LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
FA ေတြသာ ရႏိုင္တဲ့ ေကာင္းက်ိဳး (၇) ခ်က္
FA ေတြသာ ရႏိုင္တဲ့ ေကာင္းက်ိဳး (၇) ခ်က္
Lotayanet Burmese
-
January 12, 2020
Zawgyi ျဖင့္ဖတ္ရန္
Fa ျဖစ္ေနလို႔ သိမ္ငယ္ေနစရာ မလိုပါဘူး။ fa ဆိုတာ ျဖစ္ခ်င္တိုင္း ျဖစ္ခြင့္ မရွိတဲ့ အရာပါ။ လူတိုင္း စုံတြဲ ကိုယ္စီ ျဖစ္ေနတဲ့အခ်ိန္မွာ Fa ျဖစ္ဖို႔ ဆိုတာ သိပ္လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါဘူး..။
ရည္းစားထားလို႔ ရရက္သားနဲ႔ မထားတာ Fa ေတြ ကိုယ္တိုင္ပဲ သိၾကပါတယ္။ ေဈးဗန္းခင္းတယ္ ခင္းတယ္နဲ႔ လာႀကိဳက္ၾကရင္လည္း ျပန္မႀကိဳက္ၾကတာ Fa ေတြပဲ ျဖစ္ပါတယ္..။
Rs ေတြထက္ Fa ေတြမွာပဲ သီးသန႔္ ရႏိုင္တဲ့ ေကာင္းက်ိဳးေလးေတြ ရွိပါတယ္..။
(၁) လြတ္လပ္တယ္..။
ရည္းစားထားတယ္ဆိုတာ fa ျဖစ္ရတာထက္ အလုပ္ရႈပ္ရပါတယ္။ ဘယ္သြားလဲ ဘာလုပ္လဲ ေမးတိုင္း ေျဖေနရတာပါ။ စားေကာင္းျခင္း မစားရ၊ အိပ္ေကာင္းျခင္း မအိပ္ရနဲ႔ စစ္ေဆးေရးပဲ ဝင္ေနေတာ့သလို အၿမဲ အစီရင္ခံ ေျပာေနရတာပါ..။
တစ္ကိုယ္တည္းသမားေတြက ေအးေဆးပါပဲ။ ကိုယ့္မိဘကလြဲရင္ ဘယ္သူ႔ကိုမွလည္း ဘာမွ ေျပာစရာမလိုသလို စားေနအိပ္ေနရင္လည္း ေႏွာင့္ယွက္မယ့္သူ မရွိေတာ့ သာသာယာယာပါပဲ..၊
(၂) ဖုန္းေဘ သက္သာတယ္..။
ရည္းစားထားမိၿပီဆို သူတို႔ကို ဖုန္းမဆက္လည္း တစ္ျပစ္ ျဖစ္သြားျပန္ေရာ၊ အဲ့ေတာ့ အခ်ိန္တန္တိုင္း ဖုန္းဆက္ေပးရတယ္။ ျပန္ေခၚဆိုလည္း ေခၚေပးရတယ္..။
အိပ္ၿပီလား ဘာညာေမးရတယ္။ စကားေတြ အရွည္ႀကီးေတြ ေျပာလည္း နားေထာင္ေပးရေသးတယ္။ Fa ေတြအတြက္ေတာ့ အဲ့လို ဒုကၡေတြ မရွိပါဘူး..။
တကူးတက ဖုန္းဆက္စရာ သိပ္မရွိေတာ့ ဖုန္းေဘလည္း သိပ္မကုန္ပါဘူး။ နားၿငီးလည္း သက္သာတာေပါ့..၊
(၃) အခ်ိန္အားလုံးက ကိုယ္ပဲ ပိုင္တယ္..။
ခ်စ္သူရည္းစားျဖစ္ၿပီဆိုရင္ ကိုယ့္အခ်ိန္ေတြကို ကိုယ္သိပ္မပိုင္ေတာ့ပါဘူး။ ဘယ္အခ်ိန္ၿပီးရင္ ဘယ္မွာေတြ႕မယ္ေနာ္။ ဘာလုပ္ၾကမယ္ေနာ္ စသျဖင့္နဲ႔ တန္ဖိုးရွိလွတဲ့ ကိုယ့္အခ်ိန္ေတြ လြယ္လြယ္ကုန္တာ ႏွေျမာစရာပါ..။
