
ခရီးသည္ ၁၈၀ လိုက္ပါလာတဲ့ ယူကရိန္းက ဘိုးအင္း 737 ေလယာဥ္ဟာ ဇန္နဝါရီ ၈ ရက္ေန႕ မနက္အေစာပိုင္းမွာ အီရန္နိုင္ငံတြင္း ပ်က္က်ခဲ့တယ္လို႔ ျပည္တြင္းမီဒီယာမွာ ေဖာ္ျပေနၾကပါတယ္
ယူကရိန္းနိုင္ငံတကာေလေၾကာင္းလိုင္းပိုင္ ေလယာဥ္ဟာ အီရန္နိုင္ငံ တဟီရန္ၿမိဳ႕ေတာ္ အီမန္ခုမ္မီနီေလယာဥ္ကြင္းကေန ပ်ံတက္ၿပီးၿပီးခ်င္းမွာပဲ ပ်က္က်ခဲ့တာလို႔ နိုင္ငံပိုင္ Fars သတင္းဌာနက ေျပာပါတယ္။

ဒီေလယာဥ္ဟာ ကနဦးကေတာ့ အီရန္နိုင္ငံကေန ယူကရိန္းၿမိဳ႕ေတာ္ ကီယက္ဗ္ကို ထြက္ခြာဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။
အီရန္ ၾကက္ေျခနီအဖြဲ႕ေခါင္းေဆာင္ကေတာ့ ေလယာဥ္ပ်က္က်မႈမွာ တစ္ဦးတစ္ေယာက္မွ အသက္ရွင္နိုင္ဖြယ္ မရွိဘူး လို႔ နိုင္ငံပိုင္မီဒီယာကို ေျပာပါတယ္။ေလယာဥ္ပ်က္က်မႈဟာ အီရန္နဲ႕ အေမရိကန္အၾကား စစ္ေရး တင္းမာမႈနဲ႕ ဆက္စပ္သလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး

ေလယာဥ္ပ်က္က်မႈဟာ အီရန္နဲ႕ အေမရိကန္အၾကား စစ္ေရး တင္းမာမႈနဲ႕ ဆက္စပ္သလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
အခုေတာ့ ေလယာဥ္ပ်က္က်ခဲ့တဲ့ ေလဆိပ္နားကို ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။
“ကယ္ဆယ္ေရးအဖြဲ႕ေတြ ေရာက္ေတာ့ ေလယာဥ္က မီးေလာင္ေနပါၿပီ၊ ခရီးသည္ တခ်ိဳ႕ကိုေတာ့ ကြၽန္ေတာ္တို႔ ကယ္တင္နိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ အီရန္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ ေခါင္းေဆာင္ Pirhossein Koulivand က နိုင္ငံပိုင္႐ုပ္သံသတင္းဌာနကေန တဆင့္ေျပာၾကားခဲ့တယ္လို႔ ရိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
ဘီဘီစီ
လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိလို့ အီရန်ကြက်ခြေနီအဖွဲ့ခေါင်းဆောင် ပြော
ခရီးသည် ၁၈၀ လိုက်ပါလာတဲ့ ယူကရိန်းက ဘိုးအင်း 737 လေယာဉ်ဟာ ဇန်နဝါရီ ၈ ရက်နေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံတွင်း ပျက်ကျခဲ့တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြနေကြပါတယ်
ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ အီရန်နိုင်ငံ တဟီရန်မြို့တော် အီမန်ခုမ်မီနီလေယာဉ်ကွင်းကနေ ပျံတက်ပြီးပြီးချင်းမှာပဲ ပျက်ကျခဲ့တာလို့ နိုင်ငံပိုင် Fars သတင်းဌာနက ပြောပါတယ်။
ဒီလေယာဉ်ဟာ ကနဦးကတော့ အီရန်နိုင်ငံကနေ ယူကရိန်းမြို့တော် ကီယက်ဗ်ကို ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အီရန် ကြက်ခြေနီအဖွဲ့ခေါင်းဆောင်ကတော့ လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိဘူး လို့ နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး
လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုတော့ လေယာဉ်ပျက်ကျခဲ့တဲ့ လေဆိပ်နားကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တော့ လေယာဉ်က မီးလောင်နေပါပြီ၊ ခရီးသည် တချို့ကိုတော့ ကျွန်တော်တို့ ကယ်တင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Pirhossein Koulivand က နိုင်ငံပိုင်ရုပ်သံသတင်းဌာနကနေ တဆင့်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘီဘီစီ
0 Comments