ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ လိုက္ပါလာသည့္ ေလယာဥ္ေပၚရွိ ခရီးသည္ ၇၉ ဦးအနက္ ျမန္မာနိုင္ငံသား ႏွစ္ဦးကိုသာ ေခၚယူထားမည္ျဖစ္ၿပီး က်န္ခရီးသည္မ်ားအား ယင္းေလယာဥ္ျဖင့္ ျပန္လည္ေစလႊတ္မည္ ျဖစ္ေၾကာင္း သိရသည္။
“က်န္းမာေရး ဝန္ႀကီးဌာနနဲ႕ လဝကတို႔ရဲ႕ စစ္ေဆးညွိႏွိုင္းမႈေတြအရ ေလယာဥ္ေပၚက ခရီးသည္ေတြအနက္ ျမန္မာနိုင္ငံသား ႏွစ္ဦးနဲ႕ သံသယလူနာကိုပဲ ေခၚထားမွာ။ က်န္တဲ့ခရီးသည္ေတြကို အခုလာတဲ့ ေလယာဥ္နဲ႕ ျပန္လႊတ္လိုက္မွာ ျဖစ္ပါတယ္” ဟု ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနာ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးျဖစ္သည့္ အေထြေထြမန္ေနဂ်ာ ဦးစိုးပိုင္က ေျပာၾကားသည္။
တ႐ုတ္နိုင္ငံ ကြမ္က်ိဳးေလဆိပ္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ဇန္နဝါရီ ၃၁ ရက္ နံနက္ ၁၀ နာရီခြဲတြင္ ဆိုက္ေရာက္လာသည့္ China Southern ေလေၾကာင္း ခရီးစဥ္အမွတ္ CZ 3055၊ ေလယာဥ္ အမ်ိဳးအစား A-319၊ ေလယာဥ္အမွတ္ B-6208 ျဖင့္ လိုက္ပါလာသည့္ ေလယာဥ္အမႈထမ္း ခုနစ္ဦး၊ ခရီးသည္ ျမန္မာနိုင္ငံသားႏွစ္ဦး၊ နိုင္ငံျခားသား ၇၇ ဦး (အေမရိကန္နိုင္ငံသားႏွစ္ဦး၊ ျပင္သစ္နိုင္ငံသားႏွစ္ဦး၊ ကိုလံဘီယာ နိုင္ငံသားတစ္ဦး၊ တ႐ုတ္နိုင္ငံသား ၇၂ ဦး) ေပါင္း ၇၉ ဦးတို႔အနက္ တ႐ုတ္နိုင္ငံသား ခရီးသည္ တစ္ဦးသည္ ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္ သတ္မွတ္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သံသယလူနာကို ေဝဘာဂီအထူးကုေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။
အလဲဗင္း



Unicode





ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထားပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ပြန်လည်စေလွှတ်မည်ဟုဆို


ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လိုက်ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထားမည်ဖြစ်ပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။



“ကျန်းမာရေး ဝန်ကြီးဌာနနဲ့ လဝကတို့ရဲ့ စစ်ဆေးညှိနှိုင်းမှုတွေအရ လေယာဉ်ပေါ်က ခရီးသည်တွေအနက် မြန်မာနိုင်ငံသား နှစ်ဦးနဲ့ သံသယလူနာကိုပဲ ခေါ်ထားမှာ။ ကျန်တဲ့ခရီးသည်တွေကို အခုလာတဲ့ လေယာဉ်နဲ့ ပြန်လွှတ်လိုက်မှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် အထွေထွေမန်နေဂျာ ဦးစိုးပိုင်က ပြောကြားသည်။



တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် မြန်မာနိုင်ငံသားနှစ်ဦး၊ နိုင်ငံခြားသား ၇၇ ဦး (အမေရိကန်နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသားနှစ်ဦး၊ ကိုလံဘီယာ နိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး) ပေါင်း ၇၉ ဦးတို့အနက် တရုတ်နိုင်ငံသား ခရီးသည် တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။



အဆိုပါ သံသယလူနာကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အလဲဗင်း