
လက္နက္ကိုင္တိုက္ခိုက္တာေတြ မ်ားလာတဲ့အေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးလိုက္ပါတယ္။အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာ ဇန္နဝါရီ ၈ ေန႔ကျပဳလုပ္တဲ့ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္အေကာင္အထည္ေဖာ္ေရး ညႇိႏႈိင္းအစည္းအေဝး (JICM) အဖြင့္မိန႔္ခြန္းမွာ အခုလို သတိေပးေျပာဆိုလိုက္တာပါ။
“မေမွ်ာ္လင့္ဘဲ လက္နက္ကိုင္ တိုက္ခိုက္မႈေတြ မ်ားလာတဲ့ကိစၥနဲ႔ပတ္သက္လို႔လည္း က်မတို႔ အေနနဲ႔ သတိေပးခ်င္ပါတယ္။ လက္နက္ကိုင္ၿပီး အားသာခ်က္ယူတာမ်ိဳး၊ ေျဖရွင္းခ်က္ အသစ္ေတြ ကို စိတ္ကူးယဥ္တာမ်ိဳးေတြနဲ႔ က်မတို႔ ႏိုင္ငံျပႆနာကို ေျဖရွင္းလို႔ မရႏိုင္ပါဘူး”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။လက္နက္ကိုင္ပဋိပကၡေတြရဲ႕ ဆိုးက်ိဳးေတြဟာ မ်က္ျမင္ကိုယ္ေတြ႕ သက္ေသျပေနသလို မျမင္ရတဲ့ ဆိုးက်ိဳးအေနနဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသခံတိုင္းရင္းသားေဒသခံေတြရဲ႕ အနာဂတ္ေတြ ေမွးမွိန္ေပ်ာက္ကြယ္သြားေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။
ဒါအျပင္ NCA စာခ်ဳပ္ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာလည္း ကိုယ္သေဘာက်တဲ့ အပိုင္းကိုပဲ အေကာင္အထည္ေဖာ္ၿပီး သေဘာမက်ရင္ အေကာင္အထည္မေဖာ္တာမ်ိဳးေတြကို ေရွာင္ၾကဥ္ဖို႔လည္း အတိုင္ပင္ခံက သတိေပးခဲ့ပါတယ္။“အစုအဖြဲ႕ တစ္ဖြဲ႕ဖြဲ႕က ဒီလို ပုံစံမ်ိဳးလိုခ်င္တာကိုပဲ ကြက္ၿပီးယူမယ္၊ မႀကိဳက္တာဆိုရင္ ေရွာင္လႊဲေနမယ္ဆိုရင္ က်န္တဲ့အစုအဖြဲ႕ေတြ အားလုံးမွာလည္း အခက္အခဲေတြျဖစ္လာေစၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အက်ပ္အတည္းေတြ ဆက္တိုက္ျဖစ္ေပၚလာေစႏိုင္ပါတယ္။ စာခ်ဳပ္ေပၚမွာ ေရးထိုးထားတဲ့လက္မွတ္ေတြဟာ ကတိသစၥာ တည္ၾကည္မႈနဲ႔ မွန္ကန္ေျဖာင့္မတ္မႈ ကို ကိုယ္စားျပဳပါတယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
ဒီေန႔ျပဳလုပ္တဲ့ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္အေကာင္အထည္ ေဖာ္ေရး ညႇိႏႈိင္းအစည္းအေဝး (JICM) မွာ အခ်က္ ၈ ခ်က္ကို သေဘာတူညီႏိုင္ခဲ့ၾကသလို ၂၁ ရာစုပင္လုံညီလာခံကို ၂၀၂၀ ျပည့္ႏွစ္ ပထမေလးလပတ္ထဲမွာ ျပဳလုပ္ႏိုင္ဖို႔ အၾကမ္းဖ်င္းသေဘာတူညီ ခဲ့ၾကတယ္လို႔ သိရပါတယ္။
၈ ႀကိမ္ေျမာက္ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္ေရး ညႇိႏႈိင္းအစည္းအေဝး (JICM) ကို ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕၊ တပ္မေတာ္နဲ႔ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕က ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။
ဒီဗြီဘီ
Unicode
လက်နက်ကိုင်တိုက်ခိုက်မှု များလာသည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
လက်နက်ကိုင်တိုက်ခိုက်တာတွေ များလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဇန်နဝါရီ ၈ နေ့ကပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ အခုလို သတိပေးပြောဆိုလိုက်တာပါ။
“မမျှော်လင့်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျမတို့ အနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေ ကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ ကျမတို့ နိုင်ငံပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေဟာ မျက်မြင်ကိုယ်တွေ့ သက်သေပြနေသလို မမြင်ရတဲ့ ဆိုးကျိုးအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသခံတိုင်းရင်းသားဒေသခံတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်ပြီး သဘောမကျရင် အကောင်အထည်မဖော်တာမျိုးတွေကို ရှောင်ကြဉ်ဖို့လည်း အတိုင်ပင်ခံက သတိပေးခဲ့ပါတယ်။“အစုအဖွဲ့ တစ်ဖွဲ့ဖွဲ့က ဒီလို ပုံစံမျိုးလိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေဖြစ်လာစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့လက်မှတ်တွေဟာ ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှု ကို ကိုယ်စားပြုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) မှာ အချက် ၈ ချက်ကို သဘောတူညီနိုင်ခဲ့ကြသလို ၂၁ ရာစုပင်လုံညီလာခံကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်ထဲမှာ ပြုလုပ်နိုင်ဖို့ အကြမ်းဖျင်းသဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။
၈ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီဗွီဘီ
0 Comments