စာေလ့လာစရာရွိတာ၊ သူငယ္ခ်င္းေတြ ဆုံၾကမွာ စတာေတြကို ကိုယ့္ဘာသာ အခ်ိန္ စီမံဖို႔ဆိုတာ သိပ္မလြယ္ပါဘူး။ သူ႔ကိုက် အခ်ိန္မေပးခ်င္ဘူးလား၊ အခ်ိန္မေပးေတာ့ဘူးလား စသျဖင့္ ေျဖရွင္းရမွာေတြ ရွိေနတာပါ..။
ဒါေၾကာင့္ တစ္ကိုယ္တည္းသမားဆိုရင္ေတာ့ ကိုယ့္အခ်ိန္ေတြကို စိတ္တိုင္းက် တန္ဖိုးရွိရွိ အသုံးခ်ႏိုင္ပါတယ္..။
(၄) စိတ္ႏွလုံးခ်မ္းသာရတယ္..။
သဝန္တိုေနရတဲ့ ဒုကၡ ပူေလာင္ေနရတဲ့ ဒုကၡဆိုတာ Fa ေတြမွာ မရွိပါဘူး။ သူ႔အေၾကာင္း လိုက္ေတြးေနရတယ္ဆိုတဲ့ လိုက္စိတ္ပူေနရတယ္ဆိုတဲ့ ဒုကၡလည္း Fa ေတြ မရပါဘူး..။
ဒါေၾကာင့္ စားခ်င္တာစား သြားခ်င္ရာသြားလိုက္နဲ႔ ေပ်ာ္ေပ်ာ္ႀကီး ေအးေဆးေနလို႔ ရပါတယ္..။
(၅) ဂိမ္းေဆာ့ခ်င္တိုင္း ေဆာ့လို႔ရတယ္..။
အိမ္က အေမ တစ္ခါတစ္ေလ ဆူတာကလြဲရင္ fa ေတြက ဂိမ္းေဆာ့ျခင္းနဲ႔ ပတ္သတ္ၿပီး စိတ္ရႈပ္ရတာမ်ိဳး မရွိပါဘူး။ ဂိမ္းေဆာ့ေနတုန္း ဖုန္းေျပာမယ္ဆိုၿပီး ဖုန္းေခၚတာေတြ စကားလာေျပာတာေတြကို ရင္ဆိုင္စရာ မလိုပါဘူး..။
ဂိမ္းထဲက ေကာင္မေလးေတြနဲ႔လည္း လိုက္စြပ္စြဲ သဝန္တိုေနမယ့္ေဘးကလည္း လြတ္ပါေသးတယ္။ ဂိမ္းကို စိတ္ေျဖာင့္ေျဖာင့္ ေဆာ့လို႔ရတာ Fa ျဖစ္ျခင္း အက်ိဳးေက်းဇူး တစ္ခုပါပဲ..၊
(၆) ကိုယ့္အသုံးစရိတ္နဲ႔ ကိုယ္ ေလာက္ငတယ္..။
ကိုယ္ စားခ်င္တာေတြ ဝယ္စားလို႔ ရသလို လက္ေဆာင္ေပးရျခင္း၊ သူမ်ား႐ိုသလို လိုက္႐ိုေပးရျခင္း အေျခအေနေတြကလည္း လြတ္ပါတယ္..။
ကိုယ္ လိုခ်င္တဲ့ အဝတ္ေတြ၊ ကိုယ္စားခ်င္တဲ့ စားစရာေတြကို စိတ္ႀကိဳက္ ဝယ္ႏိုင္သုံးႏိုင္တာက Rs ေတြထက္ တစ္ပမ္းသာတဲ့ အခ်က္ပါပဲ..၊
(၇) ငမ္းလို႔ ရတယ္..။
အေခ်ာအလွေတြ ေပါတဲ့ေခတ္ႀကီးထဲမွာ ေခ်ာတာလွတာကို အသိအမွတ္ျပဳတဲ့အေနနဲ႔ လိုက္ၾကည့္တာ သေဘာက်ေပးတာက ျဖစ္သင့္ပါတယ္။ Online ေပၚမွာ ေန႔စဥ္ႏွင့္အမွ် တက္လာတဲ့ အေခ်ာအလွပုံေလးေတြကို Share ၿပီး သူငယ္ခ်င္းေတြကို ျပန္မွ်ေဝေပးတာလည္း မဂၤလာတစ္ပါးပါပဲ..၊
ဒါေပမဲ့ rs ေတြမွာေတာ့ လိုက္သဝန္တိုခံေနရတာနဲ႔ ဟိုလူ႔ wall ထဲ မဝင္ရဘူး။ သူ႔ပုံေတြ ဘာလို႔ share ေနတာလဲ။ ေမးခြန္းေတြ စည္းကမ္းေတြနဲ႔ ဆိုရွယ္မီဒီယာေတာင္ လြတ္လြတ္လပ္လပ္ သုံးခြင့္ မရွိတဲ့ ဘဝ ျဖစ္ေနပါေတာ့တယ္..။
ဒီလို ေကာင္းက်ိဳးေတြက fa ေတြပဲ ရတာပါေနာ့..၊
Credit Aunty Mauy
