



ဘေဘီမောင်ကတော့ “မေမေ




မိုမိုလေး
Unicode
ညီအမတွေလိုဖြစ်နေတဲ့ မိခင်ဖြစ်သူရဲ့အလှကို ထုတ်ကြွားလိုက်တဲ့ ဘေဘီမောင်
မြန်မာဆန်လွန်းတဲ့ မျက်နှာကျလေးနဲ့ ထူးခြားတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာမို့ ပပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာမှာလည်း ထူးချွန်သူတစ်ဦးပါ။ အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေကို ဝေမျှပေးလေ့ရှိတဲ့ ဘေဘီမောင်ကတော့ လတ်တလောမှာတော့ သူမရဲ့မိခင်ဖြစ်သူနဲ့ ဆင်တူလေးဝတ်ပြီးဓါတ်ဖမ်းထားတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို နုတဲ့ ဘေဘီမောင်ရဲ့အမေကတော့ သမီးနဲ့ ညီအမတွေလိုဖြစ်နေတာမို့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက် အမေနဲ့ သမီး ညီအမတွေလိုဖြစ်နေတဲ့ မင်းသမီးချောလေး ဘေဘီမောင်နဲ့ သူမရဲ့မိခင်ဖြစ်သူတို့နှစ်ဦးရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဘေဘီမောင်ကတော့ “မေမေ🙏🏻မေမေအလှသမီးကြွားပါရစေ😘🙏🏻 ကိုယ်ကြီးလာရင် အမေလိုလေးပဲချောမှာနော်ခိခိ☺️ သမီးလိုချင်အမေကြည့်တဲ့😆😍” ဆိုပြီး သူမကြီးလာရင် အမေလိုပဲ ချောမှာ ဆိုပြီး သူမနဲ့ ညီအမလိုဖြစ်နေတဲ့ မိခင်ဖြစ်သူရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ပြောသလိုပဲ သူမရဲ့မိခင်က တကယ့်ကို ကျက်သရေရှိပြီး လှပတဲ့ အမျိုးသမီးပါပဲနော်။
ဆင်တူလေးတွေဝတ်ပြီး လှချင်တိုင်းလှနေကြတဲ့ ဘေဘီမောင်တို့ သားအမိနှစ်ယောက်…။
ဘေဘီမောင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုကို အချိန်ပေးရင်း၊ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း ပျော်နေတာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ ဘေဘီမောင်ကတော့ နောက်ပိုင်းမှာ ချစ်သူရေးပေးတဲ့ သီချင်းတွေကိုလည်း ဆိုဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ညီအမတွေလို အပြိုင်လှနေတဲ့ ဘေဘီမောင်တို့ သားအမိချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
မိုမိုလေး
0 Comments