ညီျဖစ္သူအား ေဆးထိုးသတ္သည့္အစ္ကိုႏွင့္ၾကံရာပါအမ်ိဳးသမီးတို႔အား မေသမခ်င္းႀကိဳးကြင္းစြပ္သတ္ရန္ႏွင့္ ေထာင္ဒဏ္ ၇ ႏွစ္တို႔ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ျဖစ္စဥ္မွာ ဧရာ၀တီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕၊ တကၠသုိလ္အေနာက္ဘက္၊ ၿမိဳ႕ေ႐ွာင္လမ္းတြင္ ၂၀၁၆ ခုႏွစ္၊ မတ္လ ၃ ရက္၌ စစ္ကုန္းတိုက္နယ္၊ မရမ္းေလးေက်း႐ြာမူလတန္းျပေက်ာင္းဆရာကိုေအးႏုိင္၏ပုပ္ပြေနေသာ ရုပ္အေလာင္းကိုေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
Related image
အဆိုပါအမႈႏွင့္ပတ္သက္၍ ေသဆံုးသူႏွင့္ညီအစ္ကို၀မ္းကြဲေတာ္စပ္သူ ေက်းလက္က်န္းမာေရးမွဴးသန္းေဇာ္ကို တာ၀န္ရွိသူမ်ားကမသကၤာေသာေၾကာင့္ေခၚယူစစ္ေဆးခဲ့ရာမွ အမႈေပၚေပါက္ခဲ့ျခင္းျဖစ္သည္။ စစ္ေဆးခ်က္အရ ေသဆံုးသူေက်ာင္းဆရာကိုေအးႏိုင္ႏွင့္သူနာျပဳသင္တန္းေက်ာင္းသူမႏွင္းပြင့္ျဖဴတို႔မွာ ခ်စ္သူမ်ားျဖစ္ၾကၿပီး ၂ ႏွစ္အၾကာ၌ကိုေအးႏိုင္၏အစ္ကို၀မ္းကြဲျဖစ္သူက်န္းမာေရးမွဴးသန္းေဇာ္ႏွင့္ႏွင္းပြင့္ျဖဴတို႔ ထပ္မံခ်စ္ႀကိဳက္ခဲ့ၾကရာ ယင္းျဖစ္စဥ္ကိုသိရွိသြားသည့္ကိုေအးႏိုင္က အရက္မူးခ်ိန္တိုင္း၌ ေစာင္းေျမာင္းေျပာဆိုေလ့ရွိေၾကာင္း သိရသည္။
Image may contain: 2 people, people standing and outdoor
ထို႔ေၾကာင့္ မခံမရပ္ႏုိင္ျဖစ္လာသည့္မႏွင္းပြင့္ျဖဴသည္ သန္းေဇာ္ႏွင့္တုိင္ပင္ကာ ၂၀၁၆ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၁ ရက္တြင္ ကိုေအးႏုိင္အား အခင္းျဖစ္ေနရာသို႔ခ်ိန္းဆိုေခၚေဆာင္လာၿပီးေနာက္ ကိုေအးႏိုင္၏လက္ေမာင္းသို႔ Adrenaline ေဆးထိုးသတ္ကာအေလာင္းကိုပီနံအိတ္ျဖင့္ထည့္လ်က္ေျမတူးျမွဳပ္ႏွံခဲ့ၿပီး ဖုန္းႏွင့္အျခား သက္ေသခံပစၥည္းမ်ားကိုလည္း လႊင့္ပစ္ေဖ်ာက္ဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ထို႔ေၾကာင့္ သန္းေဇာ္ႏွင့္ႏွင္းပြင့္ျဖဴတို႔စံုတြဲကို ဟသၤာတၿမိဳ႕မရဲစခန္း၌ (ပ)၇၉/၂၀၁၆၊ပုဒ္မ၃၀၂ ျဖင့္အမႈဖြင့္ကာ ္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ အရတရား႐ုံး၌တရားစြဲတင္ပို႔ခဲ့သည္။ အမႈကို ၄ ႏွစ္နီးပါးၾကာစစ္ေဆးၾကားနာၿပီးေနာက္ ၂၀၂၀ ခုႏွစ္၊ ဇန္န၀ါရီလ ၁၃ ရက္၌ တရားခံမ်ားျဖစ္သည့္ က်န္းမာေရးမွဴးသန္းေဇာ္ကို ရာဇသတ္ႀကီးပုဒ္မ-၃၀၂(၁)(ခ)အရေသဒဏ္ (မေသမခ်င္းႀကိဳးကြင္းစြပ္သတ္ေစ) ႏွင့္ သူနာျပဳေက်ာင္းသူႏွင္းပြင့္ျဖဴအား ရာဇသတ္ႀကီးပုဒ္မ-၂၀၁(ပထမပိုင္း)အရ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ (၇)ႏွစ္အသီးသီးခ်မွတ္ခဲ့ေၾကာင္း ဟသၤာတခရိုင္တရား႐ုံး၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။
Image may contain: one or more people, child and outdoor
အကုန္သိ