Unicode ဖြင့်ဖတ်ရန်
FA တွေသာ ရနိုင်တဲ့ ကောင်းကျိုး (၇) ချက်
Fa ဖြစ်နေလို့ သိမ်ငယ်နေစရာ မလိုပါဘူး။ fa ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရှိတဲ့ အရာပါ။ လူတိုင်း စုံတွဲ ကိုယ်စီ ဖြစ်နေတဲ့အချိန်မှာ Fa ဖြစ်ဖို့ ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး..။
ရည်းစားထားလို့ ရရက်သားနဲ့ မထားတာ Fa တွေ ကိုယ်တိုင်ပဲ သိကြပါတယ်။ ဈေးဗန်းခင်းတယ် ခင်းတယ်နဲ့ လာကြိုက်ကြရင်လည်း ပြန်မကြိုက်ကြတာ Fa တွေပဲ ဖြစ်ပါတယ်..။
Rs တွေထက် Fa တွေမှာပဲ သီးသန့် ရနိုင်တဲ့ ကောင်းကျိုးလေးတွေ ရှိပါတယ်..။
(၁) လွတ်လပ်တယ်..။
ရည်းစားထားတယ်ဆိုတာ fa ဖြစ်ရတာထက် အလုပ်ရှုပ်ရပါတယ်။ ဘယ်သွားလဲ ဘာလုပ်လဲ မေးတိုင်း ဖြေနေရတာပါ။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရနဲ့ စစ်ဆေးရေးပဲ ဝင်နေတော့သလို အမြဲ အစီရင်ခံ ပြောနေရတာပါ..။
တစ်ကိုယ်တည်းသမားတွေက အေးဆေးပါပဲ။ ကိုယ့်မိဘကလွဲရင် ဘယ်သူ့ကိုမှလည်း ဘာမှ ပြောစရာမလိုသလို စားနေအိပ်နေရင်လည်း နှောင့်ယှက်မယ့်သူ မရှိတော့ သာသာယာယာပါပဲ..၊
(၂) ဖုန်းဘေ သက်သာတယ်..။
ရည်းစားထားမိပြီဆို သူတို့ကို ဖုန်းမဆက်လည်း တစ်ပြစ် ဖြစ်သွားပြန်ရော၊ အဲ့တော့ အချိန်တန်တိုင်း ဖုန်းဆက်ပေးရတယ်။ ပြန်ခေါ်ဆိုလည်း ခေါ်ပေးရတယ်..။
အိပ်ပြီလား ဘာညာမေးရတယ်။ စကားတွေ အရှည်ကြီးတွေ ပြောလည်း နားထောင်ပေးရသေးတယ်။ Fa တွေအတွက်တော့ အဲ့လို ဒုက္ခတွေ မရှိပါဘူး..။
တကူးတက ဖုန်းဆက်စရာ သိပ်မရှိတော့ ဖုန်းဘေလည်း သိပ်မကုန်ပါဘူး။ နားငြီးလည်း သက်သာတာပေါ့..၊
(၃) အချိန်အားလုံးက ကိုယ်ပဲ ပိုင်တယ်..။
ချစ်သူရည်းစားဖြစ်ပြီဆိုရင် ကိုယ့်အချိန်တွေကို ကိုယ်သိပ်မပိုင်တော့ပါဘူး။ ဘယ်အချိန်ပြီးရင် ဘယ်မှာတွေ့မယ်နော်။ ဘာလုပ်ကြမယ်နော် စသဖြင့်နဲ့ တန်ဖိုးရှိလှတဲ့ ကိုယ့်အချိန်တွေ လွယ်လွယ်ကုန်တာ နှမြောစရာပါ..။
စာလေ့လာစရာရှိတာ၊ သူငယ်ချင်းတွေ ဆုံကြမှာ စတာတွေကို ကိုယ့်ဘာသာ အချိန် စီမံဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ သူ့ကိုကျ အချိန်မပေးချင်ဘူးလား၊ အချိန်မပေးတော့ဘူးလား စသဖြင့် ဖြေရှင်းရမှာတွေ ရှိနေတာပါ..။
