
မိတၳီလာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ေရာက္လာၿပီး မႏၲေလးသို႔ လႊဲအပ္ရန္ျပင္ဆင္ေနစဥ္ ထြက္ေျပးသြားခဲ့ေသာ သံသယလူနာကို မိတၳီလာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ျပန္လည္ေခၚေဆာင္ကာ အထူးေရာဂါကုသေဆာင္တြင္ ထားရွိလ်က္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း အဆိုပါေဆး႐ုံမွ စုံစမ္းသိရွိရသည္။လက္ရွိအခ်ိန္တြင္ မိတၳီလာေဆး႐ုံဝန္းအတြင္း၌ သက္ဆိုင္ရာက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယင္းလူနာႏွင့္ မိသားစုကို ေစာင့္ၾကည့္လ်က္ရွိသည္။
”ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔က ဒီမွာ ခဏထားၿပီး ေစာင့္ၾကည့္ဦးမွာ။ သူ႔မူအတိုင္းဆို ပို႔ရမွာပါ။ ဒီမွာလည္း စစ္စရာေတြ က်န္ေသးတယ္။ ဟုတ္လားမဟုတ္လားဆိုတာေတာ့ ကြၽန္ေတာ္တို႔က မေျပာႏိုင္ဘူး။ မဟုတ္တာေတြက အြန္လိုင္းေပၚမွာျပန႔္ေနတာ။ ကြၽန္ေတာ္တို႔က ဇြတ္ႀကီးမပို႔တာ။ သူတို႔ကို အျပင္ေပးမထြက္နဲ႔ သာမန္လူေတြနဲ႔ သိပ္ၿပီး ေပးမေတြ႕ေစခ်င္ဘူး။ မလိုလားတဲ့ကူးစက္မႈေတြျဖစ္မွာစိုးလို႔” ဟု မိတၳီလာ အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဦးၫြန႔္စိန္က ဇန္နဝါရီလ (၃၁) ရက္ေန႔ မနက္ (၁၁) နာရီ အခ်ိန္က ေျပာၾကားသည္။
မိတၳီလာၿမိဳ႕နယ္ ပ်ဥ္သာေက်း႐ြာတြင္ ေနထိုင္ေသာ အသက္ (၄၂) အ႐ြယ္ လူနာသည္ မန္စီဆင္ျဖဴေတာ္ဂိတ္မွတဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး က်န္းမာေရးကိစၥေၾကာင့္ ဇန္နဝါရီလ (၃၀) ရက္ေန႔က မိတၳီလာၿမိဳ႕ အေထြေထြေရာဂါကု ေဆး႐ုံႀကီးတြင္တက္ေရာက္ကုသခဲ့ရာ အထူးကုဆရာဝန္ႀကီးမ်ားက စစ္ေဆးခ်က္အရ သံသယရွိဖြယ္အေျခအေနေၾကာင့္ မႏၲေလးၿမိဳ႕ရွိ သက္ဆိုင္ရာေဆး႐ုံသို႔ လႊဲေျပာင္းေပးရန္ တာဝန္ရွိသူမ်ားက စီစဥ္ေနစဥ္ ၎အမ်ိဳးသားက ျငင္းဆန္ၿပီး ဇန္နဝါရီ (၃၀) ရက္ ညေန (၄ : ၃၀) အခ်ိန္တြင္ ေဆး႐ုံမွ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ျခင္းျဖစ္သည္။

ေဒသအာဏာပိုင္အဖြဲ႕အစည္းမ်ားက ဦးသန္းေဇာ္မိုးေနထိုင္ေသာ႐ြာသို႔ လိုက္လံ၍ စည္း႐ုံၿပီး ပ်ဥ္သာေက်း႐ြာမွ မႏၲေလးေဆး႐ုံသို႔ တိုက္႐ိုက္ပို႔ေဆာင္ရန္စီစဥ္ခဲ့ေသာ္လည္း ႐ြာမွထြက္လာၿပီး ည (၁၀)နာရီ ဝန္းက်င္ အခ်ိန္ခန႔္တြင္ မိတၳီလာ ထီးသုံးဆင့္ဘုရားအနီးမွ ျဖတ္သန္းေရာက္ရွိေနစဥ္ ၎က မႏၲေလးသို႔ပို႔လွ်င္ ကားေပၚမွခုန္ခ်မည္ဟု ေျပာဆိုေနသျဖင့္ တာဝန္ရွိသူမ်ားထံ တင္ျပၿပီး မိတၳီလာေဆး႐ုံသို႔ ျပန္လည္ေခၚေဆာင္လာခဲ့ရျခင္းျဖစ္ေၾကာင္း မႏၲေလးဘက္သို႔သြားစဥ္ လူနာတင္ယာဥ္ေပၚ၌ လိုက္ပါကူညီခဲ့ေသာ အမ်ိဳးသားက ေျပာသည္။
လက္ရွိအခ်ိန္တြင္ မိတၳီလာေဆး႐ုံဝန္းအတြင္း၌ သက္ဆိုင္ရာက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယင္းလူနာႏွင့္ မိသားစုကို ေစာင့္ၾကည့္လ်က္ရွိသည္။မိတၳီလာၿမိဳ႕တြင္းမွ ခုနစ္မိုင္ခန႔္ ေဝးကြာၿပီး အိမ္ေျခ (၂၅၀) ေက်ာ္ရွိေသာ ပ်ဥ္သာ႐ြာတြင္ ယေန႔ ဇန္နဝါရီ (၃၁) ရက္ မနက္ပိုင္းက က်န္းမာေရးဌာနက လာေရာက္၍ ပညာေပးေဟာေျပာပြဲ ျပဳလုပ္ခဲ့ေၾကာင္း။ ေက်း႐ြာအတြင္း၌ အျခားေသာ ထူးျခားမႈမ်ားမရွိေသာ္လည္း ေက်း႐ြာမူႀကိဳေက်ာင္းတြင္ ယေန႔မွစ၍ ကေလးမ်ားမလာေရာက္ေတာ့ေၾကာင္း။ ေက်း႐ြာ စာသင္ေက်ာင္းတြင္လည္း တက္ေရာက္ေသာ ကေလးအေရအတြက္မွာ သိသိသာသာ ေလ်ာ့နည္းသြားေၾကာင္း အဆိုပါေက်း႐ြာရွိ မူႀကိဳေက်ာင္းဆရာမ ေဒၚညိဳညိဳထြန္းက ေျပာသည္။
ဒဗြိဳက္စ္
Unicode
ထွက်ပြေးသွားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို ပြန်ခေါ်ယူစောင့်ကြည့်ကုသပေးနေ
မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်လာပြီး မန္တလေးသို့ လွှဲအပ်ရန်ပြင်ဆင်နေစဉ် ထွက်ပြေးသွားခဲ့သော သံသယလူနာကို မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ခေါ်ဆောင်ကာ အထူးရောဂါကုသဆောင်တွင် ထားရှိလျက် စောင့်ကြည့်လျက်ရှိကြောင်း အဆိုပါဆေးရုံမှ စုံစမ်းသိရှိရသည်။လက်ရှိအချိန်တွင် မိတ္ထီလာဆေးရုံဝန်းအတွင်း၌ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ယင်းလူနာနှင့် မိသားစုကို စောင့်ကြည့်လျက်ရှိသည်။
”လောလောဆယ်တော့ ကျွန်တော်တို့က ဒီမှာ ခဏထားပြီး စောင့်ကြည့်ဦးမှာ။ သူ့မူအတိုင်းဆို ပို့ရမှာပါ။ ဒီမှာလည်း စစ်စရာတွေ ကျန်သေးတယ်။ ဟုတ်လားမဟုတ်လားဆိုတာတော့ ကျွန်တော်တို့က မပြောနိုင်ဘူး။ မဟုတ်တာတွေက အွန်လိုင်းပေါ်မှာပြန့်နေတာ။ ကျွန်တော်တို့က ဇွတ်ကြီးမပို့တာ။ သူတို့ကို အပြင်ပေးမထွက်နဲ့ သာမန်လူတွေနဲ့ သိပ်ပြီး ပေးမတွေ့စေချင်ဘူး။ မလိုလားတဲ့ကူးစက်မှုတွေဖြစ်မှာစိုးလို့” ဟု မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်စိန်က ဇန်နဝါရီလ (၃၁) ရက်နေ့ မနက် (၁၁) နာရီ အချိန်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာတွင် နေထိုင်သော အသက် (၄၂) အရွယ် လူနာသည် မန်စီဆင်ဖြူတော်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ကျန်းမာရေးကိစ္စကြောင့် ဇန်နဝါရီလ (၃၀) ရက်နေ့က မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင်တက်ရောက်ကုသခဲ့ရာ အထူးကုဆရာဝန်ကြီးများက စစ်ဆေးချက်အရ သံသယရှိဖွယ်အခြေအနေကြောင့် မန္တလေးမြို့ရှိ သက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်းပေးရန် တာဝန်ရှိသူများက စီစဉ်နေစဉ် ၎င်းအမျိုးသားက ငြင်းဆန်ပြီး ဇန်နဝါရီ (၃၀) ရက် ညနေ (၄ : ၃၀) အချိန်တွင် ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ဒေသအာဏာပိုင်အဖွဲ့အစည်းများက ဦးသန်းဇော်မိုးနေထိုင်သောရွာသို့ လိုက်လံ၍ စည်းရုံပြီး ပျဉ်သာကျေးရွာမှ မန္တလေးဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ရန်စီစဉ်ခဲ့သော်လည်း ရွာမှထွက်လာပြီး ည (၁၀)နာရီ ဝန်းကျင် အချိန်ခန့်တွင် မိတ္ထီလာ ထီးသုံးဆင့်ဘုရားအနီးမှ ဖြတ်သန်းရောက်ရှိနေစဉ် ၎င်းက မန္တလေးသို့ပို့လျှင် ကားပေါ်မှခုန်ချမည်ဟု ပြောဆိုနေသဖြင့် တာဝန်ရှိသူများထံ တင်ပြပြီး မိတ္ထီလာဆေးရုံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးဘက်သို့သွားစဉ် လူနာတင်ယာဉ်ပေါ်၌ လိုက်ပါကူညီခဲ့သော အမျိုးသားက ပြောသည်။
လက်ရှိအချိန်တွင် မိတ္ထီလာဆေးရုံဝန်းအတွင်း၌ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ယင်းလူနာနှင့် မိသားစုကို စောင့်ကြည့်လျက်ရှိသည်။မိတ္ထီလာမြို့တွင်းမှ ခုနစ်မိုင်ခန့် ဝေးကွာပြီး အိမ်ခြေ (၂၅၀) ကျော်ရှိသော ပျဉ်သာရွာတွင် ယနေ့ ဇန်နဝါရီ (၃၁) ရက် မနက်ပိုင်းက ကျန်းမာရေးဌာနက လာရောက်၍ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း။ ကျေးရွာအတွင်း၌ အခြားသော ထူးခြားမှုများမရှိသော်လည်း ကျေးရွာမူကြိုကျောင်းတွင် ယနေ့မှစ၍ ကလေးများမလာရောက်တော့ကြောင်း။ ကျေးရွာ စာသင်ကျောင်းတွင်လည်း တက်ရောက်သော ကလေးအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားကြောင်း အဆိုပါကျေးရွာရှိ မူကြိုကျောင်းဆရာမ ဒေါ်ညိုညိုထွန်းက ပြောသည်။
ဒဗွိုက်စ်
0 Comments