Unicode





ညီဖြစ်သူအား ဆေးထိုးသတ်သည့်အစ်ကိုနှင့်ကြံရာပါအမျိုးသမီးတို့အား မသေမချင်းကြိုးကွင်းစွပ်သတ်ရန်နှင့် ထောင်ဒဏ် ၇ နှစ်တို့ချမှတ်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တက္ကသိုလ်အနောက်ဘက်၊ မြို့ရှောင်လမ်းတွင် ၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်၌ စစ်ကုန်းတိုက်နယ်၊ မရမ်းလေးကျေးရွာမူလတန်းပြကျောင်းဆရာကိုအေးနိုင်၏ပုပ်ပွနေသော ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါအမှုနှင့်ပတ်သက်၍ သေဆုံးသူနှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကျေးလက်ကျန်းမာရေးမှူးသန်းဇော်ကို တာဝန်ရှိသူများကမသင်္ကာသောကြောင့်ခေါ်ယူစစ်ဆေးခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချက်အရ သေဆုံးသူကျောင်းဆရာကိုအေးနိုင်နှင့်သူနာပြုသင်တန်းကျောင်းသူမနှင်းပွင့်ဖြူတို့မှာ ချစ်သူများဖြစ်ကြပြီး ၂ နှစ်အကြာ၌ကိုအေးနိုင်၏အစ်ကိုဝမ်းကွဲဖြစ်သူကျန်းမာရေးမှူးသန်းဇော်နှင့်နှင်းပွင့်ဖြူတို့ ထပ်မံချစ်ကြိုက်ခဲ့ကြရာ ယင်းဖြစ်စဉ်ကိုသိရှိသွားသည့်ကိုအေးနိုင်က အရက်မူးချိန်တိုင်း၌ စောင်းမြောင်းပြောဆိုလေ့ရှိကြောင်း သိရသည်။


ထို့ကြောင့် မခံမရပ်နိုင်ဖြစ်လာသည့်မနှင်းပွင့်ဖြူသည် သန်းဇော်နှင့်တိုင်ပင်ကာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကိုအေးနိုင်အား အခင်းဖြစ်နေရာသို့ချိန်းဆိုခေါ်ဆောင်လာပြီးနောက် ကိုအေးနိုင်၏လက်မောင်းသို့ Adrenaline ဆေးထိုးသတ်ကာအလောင်းကိုပီနံအိတ်ဖြင့်ထည့်လျက်မြေတူးမြှုပ်နှံခဲ့ပြီး ဖုန်းနှင့်အခြား သက်သေခံပစ္စည်းများကိုလည်း လွှင့်ပစ်ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ထို့ကြောင့် သန်းဇော်နှင့်နှင်းပွင့်ဖြူတို့စုံတွဲကို ဟင်္သာတမြို့မရဲစခန်း၌ (ပ)၇၉/၂၀၁၆၊ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့်ကာ ် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရတရားရုံး၌တရားစွဲတင်ပို့ခဲ့သည်။ အမှုကို ၄ နှစ်နီးပါးကြာစစ်ဆေးကြားနာပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၌ တရားခံများဖြစ်သည့် ကျန်းမာရေးမှူးသန်းဇော်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရသေဒဏ် (မသေမချင်းကြိုးကွင်းစွပ်သတ်စေ) နှင့် သူနာပြုကျောင်းသူနှင်းပွင့်ဖြူအား ရာဇသတ်ကြီးပုဒ်မ-၂၀၁(ပထမပိုင်း)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇)နှစ်အသီးသီးချမှတ်ခဲ့ကြောင်း ဟင်္သာတခရိုင်တရားရုံး၏ထုတ်ပြန်ချက်များအရသိရသည်။


အကုန်သိ