ရန္ကုန္၊ ဇန္နဝါရီ ၁၆
ေက်ာင္းတက္ရက္မ်ားတိုးျမႇင့္မႈအား ကန္႔ကြက္ရန္ အမ်ားျပည္သူ၏ လက္မွတ္မ်ားစတင္ေကာက္ခံေနရာ ပထမေန႔တြင္ လူဦးေရ ၂၀၀ နီးပါး လက္မွတ္ေရးထိုးခဲ့ေၾကာင္း အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။
ေက်ာင္းသားအဖြဲ႕အစည္းမ်ားႏွင့္ ဆရာအဖြဲ႕အစည္းမ်ားက ကန္႔ကြက္ေနၾကေသာ္လည္း ပညာေရးဝန္ႀကီးဌာနမွ ဆက္လက္အေကာင္အထည္ေဖာ္မည့္ အေျခခံပညာအတန္းမ်ား၏ ေက်ာင္းတက္ရက္တိုးျမႇင့္မႈအေပၚ ဆက္လက္ကန္႔ကြက္မႈမ်ားျပဳလုပ္ရန္အတြက္ ရန္ကုန္ၿမိဳ႕လူစည္ကားရာေနရာတစ္ခုျဖစ္သည့္ လွည္းတန္းစင္တာေရွ႕တြင္ ေက်ာင္းပိတ္ရက္တိုးျမႇင့္မႈအေပၚ ကန္႔ကြက္လိုပါက လက္မွတ္ေရးထိုးပါဝင္နိုင္သည့္ လႈပ္ရွားမႈတစ္ခုကို ဇန္နဝါရီလ ၁၅ ရက္ေန႔မွစတင္ျပဳလုပ္ေနၿပီး ၂၄ ရက္ေန႔အထိ ေကာက္ခံသြားမည္ျဖစ္သည္ဟု အဆိုပါ သမဂၢထံမွ သိရသည္။
“လက္မွတ္ေကာက္ခံၿပီးရင္ ပညာေရးဝန္ႀကီးဌာကိုတင္မွာပါ။ ဆရာ၊ ေက်ာင္းသား၊ မိဘ ကန္႔ကြက္ေနတာေတြကို သိေအာင္ပါ”ဟု အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢျဖစ္ေျမာက္ေရးေကာ္မတီမွ ဗဟိုေကာ္မတီဝင္ ကိုၿဖိဳးေဝေအာင္က ေျပာသည္။
ပညာေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ပညာေရးတကၠသိုလ္၊ ေကာလိပ္မ်ားမွ ေက်ာင္းသားသမဂၢမ်ားမွလည္း ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားျပဳလုပ္ၿပီး ကန္႔ကြက္ေနၾကေသာ္လည္း ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းတက္ရက္တိုးျမႇင့္မႈကို ျပင္ဆင္မည္မဟုတ္ပဲ ဆက္လက္အေကာင္အထည္ေဖာ္ရန္အတြက္ လုပ္ငန္းအစီအစဥ္အေသးစိတ္ကိုလည္း ထုတ္ျပန္ထားၿပီးျဖစ္သည္။
ေက်ာင္းတက္ရက္တိုးျမႇင့္မႈ အစီအစဥ္အရ စတုတၳတန္းႏွင့္အဌမတန္းတို႔သည္ အျခားအတန္းမ်ားထက္ ေႏြရာသီေက်ာင္းပိတ္ရက္ကို သုံးလခံစားရမည္ျဖစ္ၿပီး အျခားအတန္းမ်ားသည္ ႏွစ္လသာခံစားရမည္ျဖစ္သည္။

ေအာင္သက္ကို





Unicode





ကျောင်းတက်ရက်တိုးမြှင့်မှုကို ကန့်ကွက်ရန် လူထုလက်မှတ် စတင်ကောက်ခံ


ရန်ကုန်၊ ဇန်နဝါရီ ၁၆
ကျောင်းတက်ရက်များတိုးမြှင့်မှုအား ကန့်ကွက်ရန် အများပြည်သူ၏ လက်မှတ်များစတင်ကောက်ခံနေရာ ပထမနေ့တွင် လူဦးရေ ၂၀၀ နီးပါး လက်မှတ်ရေးထိုးခဲ့ကြောင်း အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ကျောင်းသားအဖွဲ့အစည်းများနှင့် ဆရာအဖွဲ့အစည်းများက ကန့်ကွက်နေကြသော်လည်း ပညာရေးဝန်ကြီးဌာနမှ ဆက်လက်အကောင်အထည်ဖော်မည့် အခြေခံပညာအတန်းများ၏ ကျောင်းတက်ရက်တိုးမြှင့်မှုအပေါ် ဆက်လက်ကန့်ကွက်မှုများပြုလုပ်ရန်အတွက် ရန်ကုန်မြို့လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းတန်းစင်တာရှေ့တွင် ကျောင်းပိတ်ရက်တိုးမြှင့်မှုအပေါ် ကန့်ကွက်လိုပါက လက်မှတ်ရေးထိုးပါဝင်နိုင်သည့် လှုပ်ရှားမှုတစ်ခုကို ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ပြုလုပ်နေပြီး ၂၄ ရက်နေ့အထိ ကောက်ခံသွားမည်ဖြစ်သည်ဟု အဆိုပါ သမဂ္ဂထံမှ သိရသည်။
“လက်မှတ်ကောက်ခံပြီးရင် ပညာရေးဝန်ကြီးဌာကိုတင်မှာပါ။ ဆရာ၊ ကျောင်းသား၊ မိဘ ကန့်ကွက်နေတာတွေကို သိအောင်ပါ”ဟု အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ဗဟိုကော်မတီဝင် ကိုဖြိုးဝေအောင်က ပြောသည်။
ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရေးတက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားသမဂ္ဂများမှလည်း ဖဲကြိုးစိမ်းလှုပ်ရှားမှုများပြုလုပ်ပြီး ကန့်ကွက်နေကြသော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတက်ရက်တိုးမြှင့်မှုကို ပြင်ဆင်မည်မဟုတ်ပဲ ဆက်လက်အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းအစီအစဉ်အသေးစိတ်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ကျောင်းတက်ရက်တိုးမြှင့်မှု အစီအစဉ်အရ စတုတ္ထတန်းနှင့်အဌမတန်းတို့သည် အခြားအတန်းများထက် နွေရာသီကျောင်းပိတ်ရက်ကို သုံးလခံစားရမည်ဖြစ်ပြီး အခြားအတန်းများသည် နှစ်လသာခံစားရမည်ဖြစ်သည်။

အောင်သက်ကို