ဒါကြောင့် တစ်ကိုယ်တည်းသမားဆိုရင်တော့ ကိုယ့်အချိန်တွေကို စိတ်တိုင်းကျ တန်ဖိုးရှိရှိ အသုံးချနိုင်ပါတယ်..။
(၄) စိတ်နှလုံးချမ်းသာရတယ်..။
သဝန်တိုနေရတဲ့ ဒုက္ခ ပူလောင်နေရတဲ့ ဒုက္ခဆိုတာ Fa တွေမှာ မရှိပါဘူး။ သူ့အကြောင်း လိုက်တွေးနေရတယ်ဆိုတဲ့ လိုက်စိတ်ပူနေရတယ်ဆိုတဲ့ ဒုက္ခလည်း Fa တွေ မရပါဘူး..။
ဒါကြောင့် စားချင်တာစား သွားချင်ရာသွားလိုက်နဲ့ ပျော်ပျော်ကြီး အေးဆေးနေလို့ ရပါတယ်..။
(၅) ဂိမ်းဆော့ချင်တိုင်း ဆော့လို့ရတယ်..။
အိမ်က အမေ တစ်ခါတစ်လေ ဆူတာကလွဲရင် fa တွေက ဂိမ်းဆော့ခြင်းနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်ရတာမျိုး မရှိပါဘူး။ ဂိမ်းဆော့နေတုန်း ဖုန်းပြောမယ်ဆိုပြီး ဖုန်းခေါ်တာတွေ စကားလာပြောတာတွေကို ရင်ဆိုင်စရာ မလိုပါဘူး..။
ဂိမ်းထဲက ကောင်မလေးတွေနဲ့လည်း လိုက်စွပ်စွဲ သဝန်တိုနေမယ့်ဘေးကလည်း လွတ်ပါသေးတယ်။ ဂိမ်းကို စိတ်ဖြောင့်ဖြောင့် ဆော့လို့ရတာ Fa ဖြစ်ခြင်း အကျိုးကျေးဇူး တစ်ခုပါပဲ..၊
(၆) ကိုယ့်အသုံးစရိတ်နဲ့ ကိုယ် လောက်ငတယ်..။
ကိုယ် စားချင်တာတွေ ဝယ်စားလို့ ရသလို လက်ဆောင်ပေးရခြင်း၊ သူများရိုသလို လိုက်ရိုပေးရခြင်း အခြေအနေတွေကလည်း လွတ်ပါတယ်..။
ကိုယ် လိုချင်တဲ့ အဝတ်တွေ၊ ကိုယ်စားချင်တဲ့ စားစရာတွေကို စိတ်ကြိုက် ဝယ်နိုင်သုံးနိုင်တာက Rs တွေထက် တစ်ပမ်းသာတဲ့ အချက်ပါပဲ..၊
(၇) ငမ်းလို့ ရတယ်..။
အချောအလှတွေ ပေါတဲ့ခေတ်ကြီးထဲမှာ ချောတာလှတာကို အသိအမှတ်ပြုတဲ့အနေနဲ့ လိုက်ကြည့်တာ သဘောကျပေးတာက ဖြစ်သင့်ပါတယ်။ Online ပေါ်မှာ နေ့စဉ်နှင့်အမျှ တက်လာတဲ့ အချောအလှပုံလေးတွေကို Share ပြီး သူငယ်ချင်းတွေကို ပြန်မျှဝေပေးတာလည်း မင်္ဂလာတစ်ပါးပါပဲ..၊
ဒါပေမဲ့ rs တွေမှာတော့ လိုက်သဝန်တိုခံနေရတာနဲ့ ဟိုလူ့ wall ထဲ မဝင်ရဘူး။ သူ့ပုံတွေ ဘာလို့ share နေတာလဲ။ မေးခွန်းတွေ စည်းကမ်းတွေနဲ့ ဆိုရှယ်မီဒီယာတောင် လွတ်လွတ်လပ်လပ် သုံးခွင့် မရှိတဲ့ ဘဝ ဖြစ်နေပါတော့တယ်..။
ဒီလို ကောင်းကျိုးတွေက fa တွေပဲ ရတာပါနော့..၊
Credit Aunty May
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments