အစၥဏီကို တရားလိုစူးရွထက္ဘက္က ေၾကေအးေပးခဲ့ေပမယ့္ ရာဇဝတ္က်င့္ထုံး ဥပေဒအရ လႊတ္ေပးလို႔ရတဲ့ အေနအထား မရွိတဲ့အေၾကာင္း တာေမြတရား႐ုံးက ျပန္ၾကားေရးအရာရွိက ေျပာခဲ့ပါတယ္။ အခုလို ျပစ္ဒဏ္ေပးလိုက္ရျခင္းကလည္း လူငယ္ေတြကို အတုယူမမွားေအာင္ စံနမူနာအျဖစ္ ေဆာင္႐ြက္ခဲ့တာလို႔ ဆိုပါတယ္။
Related image
အဆိုေတာ္ အစၥဏီကို ေထာင္(၇) ႏွစ္ခ်မွတ္လိုက္တဲ့အေပၚ တာေမြတရား႐ုံးက ျပန္ၾကားေရးအရာရွိ ဦးဝင္းေဇာ္ဦးက မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။ အစၥဏီရဲ႕ အမႈကို တရားလို စူးရွထက္က ၂၀၁၉ ခုႏွစ္၊ ေမလ အတြင္းမွာ ေၾကေအးခဲ့ေပမယ့္ လႊတ္ေပးလို႔ မရတဲ့ အေနအထားေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။
Image result for အစၥဏီ
“ အမႈေၾကေအးလႊာကို တရားလိုဘက္ တင္တာကို ကြၽန္ေတာ္တို႔လက္ခံပါတယ္။ ဥပေဒအရ လုပ္ေပးႏိုင္တဲ့ အေနအထားမ်ိဳးေတာ့ မဟုတ္ဘူး။ ဒါဟာ ၿမိဳ႕နယ္ဥပေဒ႐ုံးကို လိပ္မူၿပီးတင္ရတာပါ။ ၿမိဳ႕နယ္ ဥပေဒ႐ုံးကေနမွတဆင့္ သက္ဆိုင္ရာေတြကို ေမးပါလိမ့္မယ္။ ဒီအမႈကို ႐ုတ္သိမ္းခြင့္ျပဳသင့္ပါတယ္ဆိုၿပီးေတာ့ သူတို႔ထင္မွ ႐ုတ္သိမ္းခြင့္ျပဳသင့္တဲ့အေၾကာင္း ကြၽန္ေတာ္တို႔ကို ေလွ်ာက္ရတာ။ အဲဒီေတာ့မွ ဥပေဒနဲ႔ညီၫြတ္တယ္၊ အလားတူျပစ္မႈ မေျမာက္ႏိုင္ဘူးဆိုၿပီးေတာ့ ႐ုတ္သိမ္းခြင့္ျပဳလိုက္တာ။ အခုက အဲဒီအဆင့္ထိကို ေရာက္မလာဘူး။ ႐ုတ္သိမ္းခြင့္ျပဳတယ္ဆိုတာကို ကြၽန္ေတာ္တို႔ကို မိတၳဳလာေပးသြားတာပဲရွိတာ။ ရာဇဝတ္က်င့္ထုံး ပုဒ္မ ၄၉၄ အရ ေဆာင္႐ြက္လို႔ရတဲ့အေနအထားမွာ မရွိဘူး။ တကယ္လို႔သာ ေဆာင္႐ြက္ခြင့္ရခဲ့တယ္ဆိုရင္ အေျဖက တစ္မ်ိဳးျဖစ္သြားႏိုင္ပါတယ္” လို႔ ဆိုပါတယ္။
Related image
လက္ရွိမွာလည္း အစၥဏီရဲ႕ ျပစ္မႈအေပၚ လူငယ္ေတြ အတုယူ မမွားေစဖို႔ ေဆာင္႐ြက္လိုက္ရျခင္းျဖစ္တ ယ္လို႔လည္း ဦးဝင္းေဇာ္ဦးက ဆက္လက္ ေျပာျပလာပါတယ္။
Related image
“ အဆိုေတာ္အစၥဏီဘက္ကလည္း အယူခံဝင္ခြင့္ရတယ္။ သူ႔ရဲ႕ အခြင့္အေရးေတြလည္း မဆုံးရႈံးပါဘူး။ တစ္ေယာက္ကို နစ္နာေစဆိုတဲ့ စိတ္နဲ႔ ေထာင္ခ်လိုက္တာမဟုတ္ဘူး။ လူငယ္ေတြၾကားမွာ ေပၚပ်ဴလာ ျဖစ္ေနတဲ့ အတြက္ စံနမူနာျဖစ္ေအာင္ထားရမယ္။ ဒီလိုကေလးမ်ိဳးက ဒီလိုလုပ္ခဲ့တဲ့အေပၚ ျပစ္ဒဏ္ခ်တာ၊ လက္စားေခ်တာ မဟုတ္ပါဘူး။ သင့္ေတာ္တဲ့ျပစ္ဒဏ္မ်ိဳးကို အတုခိုးမမွားေအာင္ လုပ္ရတယ္။ ဒါေတာင္ ကြၽန္ေတာ္တို႔က ေလွ်ာ့ထားတာပါ။ ပုဒ္မ ၃၂၄ ဆိုရင္ ျပစ္ဒဏ္ ၃ ႏွစ္အထိခ်လို႔ရတယ္။ ပုဒ္မ ၃၂၃ ဆိုရင္ ၁ ႏွစ္အထိ ခ်လို႔ရတယ္။ ပုဒ္မ ၃၇၆ ကေတာ့ ၁၀ ႏွစ္အထိ ခ်လို႔ရပါတယ္။ဒါေပမယ့္ ျပစ္ဒဏ္အားလုံးေပါင္းကို ၇ ႏွစ္ခ်ၿပီးေတာ့ ေဆာင္႐ြက္ထားတာပါ” လို႔ သူကဆိုပါတယ္။
Image result for အစၥဏီ
အဆိုေတာ္ အစၥဏီကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႔က ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္ ဧၿပီလ ၁၂ ရက္ေန႔က စတင္အခ်ဳပ္က်ခဲ့တာ ျဖစ္ပါတယ္။ အမႈရင္ဆိုင္ေနရတာလည္း ၂ ႏွစ္နဲ႔ ၉ လရွိပါၿပီ။ ၂၀၁၈ ခုႏွစ္ ေမလ အတြင္းမွာေတာ့ အစၥဏီရဲ႕ ရည္းစားေဟာင္းျဖစ္သူ တရားလို ေမာ္ဒယ္လ္သ႐ုပ္ေဆာင္ စူးရွထက္က အမႈအေပၚ ျပန္လည္ေက်ေအးခဲ့ေပမယ့္ တရားဥပေဒ လုပ္ထုံး လုပ္နည္းအရ လႊတ္ေပးလို႔ မရေသးဘူးလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အစၥဏီအတြက္ မိသားစုဝင္ေတြ၊ အႏုပညာေမာင္ႏွမေတြ နဲ႔ ပရိသတ္မ်ားစြာတို႔က စိတ္မေကာင္းျဖစ္လို႔ ေနပါတယ္။
Image result for အစၥဏီ
ဆယ္လီရပ္ကြက္


Unicode



လူငယ်တွေ အတုခိုးမမှားအောင် သင့်တော်တဲ့ပြစ်ဒဏ်ချမှတ်ခဲ့တာပါဆိုတဲ့ ဦးဝင်းဇော်ဦး


အစ္စဏီကို တရားလိုစူးရှထက်ဘက်က ကြေအေးပေးခဲ့ပေမယ့် ရာဇဝတ်ကျင့်ထုံး ဥပဒေအရ လွှတ်ပေးလို့ရတဲ့ အနေအထား မရှိတဲ့အကြောင်း တာမွေတရားရုံးက ပြန်ကြားရေးအရာရှိက ပြောခဲ့ပါတယ်။ အခုလို ပြစ်ဒဏ်ပေးလိုက်ရခြင်းကလည်း လူငယ်တွေကို အတုယူမမှားအောင် စံနမူနာအဖြစ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။



အဆိုတော် အစ္စဏီကို ထောင်(၇) နှစ်ချမှတ်လိုက်တဲ့အပေါ် တာမွေတရားရုံးက ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ အစ္စဏီရဲ့ အမှုကို တရားလို စူးရှထက်က ၂၀၁၉ ခုနှစ်၊ မေလ အတွင်းမှာ ကြေအေးခဲ့ပေမယ့် လွှတ်ပေးလို့ မရတဲ့ အနေအထားတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။



“ အမှုကြေအေးလွှာကို တရားလိုဘက် တင်တာကို ကျွန်တော်တို့လက်ခံပါတယ်။ ဥပဒေအရ လုပ်ပေးနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ ဒါဟာ မြို့နယ်ဥပဒေရုံးကို လိပ်မူပြီးတင်ရတာပါ။ မြို့နယ် ဥပဒေရုံးကနေမှတဆင့် သက်ဆိုင်ရာတွေကို မေးပါလိမ့်မယ်။ ဒီအမှုကို ရုတ်သိမ်းခွင့်ပြုသင့်ပါတယ်ဆိုပြီးတော့ သူတို့ထင်မှ ရုတ်သိမ်းခွင့်ပြုသင့်တဲ့အကြောင်း ကျွန်တော်တို့ကို လျှောက်ရတာ။ အဲဒီတော့မှ ဥပဒေနဲ့ညီညွတ်တယ်၊ အလားတူပြစ်မှု မမြောက်နိုင်ဘူးဆိုပြီးတော့ ရုတ်သိမ်းခွင့်ပြုလိုက်တာ။ အခုက အဲဒီအဆင့်ထိကို ရောက်မလာဘူး။ ရုတ်သိမ်းခွင့်ပြုတယ်ဆိုတာကို ကျွန်တော်တို့ကို မိတ္ထုလာပေးသွားတာပဲရှိတာ။ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ အရ ဆောင်ရွက်လို့ရတဲ့အနေအထားမှာ မရှိဘူး။ တကယ်လို့သာ ဆောင်ရွက်ခွင့်ရခဲ့တယ်ဆိုရင် အဖြေက တစ်မျိုးဖြစ်သွားနိုင်ပါတယ်” လို့ ဆိုပါတယ်။



လက်ရှိမှာလည်း အစ္စဏီရဲ့ ပြစ်မှုအပေါ် လူငယ်တွေ အတုယူ မမှားစေဖို့ ဆောင်ရွက်လိုက်ရခြင်းဖြစ်တ ယ်လို့လည်း ဦးဝင်းဇော်ဦးက ဆက်လက် ပြောပြလာပါတယ်။



“ အဆိုတော်အစ္စဏီဘက်ကလည်း အယူခံဝင်ခွင့်ရတယ်။ သူ့ရဲ့ အခွင့်အရေးတွေလည်း မဆုံးရှုံးပါဘူး။ တစ်ယောက်ကို နစ်နာစေဆိုတဲ့ စိတ်နဲ့ ထောင်ချလိုက်တာမဟုတ်ဘူး။ လူငယ်တွေကြားမှာ ပေါ်ပျူလာ ဖြစ်နေတဲ့ အတွက် စံနမူနာဖြစ်အောင်ထားရမယ်။ ဒီလိုကလေးမျိုးက ဒီလိုလုပ်ခဲ့တဲ့အပေါ် ပြစ်ဒဏ်ချတာ၊ လက်စားချေတာ မဟုတ်ပါဘူး။ သင့်တော်တဲ့ပြစ်ဒဏ်မျိုးကို အတုခိုးမမှားအောင် လုပ်ရတယ်။ ဒါတောင် ကျွန်တော်တို့က လျှော့ထားတာပါ။ ပုဒ်မ ၃၂၄ ဆိုရင် ပြစ်ဒဏ် ၃ နှစ်အထိချလို့ရတယ်။ ပုဒ်မ ၃၂၃ ဆိုရင် ၁ နှစ်အထိ ချလို့ရတယ်။ ပုဒ်မ ၃၇၆ ကတော့ ၁၀ နှစ်အထိ ချလို့ရပါတယ်။ဒါပေမယ့် ပြစ်ဒဏ်အားလုံးပေါင်းကို ၇ နှစ်ချပြီးတော့ ဆောင်ရွက်ထားတာပါ” လို့ သူကဆိုပါတယ်။

Image result for အစ္စဏီ

အဆိုတော် အစ္စဏီကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က စတင်အချုပ်ကျခဲ့တာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရတာလည်း ၂ နှစ်နဲ့ ၉ လရှိပါပြီ။ ၂၀၁၈ ခုနှစ် မေလ အတွင်းမှာတော့ အစ္စဏီရဲ့ ရည်းစားဟောင်းဖြစ်သူ တရားလို မော်ဒယ်လ်သရုပ်ဆောင် စူးရှထက်က အမှုအပေါ် ပြန်လည်ကျေအေးခဲ့ပေမယ့် တရားဥပဒေ လုပ်ထုံး လုပ်နည်းအရ လွှတ်ပေးလို့ မရသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ အစ္စဏီအတွက် မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်များစွာတို့က စိတ်မကောင်းဖြစ်လို့ နေပါတယ်။



ဆယ်လီရပ်ကွက်