
မင္းသမီးကို ဇာတ္စင္ေပၚဆုတက္ေရာက္ခ်ီးျမွင့္ရာမွ မေက်နပ္မႈျဖစ္ပြားၾကသျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္စာရြက္စာတမ္းမ်ားကို မီးရိႈ႕မႈျဖစ္စဥ္တစ္ခု ဘုတ္ျပင္းၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။
တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ ခဲေခ်ာင္းေက်းရြာ၌ ဇန္န၀ါရီလ ၇ ရက္၊ ညေန ၅ နာရီတြင္ကျပေဖ်ာ္ေျဖသည္ ဇာတ္ပြဲ၌မင္းသမီးကို ဆုတက္ေရာက္ခ်ီးျမွင့္သည့္ ပြဲၾကည့္ပရိသတ္ႏိုင္ကို ဆိုသူကို ဦးေအာင္သြင္ဆိုသူက ဇာတ္စင္ေပၚမွဆြဲခ်လိုက္ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ယင္းသို႔ အရွက္ခြဲခဲ့သည့္အတြက္မေက်နပ္ေသာေၾကာင့္ ႏိုင္ကိုႏွင့္အေပါင္းအပါစုစုေပါင္း ၄ ဦးတို႔သည္ ဦးေအာင္သြင္၏ေနအိမ္သို႔သြားေရာက္ကာ Aerolex ၆ ဘီးယာဥ္(လိုင္စင္ရွိ)ကို မီးရိႈ႕ထားခဲ့ေၾကာင္း၊ ယင္းအတြက္ေၾကာင့္ ယာဥ္ဦးေခါင္းပိုင္းႏွင့္ စာရြက္စာတမ္းအခ်ိဳ႕တို႔ မီးေလာင္ပ်က္စီးသြားခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေရးယူေပးရန္ဦးေအာင္သြင္ကတုိင္တန္းသျဖင့္ ႏိုင္ကို(၂၄)ႏွစ္ပါ အမ်ိဳးသား ၄ ဦးတို႔ကို ဖမ္းဆီးၿပီး ျပည္ႀကီးမ႑ိဳင္နယ္ေျမရဲစခန္း၌ (ပ)၄/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ – ၄၃၅(မီး/ ေပါက္ကြဲေစတတ္ေသာအရာျဖင့္ အက်ိဳးဖ်က္ဆီးမႈ)ျဖင့္ အမႈဖြင့္ကာႏွစ္ဖက္ကို အျပန္အလွန္စစ္ေဆးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။
Unicode
မင်းသမီးကို ဇာတ်စင်ပေါ်ဆုတက်ရောက်ချီးမြှင့်ရာမှ မကျေနပ်မှုဖြစ်ပွားကြသဖြင့် မော်တော်ယာဉ်နှင့်စာရွက်စာတမ်းများကို မီးရှို့မှုဖြစ်စဉ်တစ်ခု ဘုတ်ပြင်းမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ခဲချောင်းကျေးရွာ၌ ဇန်နဝါရီလ ၇ ရက်၊ ညနေ ၅ နာရီတွင်ကပြဖျော်ဖြေသည် ဇာတ်ပွဲ၌မင်းသမီးကို ဆုတက်ရောက်ချီးမြှင့်သည့် ပွဲကြည့်ပရိသတ်နိုင်ကို ဆိုသူကို ဦးအောင်သွင်ဆိုသူက ဇာတ်စင်ပေါ်မှဆွဲချလိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
Image may contain: 1 person, standing
ယင်းသို့ အရှက်ခွဲခဲ့သည့်အတွက်မကျေနပ်သောကြောင့် နိုင်ကိုနှင့်အပေါင်းအပါစုစုပေါင်း ၄ ဦးတို့သည် ဦးအောင်သွင်၏နေအိမ်သို့သွားရောက်ကာ Aerolex ၆ ဘီးယာဉ်(လိုင်စင်ရှိ)ကို မီးရှို့ထားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ယာဉ်ဦးခေါင်းပိုင်းနှင့် စာရွက်စာတမ်းအချို့တို့ မီးလောင်ပျက်စီးသွားခဲ့သည်။
No photo description available.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူပေးရန်ဦးအောင်သွင်ကတိုင်တန်းသဖြင့် နိုင်ကို(၂၄)နှစ်ပါ အမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးပြီး ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်း၌ (ပ)၄/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ – ၄၃၅(မီး/ ပေါက်ကွဲစေတတ်သောအရာဖြင့် အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့်ကာနှစ်ဖက်ကို အပြန်အလှန်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
0 Comments