အေမရိကန္-မကၠဆီကို နယ္စပ္မွာ ေတြ႕ရွိရတဲ့ အရွည္ဆုံးနယ္စပ္ျဖတ္ေက်ာ္ ေျမေအာက္ ေမွာင္ခိုဥမင္လွိုင္ေခါင္းတခု အေမရိကန္ အေကာက္ခြန္နဲ႔ နယ္စပ္ကာကြယ္ေရးအဖြဲ႕က ဇန္နဝါရီ ၂၈ ရက္မွာ ထုတ္လႊင့္ျပသခဲ့ပါတယ္။
အဲဒီဥမင္ဟာ ေပေပါင္း ၄၃၀၉ ေပ ရွည္လ်ားၿပီး ဥမင္အတြင္း သံလမ္း၊ ဓာတ္ေလွကား၊ ေလဝင္ေလထြက္စနစ္နဲ႔ လၽွပ္စစ္မီး သြယ္တန္းထားတာေတြကို ေတြ႕ရတယ္လို႔ ဘီဘီစီသတင္းမွာ ေဖာ္ျပပါတယ္။
ဥမင္ကို ၂၀၁၉ နိုဝင္ဘာလတုန္းက နယ္စပ္ကင္းလွည့္အဖြဲ႕ဝင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ေတြ႕ရွိခဲ့ၿပီး ဒါနဲ႔ပတ္သက္လို႔ ဖမ္းဆီးအေရးယူခဲ့တာ မရွိဘူးလို႔ ဘီဘီစီသတင္းက ဆိုပါတယ္။
အဲဒီဥမင္ဟာ မကၠဆီကိုနိုင္ငံ တီဝါနာၿမိဳ႕ စက္မႈဇုန္တခုကေန အေမရိကန္ ဆန္ဒီေယဂိုၿမိဳ႕ကို ဆက္သြယ္ေဖာက္လုပ္ထားတာပါ။
အဲဒီ ေမွာင္ခိုဥမင္လမ္းေၾကာင္းကို နာမည္ေက်ာ္ မကၠဆီကို ဂိုဏ္းဖြဲ႕ ရာဇဝတ္ေခါင္းေဆာင္ အယ္ခ်ပ္ပိုအဖြဲ႕က လုပ္ကိုင္ေနၿပီး ဂိုဏ္းေခါင္းေဆာင္ အယ္ခ်ပ္ပိုဟာ မူးယစ္ေမွာင္ခိုမႈနဲ႔ အေမရိကန္မွာ ေထာက္ဒဏ္တသက္ က်ခံေနတယ္လို႔ ဘီဘီစီ သတင္းအရ သိရပါတယ္။
Unicode
အမေရိကန်-မက္ကဆီကို နယ်စပ်တွင် အရှည်ဆုံး မြေအောက် မှောင်ခိုဥမင်တခု တွေ့ရှိ
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တွေ့ရှိရတဲ့ အရှည်ဆုံးနယ်စပ်ဖြတ်ကျော် မြေအောက် မှောင်ခိုဥမင်လှိုင်ခေါင်းတခု အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဲဒီဥမင်ဟာ ပေပေါင်း ၄၃၀၉ ပေ ရှည်လျားပြီး ဥမင်အတွင်း သံလမ်း၊ ဓာတ်လှေကား၊ လေဝင်လေထွက်စနစ်နဲ့ လျှပ်စစ်မီး သွယ်တန်းထားတာတွေကို တွေ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဥမင်ကို ၂၀၁၉ နိုဝင်ဘာလတုန်းက နယ်စပ်ကင်းလှည့်အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူခဲ့တာ မရှိဘူးလို့ ဘီဘီစီသတင်းက ဆိုပါတယ်။
အဲဒီဥမင်ဟာ မက္ကဆီကိုနိုင်ငံ တီဝါနာမြို့ စက်မှုဇုန်တခုကနေ အမေရိကန် ဆန်ဒီယေဂိုမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတာပါ။
အဲဒီ မှောင်ခိုဥမင်လမ်းကြောင်းကို နာမည်ကျော် မက္ကဆီကို ဂိုဏ်းဖွဲ့ ရာဇဝတ်ခေါင်းဆောင် အယ်ချပ်ပိုအဖွဲ့က လုပ်ကိုင်နေပြီး ဂိုဏ်းခေါင်းဆောင် အယ်ချပ်ပိုဟာ မူးယစ်မှောင်ခိုမှုနဲ့ အမေရိကန်မှာ ထောက်ဒဏ်တသက် ကျခံနေတယ်လို့ ဘီဘီစီ သတင်းအရ သိရပါတယ်။
0 Comments