ဆိုင္မွာေစ်းႀကီးေပးဝယ္မစားပါနဲ႔ ။ ကိုယ္တိုင္အိမ္မွာ ၾကက္သားခ်ိဳခ်ဥ္ေၾကာ္အလြယ္တကူ ေၾကာ္စားနိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ၾကက္ရင္ပုံသား - ၁၅ က်ပ္သား
ၾကက္ဥ - ၁လုံး
ၾကက္သြန္နီ - ၁လုံး
ပန္းင႐ုတ္ပြ - ၁လုံး
ဥနီ (သို႔) ခရမ္းခ်ဥ္သီး - ၁လုံး
နာနာတ္သီး - ၁ စိတ္
ခ်င္းအမၽွင္ - အနည္းငယ္
ၾကက္သြန္ၿမိတ္ - ၃ ပင္ခန႔္
ခ်ိဳခ်ဥ္ေဆာ့စ္ရည္ - ၅ဇြန္း


ျပဳလုုပ္နည္း

ၾကက္သားကို အေနေတာ္ အတုံးေလးေတြ တုံးၿပီး အရသာ အနည္းငယ္နယ္ပါ ။
ၾကက္သြန္နီကို ေလးစိတ္ ခြဲၿပီး အလႊာေတြကို ဖြင့္ထုတ္ၿပီး ခြာပါ ။
အျခား အသီးအႏွံ ေတြကို ၾကက္သြန္နီ အရြယ္ ပမာဏေလာက္ လွီးထားပါ ။ ၾကက္သြန္ၿမိတ္ကို ၁ လကၼ အရြယ္ ပိုင္းျဖတ္ပါ။
အရသာ နယ္ထားတဲ့ ၾကက္သားကို ေၾကေအာင္ ေခါက္ထားတဲ့ ၾကက္ဥ အရည္ထဲ နစ္ၿပီး ဂ်ဳံမႈန႔္ေတြထဲ ကပ္လူးေပးပါ ။
ဆီပူပူမွာ ေရႊေရာင္ရေအာင္ ေၾကာ္ယူၿပီး ဆီစစ္ထားပါ ။
အျခား သန႔္တဲ့ ဒယ္အိုး တစ္လုံးကို ဆီအနည္းငယ္ျဖင့္ အပူေပးပါ ။
ဆီပူလာလၽွင္ ခ်င္းမၽွင္ေလးေတြကို ဆီသတ္ၿပီး အသီးအရြက္ေတြ ထည့္ေၾကာ္ပါ ။
အနည္းငယ္ ႏြမ္းသြားလၽွင္ ဆယ္ယူထားတဲ့ ၾကက္သားေၾကာ္ေတြ ထည့္ေပးပါ ။
ခ်ိဳခ်ဥ္ ေဆာ့စ္ရည္ ေလာင္းထည့္ပါ ။ ၾကက္သြန္ၿမိတ္ေလး ျဖဴးေပးပါ ။


ခ်ိဳခ်ဥ္ေဆာ့စ္ရည္ လုပ္နည္းေလး

ခရမ္းခ်ဥ္သီးေဆာ့စ္ – ၃ ဇြန္း
သၾကား – ၂ ဇြန္း
သဘာဝနာနတ္သီးအရည္ – ၃ဇြန္း
ပဲငံျပာရည္ – ၁ ဇြန္း
သံပုရာရည္ – ဇြန္းဝက္
ဆား – အနည္းငယ္
အထက္ပါ ပါဝင္ပစၥည္း အားလုံးကို ေရာၿပီး ေဆာ့စ္ရည္အျဖစ္ က်ိဳထားပါ ။

Photo and Credit : ျမန္မာနိုင္ငံအတြင္း အရသာရွိေသာ စားေသာက္ဖြယ္ရာမ်ား



Unicode



ကြက်သား ချိုချဉ်ကြော်




ဆိုင်မှာစျေးကြီးပေးဝယ်မစားပါနဲ့ ။ ကိုယ်တိုင်အိမ်မှာ ကြက်သားချိုချဉ်ကြော်အလွယ်တကူ ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား - ၁၅ ကျပ်သား
ကြက်ဥ - ၁လုံး
ကြက်သွန်နီ - ၁လုံး
ပန်းငရုတ်ပွ - ၁လုံး
ဥနီ (သို့) ခရမ်းချဉ်သီး - ၁လုံး
နာနာတ်သီး - ၁ စိတ်
ချင်းအမျှင် - အနည်းငယ်
ကြက်သွန်မြိတ် - ၃ ပင်ခန့်
ချိုချဉ်ဆော့စ်ရည် - ၅ဇွန်း


ပြုလုုပ်နည်း

ကြက်သားကို အနေတော် အတုံးလေးတွေ တုံးပြီး အရသာ အနည်းငယ်နယ်ပါ ။
ကြက်သွန်နီကို လေးစိတ် ခွဲပြီး အလွှာတွေကို ဖွင့်ထုတ်ပြီး ခွာပါ ။
အခြား အသီးအနှံ တွေကို ကြက်သွန်နီ အရွယ် ပမာဏလောက် လှီးထားပါ ။ ကြက်သွန်မြိတ်ကို ၁ လက္မ အရွယ် ပိုင်းဖြတ်ပါ။
အရသာ နယ်ထားတဲ့ ကြက်သားကို ကြေအောင် ခေါက်ထားတဲ့ ကြက်ဥ အရည်ထဲ နစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ ။
ဆီပူပူမှာ ရွှေရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ ။
အခြား သန့်တဲ့ ဒယ်အိုး တစ်လုံးကို ဆီအနည်းငယ်ဖြင့် အပူပေးပါ ။
ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေ ထည့်ကြော်ပါ ။
အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပေးပါ ။
ချိုချဉ် ဆော့စ်ရည် လောင်းထည့်ပါ ။ ကြက်သွန်မြိတ်လေး ဖြူးပေးပါ ။


ချိုချဉ်ဆော့စ်ရည် လုပ်နည်းလေး

ခရမ်းချဉ်သီးဆော့စ် – ၃ ဇွန်း
သကြား – ၂ ဇွန်း
သဘာဝနာနတ်သီးအရည် – ၃ဇွန်း
ပဲငံပြာရည် – ၁ ဇွန်း
သံပုရာရည် – ဇွန်းဝက်
ဆား – အနည်းငယ်
အထက်ပါ ပါဝင်ပစ္စည်း အားလုံးကို ရောပြီး ဆော့စ်ရည်အဖြစ် ကျိုထားပါ ။

Photo and Credit : မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