“ေၾကာက္စိတ္မရွိတဲ့ေကာင္ေတြ… စီးခ်င္းထိုးမယ့္ပြဲ… ဂန္းစတားေတြလာၿပီ ေဟ့ ေရာင္… မင္းတို႔လူစုခြဲ… က်ည္တေတာင့္ မင္းေခါင္းထဲ… လက္ေဆာင္ပစ္ထည့္… လူ႔အ သက္မွာ Spare Part မရွိ… ၾကည္ညိဳရင္ကိုးကြယ္… မင္းကို ငရဲျပည္ပို႔မယ့္ဘဲ”
ဒါကေတာ့ လတ္တေလာအသစ္ထြက္ရွိလာတဲ့ Original Gangster 3 ႐ုပ္ရွင္ဇာတ္ ဝင္ေတးတပုဒ္ျဖစ္ၿပီး အြန္လိုင္းေပၚမွာ နာမည္ႀကီးေနခဲ့တာပါ။
ဒီသီခ်င္းကိုေတာ့ အဆိုေတာ္ ယုန္ေလးနဲ႔ Ice Cold တို႔က ေရးစပ္ထားတာျဖစ္ၿပီး အဆိုေတာ္ ထူးအယ္လင္း၊ ယုန္ေလး၊ Ice Cold တို႔က ပူးေပါင္းသီဆိုထားခဲ့ၾကတာ ျဖစ္ပါတယ္။
“မေသခ်င္ပုန္းေန… ခ်ာတိတ္ေရ… ငါတို႔နဲ႔ေတြ႕ရင္ ျပန္လမ္းမရွိ… မင္းက ဓားနဲ႔ ဆို ငါေသနတ္နဲ႔ ပစ္သတ္မွာ… မင္းအသက္ရွင္ဖို႔အတြက္ ငါ့ကို ေသခ်ာပစ္မွတ္ထား… လူသတ္ကြင္းထဲ စိန္ေခၚၿပီး ကၽြတ္ၿပီး ပလစ္မထြက္ရ… ဝရမ္းထုတ္ၿပီး ပစ္သတ္မွာ OG စစ္တပ္က”
ဒီသီခ်င္း႐ုပ္သံဗြီဒီယိုကိုေတာ့ ဂန္းစတားပုံစံ ခပ္မိုက္မိုက္ အျပင္အဆင္ေတြနဲ႔ ရိုက္ ကူးထားခဲ့တာျဖစ္ၿပီး သူတို႔နဲ႔အတူ တျခားအဆိုေတာ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ နိုင္း ဝမ္း၊ ေအာင္ေလး၊ ထက္ေအာင္သၽွိုင္း၊ ေဇရဲ၊ Jenny၊ ေႏြးေႏြးခ်စ္ဖြယ္၊ ေဘဘီေမာင္စတဲ့ သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီးပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ယုန္ေလးဟာ အဆိုေတာ္သ႐ုပ္ေဆာင္ေတြ အမ်ားစုပါဝင္တဲ့ Original Gangster ႐ုပ္ရွင္ကား ၂ ကား ရိုက္ကူးခဲ့ၿပီး ဒီကားကေတာ့ ခုေနာက္ထပ္ရိုက္ကူးထားတဲ့ ႐ုပ္ရွင္ ကားတကား ျဖစ္ပါတယ္။
“လာလာစားတယ္ေနာ္… မင္းကအီရန္လိုမ်ိဳး… မင္းကိုပစ္သတ္ဖို႔… ငါ့မွာ က်ည္ ဆန္ေတြပိုလို႔… ေလတလုံး မိုးတလုံးနဲ႔ မင္းက စကားလုံးနဲ႔ ပစ္ခ်တာ… ငါက ခလုတ္ႏွိပ္ ၿပီး မင္းရွိတဲ့ေနရာ… Drone နဲ႔ ပစ္ခ်မွာ”
ဒီသီခ်င္း႐ုပ္သံကိုေတာ့ Tay Than Thar Music ကေနတဆင့္ မၽွေဝေပးထားခဲ့တာ ျဖစ္ၿပီး လတ္တေလာ ပရိသတ္ေတြၾကားမွာေတာ့ ေရပန္းစားေနခဲ့ပါတယ္။
ျမင့္ျမတ္၊ ယုန္ေလး၊ ထူးျခား၊ ယုသႏၲာတင္တို႔ ပါဝင္မယ့္ ဒီ႐ုပ္ရွင္ကားဟာ လတ္ တေလာမွာေတာ့ ဆင္ဆာက်ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
Unicode
ထူးအယ်လင်း၊ ယုန်လေးတို့သီဆိုထားသည့် Original Gangster 3 ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
