
ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ေအာင္ျမင္(ခ) ေတာကြၽဲအင္းနယ္ေျမရဲစခန္းအပိုင္ ၾကာအင္းကုန္းေက်း႐ြာအုပ္စု အိုင္ တုံကြန္းအကြက္ အမွတ္(၁၃)ရွိ ဝန္ေခ်ာင္းအတြင္း ဇန္နဝါရီ ၁၀ ရက္ နံနက္ ၈နာရီခန္႔က ဆင္မ်ားေရခ်ေနစဥ္ ဆင္မွ စိတ္႐ိုင္းဘ ဝင္ကာ ဆင္ဦးစီးႏွစ္ဦးအား ဆင္မွနင္းသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဆင္ဦးစီးႏွစ္ဦး ဆင္နင္းသတ္ခံရမႈျဖစ္ပြားေၾကာင္း ၾကာအင္းကုန္း ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ျမင့္မွ ေအာင္ျမင္(ခ) ေတာကြၽဲအင္း နယ္ေျမရဲစခန္းသို႔ ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားခဲ့၍ ေခတၱစခန္းမွဴး ဒုရဲအုပ္ရီတင္ႏွင့္ တပ္ဖြဲ႔ဝင္မ်ား အုပ္ ခ်ဳပ္ေရးမွဴး ဦးေမာင္ျမင့္ႏွင့္ အသိသက္ေသမ်ားမွ အခင္းျဖစ္အရပ္သို႔သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ စစ္ေဆးခဲ့ရာ ဦးဝင္းလႈိင္ (၄၅)ႏွစ္(ဆင္ဦးစီး) ၾကာအင္းကုန္းေက်း႐ြာ ေက်ာက္တံခါးၿမိဳ႕နယ္ ေနသူအား လည္ပင္းျပတ္ လု နီး ပါးဒဏ္ရာတစ္ခ်က္ ဝမ္းဗိုက္ပြင့္ထြက္ ဒဏ္ရာတစ္ခ်က္ျဖင့္ ဝန္ေခ်ာင္းအတြင္းရွိေတာင္ ကမ္းပါးယံ အနီးတြင္လည္ေကာင္း ဦးေက်ာ္လင္း(၄၂)ႏွစ္ ဆင္ဦးစီးကိုလည္း ေသဆုံးေနသူ ဦးဝင္းလႈိင္အနီး ဆယ္ေပခန္႔အကြာရွိ ဝန္ေခ်ာင္းအတြင္းတြင္ နဖူးညိဳမဲ ဖူးေရာင္ဒဏ္ရာျဖင့္လည္းေကာင္း အသီးသီးေသဆုံး ေနသည္ကိုေတြ႔ရွိခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေမးျမန္းရာ ေသဆုံးသူဦးဝင္းလႈိင္မွ”ေစာေ႐ႊတိုး”အမည္ရွိ ဆင္အားလည္ေကာင္း ဦးေက်ာ္လင္းမွ “ျမင့္စိုး ဦး” အမည္ရွိဆင္အားလည္ေကာင္း ဝန္ေခ်ာင္းအတြင္း ေရခ်ေနစဥ္”ေစာေ႐ႊတိုး” အမည္ရွိဆင္မွာ စိတ္႐ိုင္းဝင္ကာ ရန္ျပဳခဲ့ၿပီး နင္း သတ္ခဲ့ေၾကာင္း ၾကာအင္းကုန္း ေက်း႐ြာအုပ္စု ကရင္တဲတိုက္ေနထိုင္သူ ေစာဘီထူး ေျပာျပခ်က္အရ သိရသည္။

ေသဆုံးသူ ဆင္ဦးစီးႏွစ္ဦး၏ ႐ုပ္အေလာင္းမ်ားအား ေအာင္ျမင္ၿမိဳ႕ ေမတၱာရွင္ လူမႈကူညီေရး အသင္းမွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေအာင္ျမင္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ေက်ာက္တံခါးၿမိဳ႕နယ္ေအာင္ျမင္(ခ)ေတာ ကြၽဲအင္းနယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၂၀ျဖင့္ ေရးဖြင့္ကာ ေခတၱစခန္းမွဴး ဒုရဲအုပ္ရီတင္မွ စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။
အကုန္သိ
Unicode
