ။ အႏုပညာနဲ႔ ပတ္သက္ၿပီး ဝါသနာႀကီးလြန္းသူျဖစ္တာေၾကာင့္ သူ႔ရဲ႕ ဆရာေတြျဖစ္တဲ့ ဆရာဦးသန္းႂကြယ္၊ တပ္မေတာ္(ေရ)မွ PO ဦးသန္းျမင့္၊ ဂီတာသိန္းစိုး၊ စႏၵရားေမာင္ေမာင္ေအး၊ ေမာင္ေမာင္ေလးတို႔ထံမွ ဂီတပညာကို ဆည္းပူးခဲ့တယ္လို႔ သိရပါတယ္။
တြံေတးသိန္းတန္ကိုေတာ့ ၁၉၆၂ ခုႏွစ္က ျမန္မာ့အသံက ထုတ္လႊင့္ခဲ့တဲ့ ေထြးညိဳ သီခ်င္းနဲ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သတိထားမိခဲ့ပါတယ္။ ဒီသီခ်င္းဟာ ယေန႔ေခတ္ လူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာလည္း ေရပန္းစားေနတုန္းပါပဲ။ သူဟာ ဓာတ္ျပားေလာကမွာ “ပန္းႏြယ္ကစိမ္း”၊ “ႏွမလက္ေလွ်ာ့ေနေလေတာ့”၊ ”ျမသီတာ အႀကိဳေတာ္ေထာက္ေပမယ့္”၊ “အသီးတစ္ရာ အညႇာတစ္ခု”၊ “ေမတၱာမီးအိမ္”၊ “ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္” ၊ “ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္”၊ “မႈန္နံ႔သာ ျခယ္ကာသပါလို႔” စသည့္သီခ်င္းမ်ားႏွင့္ ေတးသံရွင္ အျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။ သူဟာ တစ္ကိုယ္ေတာ္ တိတ္ေခြ ၂၉ ေခြ ထြက္ရွိခဲ့ၿပီး သီခ်င္းေပါင္း ၃၅၀ ခန႔္ကို ကိုယ္တိုင္ေရးသားခဲ့တာျဖစ္ပါတယ္။
သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ၁၉၆၄ ခုႏွစ္က ဒါ႐ိုက္တာ ဦးလွေအာင္႐ိုက္ကူးတဲ့ ေထြးညိဳ ႐ုပ္ရွင္ဇာတ္ကားမွာ ပထမဆုံး ပါဝင္သ႐ုပ္ေဆာင္ပါတယ္။ အဲဒီေနာက္မွာေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ႐ုပ္ရွင္ထုတ္လုပ္ေရးေပါင္းမ်ားစြာနဲ႔ ဇာတ္ကားေပါင္း ၆၇ ကား ႐ိုက္ကူးခဲ့ပါတယ္။ ၁၉၇၄ ခုႏွစ္တြင္ တြံေတးသိန္းတန္ ဂီတ႐ုပ္ရွင္ ျပဇာတ္ သဘင္ ဇာတ္သဘင္အဖြဲ႕ကို ဖြဲ႕စည္းကာ ဇာတ္မင္းသားအျဖစ္ႏွင့္လည္း အနယ္နယ္ အရပ္ရပ္သို႔ လွည့္လည္ကျပခဲ့ရာ ႐ုံျပည့္႐ုံလွ်ံ ပရိသတ္အားေပးျ ခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။
တြံေတးသိန္းတန္ရဲ႕ ဘဝျဖတ္သန္းမႈေတြမွာ မိသားစုဝင္ေတြ အေၾကာင္းကလည္း မပါမျဖစ္ပါပဲ။ သူဟာ ပထမဇနီးျဖစ္သူ ေဒၚစန္းျမင့္နဲ႔ လက္ထပ္ခဲ့ၿပီး သားသမီးေတြျဖစ္တဲ့ စိုင္းျမတ္သူ၊ သီရိသိန္းတန္၊ဝင္းပပသိန္းတန္၊ ခ်ယ္ရီသိန္းတန္ စတဲ့ ၄ ဦးထြန္းကားခဲ့ပါတယ္။ ဒုတိယအိမ္ေထာင္ဖက္အေနနဲ႔ အဆိုေတာ္ ခ်စ္စံပယ္နဲ႔ လက္ထပ္ခဲ့ၿပီး ေ႐ႊရည္သိန္းတန္ ဆိုတဲ့ တစ္ဦးတည္းေသာ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ သူ႔ရဲ႕ သားသမီးေတြ အားလုံးကလည္း အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနၾကတုန္းပါပဲ။ တြံေတးသိန္းတန္ဟာ အႏုပညာသက္တမ္း ၃၇ ႏွစ္ ျဖတ္သန္းခဲ့သူတစ္ေယာက္ပါ။ ၁၉၉၉ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ကြယ္လြန္သြားတာျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာေတာ့ သူ ကြယ္လြန္ခဲ့တာ ၂၁ ႏွစ္ျပည့္ပါၿပီ။
Share on Facebook
Unicode ဖြင့်ဖတ်ရန်
တကယ်ကို စွယ်စုံရ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။တွံတေးသိန်းတန် ရုပ်တုကို တွံတေးမြို့သူ၊ မြို့သားတွေနဲ့ တာဝန်ရှိသူတွေက ငွေကျပ် သိန်း ၁၀၀ ကျော်အကုန်ကျခံပြီး ဂုဏ်ပြုရုပ်တု တည်ထားတယ်လို့ သိရပါတယ်။ တွံတေးသိန်းတန်အကြောင်း တစေ့တစောင်းကို ဖော်ပြပေးလိုက်မယ်နော်။နိုင်ငံကျော် တေးရေး၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ သဘင်၊ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန် ရဲ့ ပုံတူ ရုပ်ထုဖွင့်ပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက တွံတေးမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုပ်တုအအတွက် ငွေကျပ် သိန်း၁၀၀ ကျော် အကုန်ကျခံထားရတာဖြစ်ပြီး တွံတေးမြို့သူ၊ မြို့သားတွေနဲ့ တာဝန်ရှိသူတွေက ကမကထ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ယနေ့(ဇန်နဝါရီလ ၁၁ရက်) နေ့မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူ အနုပညာရှင်ကြီးတွေကလည်း တက်ရောက်လာခဲ့ကြပါတယ်။ တွံတေးမြို့သူ၊ မြို့သား များစွာတို့ကလည်း လာရောက်ကြည့်ရှုခဲ့ကြတာတွေ့ရပါတယ်။
တွံတေးသိန်းတန်ကိုတော့ မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့က ၂၆ ရက်၊ ၉လ၊ ၁၉၄၁ ခုနှစ်က တွံတေးမြို့၊ ရှမ်းစုကြီး ကျေးရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၆ ယောက်ရှိတာဖြစ်ပြီး တွံတေးသိန်းတန်ကတော့ ၅ ယောက်မြောက် သားလေးပါ။ အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးလွန်းသူဖြစ်တာကြောင့် သူ့ရဲ့ ဆရာတွေဖြစ်တဲ့ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။
တွံတေးသိန်းတန်ကိုတော့ ၁၉၆၂ ခုနှစ်က မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့ ထွေးညို သီချင်းနဲ့ ပရိသတ်တော်တော်များများက သတိထားမိခဲ့ပါတယ်။ ဒီသီချင်းဟာ ယနေ့ခေတ် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားနေတုန်းပါပဲ။ သူဟာ ဓာတ်ပြားလောကမှာ “ပန်းနွယ်ကစိမ်း”၊ “နှမလက်လျှော့နေလေတော့”၊ ”မြသီတာ အကြိုတော်ထောက်ပေမယ့်”၊ “အသီးတစ်ရာ အညှာတစ်ခု”၊ “မေတ္တာမီးအိမ်”၊ “ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်” ၊ “ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်”၊ “မှုန်နံ့သာ ခြယ်ကာသပါလို့” စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သူဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော် တိတ်ခွေ ၂၉ ခွေ ထွက်ရှိခဲ့ပြီး သီချင်းပေါင်း ၃၅၀ ခန့်ကို ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ၁၉၆၄ ခုနှစ်က ဒါရိုက်တာ ဦးလှအောင်ရိုက်ကူးတဲ့ ထွေးညို ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးပေါင်းများစွာနဲ့ ဇာတ်ကားပေါင်း ၆၇ ကား ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးြ ခင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
တွံတေးသိန်းတန်ရဲ့ ဘဝဖြတ်သန်းမှုတွေမှာ မိသားစုဝင်တွေ အကြောင်းကလည်း မပါမဖြစ်ပါပဲ။ သူဟာ ပထမဇနီးဖြစ်သူ ဒေါ်စန်းမြင့်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးတွေဖြစ်တဲ့ စိုင်းမြတ်သူ၊ သီရိသိန်းတန်၊ဝင်းပပသိန်းတန်၊ ချယ်ရီသိန်းတန် စတဲ့ ၄ ဦးထွန်းကားခဲ့ပါတယ်။ ဒုတိယအိမ်ထောင်ဖက်အနေနဲ့ အဆိုတော် ချစ်စံပယ်နဲ့ လက်ထပ်ခဲ့ပြီး ရွှေရည်သိန်းတန် ဆိုတဲ့ တစ်ဦးတည်းသော သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေ အားလုံးကလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတုန်းပါပဲ။ တွံတေးသိန်းတန်ဟာ အနုပညာသက်တမ်း ၃၇ နှစ် ဖြတ်သန်းခဲ့သူတစ်ယောက်ပါ။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ သူ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်ပါပြီ။
Share on Facebook
Credit: Burmese asia
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments