အီရတ္ႏိုင္ငံရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို ဇန္နဝါရီ ၈ ရက္တြင္ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ျခင္းသည္ စစ္ပြဲ တစ္ခု ေပၚေပါက္ေစရန္ ႀကိဳးပမ္းျခင္း မဟုတ္ဘဲ မိမိကိုယ္ မိမိကာကြယ္ျခင္း သာ ျဖစ္ေၾကာင္း အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ာဗက္ ဇာရစ္ဖ္က ထုတ္ျပန္ ေျပာလိုက္သည္။
Related image
ၿပီးခဲ့သည့္ အပတ္က အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆိုေလမာနီ ေသဆုံးမႈအတြက္ လက္တုန႔္ျပန္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ေၾကာင္း အီရန္က ဇန္နဝါရီ ၈ ရက္တြင္ ေျပာသည္။
Image result for iran foreign minister
အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ာဗက္ ဇာရစ္ဖ္က “ ခု ဒုံးက်ည္ တိုက္ခိုက္မႈက မိမိကိုယ္မိမိ ကာကြယ္ဖို႔အတြက္ သင့္ေတာ္တဲ့ အခ်ိဳးက် လုပ္ေဆာင္ခ်က္ေတြကို အီရန္ဘက္ က လုပ္ခဲ့တာ ျဖစ္ပါတယ္၊ ခု တိုက္ခိုက္ခဲ့တဲ့ အေျခစိုက္ စခန္းဆီကေန ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြ၊ အဆင့္ျမင့္ တာဝန္ရွိ သူေတြအေပၚ သူရဲေဘာေၾကာင္တဲ့ တိုက္ခိုက္မႈေတြ လုပ္လာႏိုင္တဲ့ အတြက္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တဲ့အေနနဲ႔ ဒီစခန္း ေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ တာပါ” ဟု တြစ္တာကေနတဆင့္ ေျပာသြားသည္။
Image result for iran foreign minister
“ တင္းမာမႈေတြ ျမင့္တက္လာေအာင္ ဒါမွမဟုတ္ စစ္ပြဲျဖစ္လာေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းတာ မဟုတ္ပါဘူး၊ ဒါေပမယ့္ ရန္လိုမႈေတြကေန ကိုယ့္ကိုယ္ကိုယ္ ကာကြယ္သြားရမွာပဲ ျဖစ္ပါတယ္” ဟု ၎က ေျပာသြားသည္။
မဇၨ်ိမ


Unicode



အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ခြင်းက စစ်ပွဲစရန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဟု အီရန်ပြော


အီရတ်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် စစ်ပွဲ တစ်ခု ပေါ်ပေါက်စေရန် ကြိုးပမ်းခြင်း မဟုတ်ဘဲ မိမိကိုယ် မိမိကာကွယ်ခြင်း သာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က ထုတ်ပြန် ပြောလိုက်သည်။



ပြီးခဲ့သည့် အပတ်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှုအတွက် လက်တုန့်ပြန်မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း အီရန်က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။



အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က “ ခု ဒုံးကျည် တိုက်ခိုက်မှုက မိမိကိုယ်မိမိ ကာကွယ်ဖို့အတွက် သင့်တော်တဲ့ အချိုးကျ လုပ်ဆောင်ချက်တွေကို အီရန်ဘက် က လုပ်ခဲ့တာ ဖြစ်ပါတယ်၊ ခု တိုက်ခိုက်ခဲ့တဲ့ အခြေစိုက် စခန်းဆီကနေ ကျွန်တော်တို့ နိုင်ငံသားတွေ၊ အဆင့်မြင့် တာဝန်ရှိ သူတွေအပေါ် သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ဒီစခန်း တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာပါ” ဟု တွစ်တာကနေတဆင့် ပြောသွားသည်။



“ တင်းမာမှုတွေ မြင့်တက်လာအောင် ဒါမှမဟုတ် စစ်ပွဲဖြစ်လာအောင် ကျွန်တော်တို့ ကြိုးပမ်းတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရန်လိုမှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

မဇ္ဇျိမ