
တိုင္႐ြန္ဟာ Europe ခရီးစဥ္မွာ ပါဝင္ဖို႔အတြက္ ျငင္းဆိုလိုက္ရတဲ့ အလုပ္ေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ အခုေတာ့ ဒီခရီးစဥ္ျပတ္သြားတာေၾကာင့္ နစ္နာဆုံးရႈံးမႈေတြ အမ်ားႀကီးပဲလို႔ ဆိုပါတယ္။

တိုင္႐ြန္ကေတာ့ Europe ခရီးစဥ္မွာ ပါဝင္ဖို႔ လက္ခံလိုက္တဲ့ အခ်ိန္မွာ တစ္ဖက္မွာ႐ိုက္ကူးေနတဲ့ “တစစ္တမက္” ႐ုပ္ရွင္ဇာတ္ကားအတြက္ ဇာတ္ဝင္ခန္းေတြ ႐ိုက္ကူးဖို႔ အခ်ိန္ေတြ နစ္နာသြားခဲ့ရတယ္လို႔ ဆိုပါတယ္။ သူ႔အတြက္ နစ္နာမႈေတြရွိခဲ့တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္က အခုဆိုရင္ ေမာင္ေဖခင္ ကာ႐ိုက္တာကို ၂ ပိုင္းစလုံး႐ိုက္ရမွာေပါ့ေနာ္။ ကြၽန္ေတာ္လည္း ေခါင္းေဆာင္ျဖစ္ေနေတာ့ ခရီးစဥ္ကို လိုက္ခ်င္လြန္းလို႔ ပထမ တစ္ပိုင္းပဲ လက္ခံၿပီးေတာ့ ေနာက္တစ္ပိုင္းကို မ႐ိုက္ဘူးဆိုၿပီးေတာ့ အကန္ႀကီး ျငင္းလႊတ္လိုက္ၿပီးေတာ့ ဒီလိုမ်ိဳးျဖစ္သြားတာေပါ့ေနာ္။ မသင္ဇာက လမ္း လုံးဝ မေလွ်ာက္ႏိုင္ေတာ့ ခရီးစဥ္ဖ်က္လိုက္ရတာပါ” လို႔ ဆိုပါတယ္။

တိုင္႐ြန္ဟာ “The Travellers” အစီအစဥ္မွာ ပါဝင္ဖို႔ ကမ္းလွမ္းခံထားရတာျဖစ္ၿပီး ဒီခရီးစဥ္မွာ စိတ္ဝင္စားစရာေတြ ရွိလာဖို႔ ေမွ်ာ္လင့္တယ္ဆိုတာကိုလည္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။ Europe ခရီးစဥ္ကို လည္း ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလအတြင္းမွာ စတင္မယ္လို႔လည္း သိရပါတယ္။ ဒီခရီးစဥ္ကိုေတာ့ Passionate Traveller ကုမၼဏီက စီစဥ္႐ိုက္ကူးတာျဖစ္ၿပီး ဥေရာပႏိုင္ငံေတြထဲကမွ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္မယ္လို႔ သိရပါတယ္။ ဒီအစီအစဥ္ကိုလည္း Mntv ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ တိုင္႐ြန္ဟာ Europe ခရီးစဥ္ကို မသြားျဖစ္ေတာ့တာေၾကာင့္ အႏုပညာနဲ႔ပတ္သက္ၿပီး လႈပ္ရွားမႈေတြ သိပ္မေသးဘူးလို႔ သိရပါတယ္။ ခရီးစဥ္ေၾကာင့္ ျငင္းဆိုခဲ့ရတဲ့ အလုပ္ေတြလည္း ရွိခဲ့ေသးတယ္ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔က မိုက္မဲခ်စ္ ႐ုပ္ရွင္ဇာတ္ကား အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

“ ေလာေလာဆယ္ေတာ့ အႏုပညာလႈပ္ရွားမႈေတြ မရွိေသးပါဘူး။ စီစဥ္ထားၿပီးသား အရာေတြ အကုန္လုံးက ပ်က္သြားၿပီေလ။ အဓိက က ကြၽန္ေတာ္နဲ႔သူနဲ႔ ကုမၸဏီကေနၿပီးေတာ့ စပြန္ဆာေတာင္းထားတာေတြ အမ်ားႀကီးရွိတယ္ဆိုေတာ့ သူနဲ႔ ကြၽန္ေတာ္ႏွစ္ေယာက္ကို ေပးထားတာျဖစ္တဲ့အတြက္ မသင္ဇာက မလိုက္တဲ့အခါက်ေတာ့ ကုမၸဏီဘက္ေတြနဲ႔ စကားေျပာစရာေတြ အမ်ားႀကီးျဖစ္လာတယ္။ အဲဒါေတြကို ေခါင္းမစားခ်င္ေတာ့လို႔ ကြၽန္ေတာ္လည္း မသြားခ်င္ေတာ့ဘူးဆိုၿပီးေတာ့ နားလိုက္တာပါ” လို႔ သူကေျပာပါတယ္။

