အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရထံတြင္ ျပည္ထဲေရး ဝန္ႀကီး တာဝန္ ထမ္းေဆာင္ေနသည့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြသည္ ရာထူးမွ အနားယူေတာ့မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။



အစိုးရ သတင္းရင္း ျမစ္တဦးက “ျပည္ထဲေရး ဝန္ႀကီး အေျပာင္းအလဲ ရွိပါတယ္။ သိပ္မၾကာခင္မွာပဲ Order ထြက္ပါလိမ့္မယ္”ဟု ဧရာဝတီသို႔ အတည္ျပဳသည္။

ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြမွာ ၁၉၅၉ ခုႏွစ္၊ နိုဝင္ဘာလတြင္ ေမြးဖြားသူျဖစ္ရာ ယခု အသက္ ၆၁ ႏွစ္ ရွိၿပီ ျဖစ္၍ သက္ျပည့္ပင္စင္ျဖင့္ အနားယူသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

သက္ျပည့္ပင္စင္ အေပးခံရသည့္ ျပည္ထဲေရး ဝန္ႀကီးသည္ လုပ္ထုံးလုပ္နည္းမ်ားအရ သမၼတထံ အရင္ တင္ျပရၿပီး သမၼတက သေဘာတူ လက္ခံပါက ျပည္ေထာင္စု လႊတ္ေတာ္၏ အတည္ျပဳခ်က္လည္း ရယူရဦးမည္ ျဖစ္သည္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ ကာကြယ္ေရး၊ ျပည္ထဲေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ၃ ပါးကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က အမည္စာရင္း တင္သြင္းရျခင္း ျဖစ္ၿပီး သမၼတက လႊတ္ေတာ္၏ အတည္ျပဳခ်က္ျဖင့္ ခန႔္အပ္ရျခင္း ျဖစ္သည္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၏ ဝန္ႀကီး ေနရာသို႔ အသစ္ေရာက္ရွိလာမည္ဟု သတင္းထြက္ေပၚေနသူ ၂ ဦးမွာ လက္ရွိ စစ္ဖက္ဆိုင္ရာ လုံျခဳံေရး အရာရွိခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ လက္ရွိ စစ္ဆင္ေရး အထူးအဖြဲ႕မႉး တာဝန္ယူထားသူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးတို႔ ျဖစ္သည္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္သည္ ဗိုလ္သင္တန္းေက်ာင္း အပတ္စဥ္ ၆၄ မွ ျဖစ္ၿပီး ၂၀၀၄ ခုႏွစ္က ဖ်က္သိမ္းခဲ့ေသာ တပ္မေတာ္ ေထာက္လွမ္းေရး အရာရွိခ်ဳပ္ေနရာကို အစားထိုးလိုက္သည့္ စစ္ဖက္ဆိုင္ရာ လုံျခဳံေရး အရာရွိခ်ဳပ္႐ုံးကို ဦးေဆာင္ေနသူ တဦးလည္း ျဖစ္သည္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးမွာ စစ္တကၠသိုလ္ အပတ္စဥ္ ၂၆ ဆင္း ျဖစ္ၿပီး တပ္မ ၃၃ တပ္မမႉး၊ အေရွ႕ေျမာက္ တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး၊ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္တြင္ ျပည္ထဲေရး ဒုတိယ ဝန္ႀကီး ျဖစ္လာၿပီး NLD အစိုးရ လက္ထက္တြင္ တပ္မေတာ္သို႔ ျပန္လည္ေခၚယူၿပီး ကစထမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး အျဖစ္ တိုးျမင့္ခံရသူ တဦး ျဖစ္ သည္။