ကျောက်တံခါးမြို့နယ် ဝန်ချောင်းအတွင်း ဆင်ရေချစဉ် စိတ်ရိုင်းဝင်ကာ နင်းသတ်ခဲ့သည့်အတွက် ဆင်ဦးစီး (၂)ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်(ခ) တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ကြာအင်းကုန်းကျေးရွာအုပ်စု အိုင် တုံကွန်းအကွက် အမှတ်(၁၃)ရှိ ဝန်ချောင်းအတွင်း ဇန်နဝါရီ ၁၀ ရက် နံနက် ၈နာရီခန့်က ဆင်များရေချနေစဉ် ဆင်မှ စိတ်ရိုင်းဘ ဝင်ကာ ဆင်ဦးစီးနှစ်ဦးအား ဆင်မှနင်းသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Image result for ကျောက်တံခါးမြို့
ဆင်ဦးစီးနှစ်ဦး ဆင်နင်းသတ်ခံရမှုဖြစ်ပွားကြောင်း ကြာအင်းကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်မှ အောင်မြင်(ခ) တောကျွဲအင်း နယ်မြေရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့၍ ခေတ္တစခန်းမှူး ဒုရဲအုပ်ရီတင်နှင့် တပ်ဖွဲ့ဝင်များ အုပ် ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် အသိသက်သေများမှ အခင်းဖြစ်အရပ်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးခဲ့ရာ ဦးဝင်းလှိုင် (၄၅)နှစ်(ဆင်ဦးစီး) ကြာအင်းကုန်းကျေးရွာ ကျောက်တံခါးမြို့နယ် နေသူအား လည်ပင်းပြတ် လု နီး ပါးဒဏ်ရာတစ်ချက် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာတစ်ချက်ဖြင့် ဝန်ချောင်းအတွင်းရှိတောင် ကမ်းပါးယံ အနီးတွင်လည်ကောင်း ဦးကျော်လင်း(၄၂)နှစ် ဆင်ဦးစီးကိုလည်း သေဆုံးနေသူ ဦးဝင်းလှိုင်အနီး ဆယ်ပေခန့်အကွာရှိ ဝန်ချောင်းအတွင်းတွင် နဖူးညိုမဲ ဖူးရောင်ဒဏ်ရာဖြင့်လည်းကောင်း အသီးသီးသေဆုံး နေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
Image may contain: 2 people, people sitting and wedding
ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ သေဆုံးသူဦးဝင်းလှိုင်မှ”စောရွှေတိုး”အမည်ရှိ ဆင်အားလည်ကောင်း ဦးကျော်လင်းမှ “မြင့်စိုး ဦး” အမည်ရှိဆင်အားလည်ကောင်း ဝန်ချောင်းအတွင်း ရေချနေစဉ်”စောရွှေတိုး” အမည်ရှိဆင်မှာ စိတ်ရိုင်းဝင်ကာ ရန်ပြုခဲ့ပြီး နင်း သတ်ခဲ့ကြောင်း ကြာအင်းကုန်း ကျေးရွာအုပ်စု ကရင်တဲတိုက်နေထိုင်သူ စောဘီထူး ပြောပြချက်အရ သိရသည်။
Related image
သေဆုံးသူ ဆင်ဦးစီးနှစ်ဦး၏ ရုပ်အလောင်းများအား အောင်မြင်မြို့ မေတ္တာရှင် လူမှုကူညီရေး အသင်းမှ မော်တော်ယာဉ်များဖြင့် အောင်မြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျောက်တံခါးမြို့နယ်အောင်မြင်(ခ)တော ကျွဲအင်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂ဝဖြင့် ရေးဖွင့်ကာ ခေတ္တစခန်းမှူး ဒုရဲအုပ်ရီတင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အကုန်သိ
0 Comments