LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
“ကေလးစရိတ္မေပးႏိုင္ဘူးလို႔ ျငင္းဆိုခဲ့ေပမယ့္ လစဥ္(၃၈၅)ေဒၚလာေပးရေတာ့မယ့္ စိုးသူ”
“ကေလးစရိတ္မေပးႏိုင္ဘူးလို႔ ျငင္းဆိုခဲ့ေပမယ့္ လစဥ္(၃၈၅)ေဒၚလာေပးရေတာ့မယ့္ စိုးသူ”
Lotayanet Burmese
-
January 11, 2020
Zawgyiျဖင့္ဖတ္ရန္
စိုးသူကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ တစ္ေခတ္တစ္ခါက ေအာင္ျမင္တဲ့အဆိုေတာ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ဘဝနဲ႔ ရပ္တည္ခဲ့သူတစ္ေယာက္ပါ။ဇနီးေဟာင္းျဖစ္သူ မခငယ္နဲ႔ အေၾကာင္းပါခဲ့ၿပီးေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုမွာေနထိုင္ခဲ့ၾကၿပီး သူတို႔ရဲ႕အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္မွာ အိန္ဂ်ယ္စိုးသူလြင္လို႔ေခၚတဲ့ သမီးေလးတစ္ေယာက္ထြန္းကားခဲ့ပါတယ္။သူတို႔ႏွစ္ဦးဟာ (၂၀၀၁)ခုမွာ လက္ထပ္ထိမ္းျမားခဲ့ၾကၿပီး ေနာက္ပိုင္းမွာ အဆင္မေျပမႈေတြမ်ားစြာနဲ႔ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ (၂၀၁၆) ခုႏွစ္ကုန္ပိုင္းေလာက္ကစၿပီး လူသိရွင္ၾကား ျပႆနာမ်ားျဖစ္ခဲ့ၾကတာပါ။
သူတို႔ႏွစ္ဦးကြာရွင္းျပတ္စဲမႈအၿပီးမွာ စိုးသူကေတာ့ ျမန္မာႏိုင္ငံက ျပည္သူခ်စ္မင္းသမီးတစ္ေယာက္နဲ႔ လက္တြဲလ်က္ရွိၿပီး ကေလးစရိတ္ေပးခဲ့ျခင္းမရွိတာေၾကာင့္ ဇနီးျဖစ္သူကလြန္ခဲ့တဲ့ (၂)ႏွစ္(၃)ႏွစ္ေလာက္ကတည္းစၿပီး တရား႐ုံးမွာ တရားစြဲဆိုဖို႔ဦးတိုက္ေလွ်ာက္ထားခဲ့တာပါ။ အခ်ိန္ယူေလွ်ာက္ထားခဲ့ၿပီးေနာက္မွာေတာ့ ဇန္နဝါရီ(၈)ရက္ေန႔မွာေတာ့ တရား႐ုံးမွာ ဒီအမႈကိုရင္ဆိုင္ခဲ့ရတာပါ။စိုးသူကေတာ့ ဝင္ေငြမရွိတာမို႔ ကေလးစရိတ္မေထာက္ပံ့ႏိုင္ဘူးလို႔ ျငင္းဆိုခဲ့ၿပီး တရား႐ုံးကေတာ့ စိုးသူရဲ႕ဝင္ေငြလမ္းေၾကာင္းတခ်ိဳ႕ကို စစ္ေဆးေမးျမန္းခဲ့ပါတယ္။ ဒါေပမယ့္ အမ်ိဳးမ်ိဳးေသာစစ္ေဆးမႈေတြအၿပီးမွာေတာ့ တရား႐ုံးက ကေလးစရိတ္ကိုႏွစ္ေယာက္မွ်ယူရမယ့္ အစီအစဥ္အရ စိုးသူကို (၂၀၁၉) ၾသဂုတ္(၁)ရက္ေန႔ကစၿပီး လစဥ္(၃၈၅) ေဒၚလာေပးေဆာင္ရဖို႔ အမိန႔္ခ်မွတ္လိုက္တာျဖစ္ပါတယ္။
ခငယ္ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားေနတဲ့ မိတ္ေဆြအေပါင္းအသင္းမ်ားအတြက္ FB Live လႊင့္ၿပီး ေျပာျပေပးခဲ့တာပါ။ဒါ့အျပင္ ကေလးစရိတ္ရဖို႔ႀကိဳးစားေနတဲ့ အမ်ိဳးသမီးေတြအတြက္လည္း သူ႔အေၾကာင္းကို နမူနာယူၿပီးေတာ့ အားမေလွ်ာ့ပါနဲ႔၊ ႀကိဳးစားၾကပါ၊ ကိုယ့္ကေလးေတြအတြက္ ထိုက္တန္တဲ့ရသင့္တဲ့ ေငြေလးရွိရင္သူတို႔ဘဝအတြက္ လုပ္ခ်င္တာေလးေတြလုပ္ႏိုင္မယ္၊ အားငယ္စရာမလိုေတာ့ဘူးလို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။ ကိုယ့္ကေလးမ်က္ႏွာမငယ္ရဖို႔ ႀကိဳးစားတိုက္ပြဲဝင္ခဲ့တဲ့ မခငယ္ရဲ႕အေတြ႕အႀကဳံေတြကို ေျပာျပထားတဲ့ Live Video ေလးကို ပရိသတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Unicode ဖြင့်ဖတ်ရန်
စိုးသူကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် တစ်ခေတ်တစ်ခါက အောင်မြင်တဲ့အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဘဝနဲ့ ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဇနီးဟောင်းဖြစ်သူ မခငယ်နဲ့ အကြောင်းပါခဲ့ပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်ခဲ့ကြပြီး သူတို့ရဲ့အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အိန်ဂျယ်စိုးသူလွင်လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။သူတို့နှစ်ဦးဟာ (၂၀၀၁)ခုမှာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး နောက်ပိုင်းမှာ အဆင်မပြေမှုတွေများစွာနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ် (၂၀၁၆) ခုနှစ်ကုန်ပိုင်းလောက်ကစပြီး လူသိရှင်ကြား ပြဿနာများဖြစ်ခဲ့ကြတာပါ။
သူတို့နှစ်ဦးကွာရှင်းပြတ်စဲမှုအပြီးမှာ စိုးသူကတော့ မြန်မာနိုင်ငံက ပြည်သူချစ်မင်းသမီးတစ်ယောက်နဲ့ လက်တွဲလျက်ရှိပြီး ကလေးစရိတ်ပေးခဲ့ခြင်းမရှိတာကြောင့် ဇနီးဖြစ်သူကလွန်ခဲ့တဲ့ (၂)နှစ်(၃)နှစ်လောက်ကတည်းစပြီး တရားရုံးမှာ တရားစွဲဆိုဖို့ဦးတိုက်လျှောက်ထားခဲ့တာပါ။ အချိန်ယူလျှောက်ထားခဲ့ပြီးနောက်မှာတော့ ဇန်နဝါရီ(၈)ရက်နေ့မှာတော့ တရားရုံးမှာ ဒီအမှုကိုရင်ဆိုင်ခဲ့ရတာပါ။စိုးသူကတော့ ဝင်ငွေမရှိတာမို့ ကလေးစရိတ်မထောက်ပံ့နိုင်ဘူးလို့ ငြင်းဆိုခဲ့ပြီး တရားရုံးကတော့ စိုးသူရဲ့ဝင်ငွေလမ်းကြောင်းတချို့ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အမျိုးမျိုးသောစစ်ဆေးမှုတွေအပြီးမှာတော့ တရားရုံးက ကလေးစရိတ်ကိုနှစ်ယောက်မျှယူရမယ့် အစီအစဉ်အရ စိုးသူကို (၂၀၁၉) သြဂုတ်(၁)ရက်နေ့ကစပြီး လစဉ်(၃၈၅) ဒေါ်လာပေးဆောင်ရဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
ခငယ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ မိတ်ဆွေအပေါင်းအသင်းများအတွက် FB Live လွှင့်ပြီး ပြောပြပေးခဲ့တာပါ။ဒါ့အပြင် ကလေးစရိတ်ရဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်လည်း သူ့အကြောင်းကို နမူနာယူပြီးတော့ အားမလျှော့ပါနဲ့၊ ကြိုးစားကြပါ၊ ကိုယ့်ကလေးတွေအတွက် ထိုက်တန်တဲ့ရသင့်တဲ့ ငွေလေးရှိရင်သူတို့ဘဝအတွက် လုပ်ချင်တာလေးတွေလုပ်နိုင်မယ်၊ အားငယ်စရာမလိုတော့ဘူးလို့လည်း ပြောကြားခဲ့ပါသေးတယ်။ ကိုယ့်ကလေးမျက်နှာမငယ်ရဖို့ ကြိုးစားတိုက်ပွဲဝင်ခဲ့တဲ့ မခငယ်ရဲ့အတွေ့အကြုံတွေကို ပြောပြထားတဲ့ Live Video လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Credit: Cele Gabar
Source – Kha Nge,CRD-Rainbow: Cele Gabar
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments