မိုးေကာင္းၿမိဳ႕နယ္၊ ကၽြန္းေတာရပ္ကြက္၊ ကၽြန္းေတာတံတားအနီးမွာ ဒီေန႔မနက္ ၉ နာရီခြဲေလာက္က ေမာ္ေတာ္ယာဥ္တစီးက ဆိုင္ကယ္ ၂ စီးနဲ႔ ဓာတ္တိုင္အား ဆင့္ကဲတိုက္မႈ ျဖစ္ပြားခဲ့တယ္လို႔ ျမန္မာနိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။
ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္၊ မိုးေကာင္းၿမိဳ႕နယ္၊ ကၽြန္းေတာရပ္ကြက္၊ ကၽြန္းေတာတံတားအနီးမွာ မိုးေကာင္း-ၾကာအင္းကို ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ ၁ စီးဟာ ျပည္ေထာင္စုလမ္းမေပၚ လားရာတူေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ ၁ စီးနဲ႔ တိုက္မိၿပီး အရွိန္မထိန္းနိုင္ဘဲ မ်က္ႏွာခ်င္းဆိုင္လမ္းၾကားမွ ထြက္လာတဲ့ ဆိုင္ကယ္ ၁ စီးနဲ႔ ဓာတ္တိုင္အား ထပ္မံတိုက္မိမႈျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။
ယာဥ္တိုက္မႈျဖစ္ပြားရာကို မိုးေကာင္းၿမိဳ႕နယ္မီးသတ္စခန္း မီးသတ္တပ္ဖြဲ႕ဝင္ေတြက သြားေရာက္ကူညီေဆာင္ရြက္ခဲ့ၿပီး ဆိုင္ကယ္ေမာင္းႏွင္သူ က်ား ၁ ဦးနဲ႔ မ ၁ ဦး ထိခိုက္ဒဏ္ရာ(မစိုးရိမ္ရ) တို႔အား မိုးေကာင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ပါတယ္။
Unicode
မိုးကောင်းတွင် ယာဉ်တစီးက ဆိုင်ကယ်နှစ်စီးနှင့်ဓာတ်တိုင်အား ဆင့်ကဲတိုက်မှု ဖြစ်ပွား

မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတောတံတားအနီးမှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က မော်တော်ယာဉ်တစီးက ဆိုင်ကယ် ၂ စီးနဲ့ ဓာတ်တိုင်အား ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတောတံတားအနီးမှာ မိုးကောင်း-ကြာအင်းကို မောင်းနှင်လာတဲ့ မော်တော်ယာဉ် ၁ စီးဟာ ပြည်ထောင်စုလမ်းမပေါ် လားရာတူမောင်းနှင်လာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်လမ်းကြားမှ ထွက်လာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ ဓာတ်တိုင်အား ထပ်မံတိုက်မိမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာကို မိုးကောင်းမြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကျား ၁ ဦးနဲ့ မ ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
0 Comments