“ကြောက်စိတ်မရှိတဲ့ကောင်တွေ… စီးချင်းထိုးမယ့်ပွဲ… ဂန်းစတားတွေလာပြီ ဟေ့ ရောင်… မင်းတို့လူစုခွဲ… ကျည်တတောင့် မင်းခေါင်းထဲ… လက်ဆောင်ပစ်ထည့်… လူ့အ သက်မှာ Spare Part မရှိ… ကြည်ညိုရင်ကိုးကွယ်… မင်းကို ငရဲပြည်ပို့မယ့်ဘဲ”
ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ Original Gangster 3 ရုပ်ရှင်ဇာတ် ဝင်တေးတပုဒ်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။
ဒီသီချင်းကိုတော့ အဆိုတော် ယုန်လေးနဲ့ Ice Cold တို့က ရေးစပ်ထားတာဖြစ်ပြီး အဆိုတော် ထူးအယ်လင်း၊ ယုန်လေး၊ Ice Cold တို့က ပူးပေါင်းသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
“မသေချင်ပုန်းနေ… ချာတိတ်ရေ… ငါတို့နဲ့တွေ့ရင် ပြန်လမ်းမရှိ… မင်းက ဓားနဲ့ ဆို ငါသေနတ်နဲ့ ပစ်သတ်မှာ… မင်းအသက်ရှင်ဖို့အတွက် ငါ့ကို သေချာပစ်မှတ်ထား… လူသတ်ကွင်းထဲ စိန်ခေါ်ပြီး ကျွတ်ပြီး ပလစ်မထွက်ရ… ဝရမ်းထုတ်ပြီး ပစ်သတ်မှာ OG စစ်တပ်က”
ဒီသီချင်းရုပ်သံဗွီဒီယိုကိုတော့ ဂန်းစတားပုံစံ ခပ်မိုက်မိုက် အပြင်အဆင်တွေနဲ့ ရိုက် ကူးထားခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ တခြားအဆိုတော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်း ဝမ်း၊ အောင်လေး၊ ထက်အောင်သျှိုင်း၊ ဇေရဲ၊ Jenny၊ နွေးနွေးချစ်ဖွယ်၊ ဘေဘီမောင်စတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ထားကြတာ ဖြစ်ပါတယ်။
ယုန်လေးဟာ အဆိုတော်သရုပ်ဆောင်တွေ အများစုပါဝင်တဲ့ Original Gangster ရုပ်ရှင်ကား ၂ ကား ရိုက်ကူးခဲ့ပြီး ဒီကားကတော့ ခုနောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင် ကားတကား ဖြစ်ပါတယ်။
“လာလာစားတယ်နော်… မင်းကအီရန်လိုမျိုး… မင်းကိုပစ်သတ်ဖို့… ငါ့မှာ ကျည် ဆန်တွေပိုလို့… လေတလုံး မိုးတလုံးနဲ့ မင်းက စကားလုံးနဲ့ ပစ်ချတာ… ငါက ခလုတ်နှိပ် ပြီး မင်းရှိတဲ့နေရာ… Drone နဲ့ ပစ်ချမှာ”
ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar Music ကနေတဆင့် မျှဝေပေးထားခဲ့တာ ဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့ပါတယ်။
မြင့်မြတ်၊ ယုန်လေး၊ ထူးခြား၊ ယုသန္တာတင်တို့ ပါဝင်မယ့် ဒီရုပ်ရှင်ကားဟာ လတ် တလောမှာတော့ ဆင်ဆာကျခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
0 Comments