တိုင္႐ြန္ဟာ ပရိသတ္ေတြအတြက္ စံျပတစ္ေယာက္ျဖစ္ေအာင္ အေကာင္းဆုံး ႀကိဳးစားၿပီး ေနထိုင္တယ္လို႔ ဆိုပါတယ္။ သူ႔အေနနဲ႔အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီးေတာ့လည္း အႏုပညာအလုပ္ေတြနဲ႔ အတူ ပရဟိတအလုပ္ေတြကိုလည္း စြမ္းစြမ္းတမံ ေဆာင္႐ြက္သြားမယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။သူဟာ အႏုပညာေလာကထဲကို Model တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့လူငယ္ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ ေနပါၿပီ။ သ႐ုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္လို႔ေတာ့ ေအာက္ေျခသိမ္းကစၿပီး ႀကိဳးစားလာတဲ့ လူငယ္အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္
Unicode
သင်ဇာနဲ့သွားဖို့ စီစဉ်ထားတဲ့ ဥရောပခရီးစဉ် ပျက်သွားလို့ နစ်နာမှုတွေ ရှိခဲ့တဲ့ တိုင်ရွန်
တိုင်ရွန်ဟာ Europe ခရီးစဉ်မှာ ပါဝင်ဖို့အတွက် ငြင်းဆိုလိုက်ရတဲ့ အလုပ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ဒီခရီးစဉ်ပြတ်သွားတာကြောင့် နစ်နာဆုံးရှုံးမှုတွေ အများကြီးပဲလို့ ဆိုပါတယ်။
တိုင်ရွန်ကတော့ Europe ခရီးစဉ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ အချိန်မှာ တစ်ဖက်မှာရိုက်ကူးနေတဲ့ “တစစ်တမက်” ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့ အချိန်တွေ နစ်နာသွားခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့အတွက် နစ်နာမှုတွေရှိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ကျွန်တော်က အခုဆိုရင် မောင်ဖေခင် ကာရိုက်တာကို ၂ ပိုင်းစလုံးရိုက်ရမှာပေါ့နော်။ ကျွန်တော်လည်း ခေါင်းဆောင်ဖြစ်နေတော့ ခရီးစဉ်ကို လိုက်ချင်လွန်းလို့ ပထမ တစ်ပိုင်းပဲ လက်ခံပြီးတော့ နောက်တစ်ပိုင်းကို မရိုက်ဘူးဆိုပြီးတော့ အကန်ကြီး ငြင်းလွှတ်လိုက်ပြီးတော့ ဒီလိုမျိုးဖြစ်သွားတာပေါ့နော်။ မသင်ဇာက လမ်း လုံးဝ မလျှောက်နိုင်တော့ ခရီးစဉ်ဖျက်လိုက်ရတာပါ” လို့ ဆိုပါတယ်။
တိုင်ရွန်ဟာ “The Travellers” အစီအစဉ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပြီး ဒီခရီးစဉ်မှာ စိတ်ဝင်စားစရာတွေ ရှိလာဖို့ မျှော်လင့်တယ်ဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ Europe ခရီးစဉ်ကို လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်မယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်ကိုတော့ Passionate Traveller ကုမ္မဏီက စီစဉ်ရိုက်ကူးတာဖြစ်ပြီး ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုလည်း Mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုင်ရွန်ဟာ Europe ခရီးစဉ်ကို မသွားဖြစ်တော့တာကြောင့် အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ သိပ်မသေးဘူးလို့ သိရပါတယ်။ ခရီးစဉ်ကြောင့် ငြင်းဆိုခဲ့ရတဲ့ အလုပ်တွေလည်း ရှိခဲ့သေးတယ်ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Image may contain: 2 people
“ လောလောဆယ်တော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပါဘူး။ စီစဉ်ထားပြီးသား အရာတွေ အကုန်လုံးက ပျက်သွားပြီလေ။ အဓိက က ကျွန်တော်နဲ့သူနဲ့ ကုမ္ပဏီကနေပြီးတော့ စပွန်ဆာတောင်းထားတာတွေ အများကြီးရှိတယ်ဆိုတော့ သူနဲ့ ကျွန်တော်နှစ်ယောက်ကို ပေးထားတာဖြစ်တဲ့အတွက် မသင်ဇာက မလိုက်တဲ့အခါကျတော့ ကုမ္ပဏီဘက်တွေနဲ့ စကားပြောစရာတွေ အများကြီးဖြစ်လာတယ်။ အဲဒါတွေကို ခေါင်းမစားချင်တော့လို့ ကျွန်တော်လည်း မသွားချင်တော့ဘူးဆိုပြီးတော့ နားလိုက်တာပါ” လို့ သူကပြောပါတယ်။
တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်
0 Comments