Zawgyi ဖြင့်ဖတ်ရန်


သွား အဝါရောင် သန့်ရှင်းရေး


#XYZ


Unicode ဖြင့်ဖတ်ရန်


သွားတွေ အမှန်တကယ် ဖြူဖွေးတောက်ပစေမယ့်နည်း


သွားတွေ အဝါရောင် အစွန်းအထင်း ပြဿနာရင်ဆိုင်နေရသူတွေ များစွာရှိကြပါတယ်။ အဲ့ဒီလူတွေဟာ ပြုံးလိုက်တိုင်းလည်း မလွတ်မလပ် ခံစားနေကြရသူတွေပါ။ မိမိလည်း အဲဒီလိုလူတွေထဲ ပါနေသလား။
သွားပေါ် ပေကပ်နေတဲ့ အစွန်းအထင်းတွေ ကင်းဝေးဖို့ ပုံမှန်သွားတိုက်ရုံ၊ သန့်ရှင်းရေးလုပ်ရုံနဲ့ မလုံလောက်ပါဘူး။ မိမိသုံးနေတဲ့ ပစ္စည်းထိရောက်မှု ရှိရင်တောင် သွားဖုံးနဲ့ သွားတွေက မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့်မို့ အစွန်းထင်းကပ်နေတဲ့ မိမိသွားကို ဖြူဖွေးတောက်ပလာစေဖို့ ရိုးရှင်းတဲ့ သဘာဝနည်းလမ်းလေးတစ်ခုကို အကြံပြုအပ်ပါတယ်။
ဒီဆေးဖော်စပ်ဖို့ဖို့အတွက် မုန့်ဖုတ်ဆိုဒါ အနည်းငယ်နဲ့ သံပုယိုသီး လိုအပ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ လောလောလတ်လတ် ညှစ်ယူထားတဲ့ သံပုရာရည်ကို ဇလုံငယ်လေးတစ်ခုထဲ အမြုပ်မထွက်မချင်း ရောမွှေပေးရပါမယ်။
ယင်းဖော်စပ်ထားတဲ့ ဆေးအသုံးမပြုမီ ဂွမ်းပတ်တစ်ခုအသုံးပြုကာ သွားတွေကို သန့်ရှင်းပေးပါ။ ယင်းဖော်စပ်ထားတဲ့ ဆေးနည်းနဲ့ မိမိသွားကို သေချာတိုက်ပြီးရင် အဲဒီအတိုင်း တစ်မိနစ်ခန့် ဆက်ထားပါ။ အဲ့ဒီနောက်မှာတော့ သွားတိုက်တံနဲ့ မိမိသွားကို ပုံမှန်တိုက်နေကျ အတိုင်းလုပ်ပေးပါ။
share from ;XYZ