“က်ေနာ္တို႔ သိရသေလာက္ေတာ့ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ေျပာင္းလာမယ္လို႔ ၾကားတယ္။ ႐ုံးထဲမွာ ႐ုံးခန္းေတြေတာင္ ေျပာင္းေနၾကၿပီ။ ဝန္ႀကီးေဟာင္းက အလႉလည္း လုပ္သြားတယ္။ ဒီေန႔ ဝန္ႀကီး႐ုံးမွာ ထမင္းနဲ ထိုးၾကတယ္။ ဝန္ႀကီး ဦးေက်ာ္ေဆြက သူမနားခင္ေလးမွာ ရာထူးတိုးတာေတြ ေနရာေျပာင္းတာေတြလည္း လုပ္ေပးခဲ့ေသးတယ္”ဟု ျပည္ထဲေရး ဝန္ႀကီးဌာနမွ သတင္းရင္းျမစ္တဦးက ေျပာသည္။

ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြသည္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္တြင္းခရီးစဥ္မ်ားသို႔ ေတာက္ေလၽွာက္ လိုက္ပါေလ့ ရွိသူ ၁ ဦး ျဖစ္ၿပီး ဇန္နဝါရီလ ၂၃ ရက္ေန႔က သြားေရာက္ခဲ့ သည့္ စစ္ကိုင္းတိုင္းဘက္သို႔ ခရီးစဥ္တြင္မူ ဒုတိယ ဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူသာ လိုက္ပါသြားသည္ကို ေတြ႕ရသည္။

ယင္းေနာက္ပိုင္း ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ နိုင္ငံေတာ္ အဆင့္ အခမ္းအနားမ်ားကိုလည္း ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ တက္ေရာက္လာျခင္း မရွိေတာ့ပါ။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို ျပည္သူက သေဘာက်ၿပီး အစိုးရႏွင့္ လက္တြဲ အလုပ္လုပ္ရာတြင္လည္း အဆင္ ေျပသျဖင့္ ေနာက္ထပ္ တက္လာမည့္ ျပည္ထဲေရး ဝန္ႀကီး အသစ္ကိုလည္း ၎ကဲ့သို႔ ျဖစ္ေစခ်င္ေၾကာင္း အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းက ေျပာသည္။

မဂၤလာေတာင္ညႊန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းက “အစ္မတို႔ အေနနဲ႔ကေတာ့ ျပည္သူေရာ၊ လႊတ္ေတာ္၊ အစိုးရနဲ႔ေရာ အဆင္ေျပမယ့္ သူမ်ိဳးကို ျဖစ္ေစခ်င္တာ။ ျပည္ထဲ ေရး ဝန္ႀကီးဌာနက အေရးႀကီးတယ္ေလ။ ၿမိဳ႕နယ္အလိုက္ေတြမွာ လုံျခဳံေရး ရဲတပ္ဖြဲ႕ေတြက ျပည္ထဲေရးက တိုက္ရိုက္ ကိုင္တြယ္ ေဆာင္ရြက္တဲ့အတြက္ အမတို႔ ၿမိဳ႕နယ္မွာ တိုးတက္လာတာေတြ ရွိတယ္။ အဓိကကေတာ့ ပူးေပါင္း ေဆာင္ ရြက္မႈပဲ”ဟု ေျပာသည္။

နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၏ ၂၀၁၈ ခုႏွစ္အတြင္း စင္ကာပူနိုင္ငံ ခရီးစဥ္အတြင္း သူ၏ NLD အစိုးရႏွင့္ တပ္မေတာ္ၾကား ဆက္ဆံေရးမွာ မဆိုးေၾကာင္း၊ အစိုးရအဖြဲ႕တြင္ ပါဝင္သည့္ ဝန္ႀကီး ၃ ဦးမွာလည္း “ခင္မင္ဖြယ္” ျဖစ္ေၾကာင္း အေမးအေၿဖ က႑တခုတြင္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ေသးသည္။




Unicode






ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရာထူးမှ အနားယူမည်



အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရထံတွင် ပြည်ထဲရေး ဝန်ကြီး တာဝန် ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။



အစိုးရ သတင်းရင်း မြစ်တဦးက “ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ ရှိပါတယ်။ သိပ်မကြာခင်မှာပဲ Order ထွက်ပါလိမ့်မယ်”ဟု ဧရာဝတီသို့ အတည်ပြုသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားသူဖြစ်ရာ ယခု အသက် ၆၁ နှစ် ရှိပြီ ဖြစ်၍ သက်ပြည့်ပင်စင်ဖြင့် အနားယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

သက်ပြည့်ပင်စင် အပေးခံရသည့် ပြည်ထဲရေး ဝန်ကြီးသည် လုပ်ထုံးလုပ်နည်းများအရ သမ္မတထံ အရင် တင်ပြရပြီး သမ္မတက သဘောတူ လက်ခံပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်လည်း ရယူရဦးမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဝန်ကြီး နေရာသို့ အသစ်ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေသူ ၂ ဦးမှာ လက်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် လက်ရှိ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ယူထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးတို့ ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၆၄ မှ ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်နေရာကို အစားထိုးလိုက်သည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်ရုံးကို ဦးဆောင်နေသူ တဦးလည်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း ဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဖြစ်လာပြီး NLD အစိုးရ လက်ထက်တွင် တပ်မတော်သို့ ပြန်လည်ခေါ်ယူပြီး ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် တိုးမြင့်ခံရသူ တဦး ဖြစ် သည်။

“ကျနော်တို့ သိရသလောက်တော့ ဗိုလ်ချုပ်ကြီး စိုးထွဋ် ပြောင်းလာမယ်လို့ ကြားတယ်။ ရုံးထဲမှာ ရုံးခန်းတွေတောင် ပြောင်းနေကြပြီ။ ဝန်ကြီးဟောင်းက အလှူလည်း လုပ်သွားတယ်။ ဒီနေ့ ဝန်ကြီးရုံးမှာ ထမင်းနဲ ထိုးကြတယ်။ ဝန်ကြီး ဦးကျော်ဆွေက သူမနားခင်လေးမှာ ရာထူးတိုးတာတွေ နေရာပြောင်းတာတွေလည်း လုပ်ပေးခဲ့သေးတယ်”ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရင်းမြစ်တဦးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များသို့ တောက်လျှောက် လိုက်ပါလေ့ ရှိသူ ၁ ဦး ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က သွားရောက်ခဲ့ သည့် စစ်ကိုင်းတိုင်းဘက်သို့ ခရီးစဉ်တွင်မူ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူသာ လိုက်ပါသွားသည်ကို တွေ့ရသည်။

ယင်းနောက်ပိုင်း နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် အဆင့် အခမ်းအနားများကိုလည်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက်လာခြင်း မရှိတော့ပါ။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ပြည်သူက သဘောကျပြီး အစိုးရနှင့် လက်တွဲ အလုပ်လုပ်ရာတွင်လည်း အဆင် ပြေသဖြင့် နောက်ထပ် တက်လာမည့် ပြည်ထဲရေး ဝန်ကြီး အသစ်ကိုလည်း ၎င်းကဲ့သို့ ဖြစ်စေချင်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “အစ်မတို့ အနေနဲ့ကတော့ ပြည်သူရော၊ လွှတ်တော်၊ အစိုးရနဲ့ရော အဆင်ပြေမယ့် သူမျိုးကို ဖြစ်စေချင်တာ။ ပြည်ထဲ ရေး ဝန်ကြီးဌာနက အရေးကြီးတယ်လေ။ မြို့နယ်အလိုက်တွေမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ပြည်ထဲရေးက တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်တဲ့အတွက် အမတို့ မြို့နယ်မှာ တိုးတက်လာတာတွေ ရှိတယ်။ အဓိကကတော့ ပူးပေါင်း ဆောင် ရွက်မှုပဲ”ဟု ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း သူ၏ NLD အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးမှာ မဆိုးကြောင်း၊ အစိုးရအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၃ ဦးမှာလည်း “ခင်မင်ဖွယ်” ဖြစ်ကြောင်း အမေးအဖြေ ကဏ္ဍတခုတွင် ထုတ်ဖော်ချီးကျူးခဲ့သေးသည်။