LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
ၾကက္ေတြအတြက္ ရည္စူးၿပီး ႏွစ္စဥ္အလႉလုပ္ေပးေလ့ရွိတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ KFC ႐ုံးခ်ဳပ္
ၾကက္ေတြအတြက္ ရည္စူးၿပီး ႏွစ္စဥ္အလႉလုပ္ေပးေလ့ရွိတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ KFC ႐ုံးခ်ဳပ္
Lotayanet Burmese
-
January 11, 2020
Zawgyiျဖင့္ဖတ္ရန္
ကြၽန္ေတာ္တို႔ ဗုဒၶဘာသာဝင္ေတာ္ေတာ္မ်ားမ်ားမွာ အေလ့အက်င့္တစ္ခုရွိပါတယ္။အဲဒါကေတာ့ ေသဆုံးသြားၿပီးသားသူတစ္ေယာက္ကို ရည္လည္ဆြမ္းသြတ္တဲ့ အေလ့အက်င့္ပါပဲ။အဲဒီလိုလုပ္ျခင္းက ေသသြားတဲ့သူကို ေကာင္းတဲ့ဘုံကိုေရာက္ေအာင္ ဘုန္းႀကီးတရားနာပင့္ၿပီး ကုသိုလ္ေပးအမွ်ေပးေဝျပဳလုပ္တဲ့ ဗုဒၶဘာသာျမန္မာလူမ်ိဳးေတြရဲ႕ မြန္ျမတ္တဲ့အေလ့အက်င့္တစ္ခုပါပဲ။အခုတစ္ခါကေတာ့ ဗုဒၶဘာသာဝင္ႏိုင္ငံတစ္ခုျဖစ္တဲ့ ဂ်ပန္မွာ ၾကက္ေတြကို ရည္စူးၿပီးေတာ့ ကုသိုလ္ေကာင္းမႈလုပ္ေပးတဲ့ပြဲတစ္ခုပါ။
ဂ်ပန္ႏိုင္ငံKFC႐ုံးခ်ဳပ္မွ ဦးေဆာင္ၿပီး စားသုံးခဲ့တဲ့ ၾကက္ေတြကို ရည္စူးၿပီး ကုသိုလ္ေကာင္းမႈပြဲေလးကို တစ္ႏွစ္တစ္ခါပုံမွန္လုပ္ေလ့ရွိတယ္လို႔ သိရပါတယ္။ဒီလိုလုပ္ေပးျခင္းဟာ ၾကက္ေတြကို ေက်းဇူးတင္ေၾကာင္း ျပသတဲ့ ပြဲေလးတစ္ခုဆိုလဲ မမွားပါဘူး။
ဒီပြဲေလးကို (၁၉၇၄)ခုႏွစ္ထဲက စတင္က်င္းပခဲ့တာ ျဖစ္ၿပီး ႏွစ္စဥ္ ဂ်ပန္KFC႐ုံးမွ ဝန္ထမိးမ်ား၊အသားေရာင္းသူေတြ၊စားေသာက္ဆိုင္ပိုင္ရွင္ေတြ တက္ေရာက္ေလ့ရွိပါတယ္။ ဒီပြဲမွာ ႏွစ္စဥ္ ၾကက္ငွက္ေပါင္း ၂၂သန္းေက်ာ္ကို ေမတၱာပို႔ေပးၿပီး က်န္းမာတဲ့ ၾကက္ငွက္ေတြ ျဖစ္ေပးလို႔ ေက်းဇူးတင္ေၾကာင္း ေျပာၾကားတယ္လို႔လဲ သိရွိရပါတယ္။
ဒီလိုပြဲအေၾကာင္း လူမႈကြန္ယက္ေပၚမွာ ပို႔စ္အျဖစ္တင္တဲ့အခ်ိန္မွာေတာ့ ဂ်ပန္ႏိုင္ငံသားေတြေတာင္ အံ့ဩတႀကီး ျဖစ္ေနရပါတယ္။ေတာ္ေတာ္မ်ားမ်ားကေတာ့ “Wow..ငါတို႔ႏိုင္ငံမွာဒီလိုပြဲရွိတာေတာင္မသိဘူး””စိတ္ကူးေလးေတြက ေကာင္းလိုက္တာ””ေနာက္ႏွစ္ပြဲလုပ္ရင္ ႀကိဳေျပာေပးပါ”အစရွိသျဖင့္ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။
Pyi Hein Kyaw
Unicode ဖြင့်ဖတ်ရန်
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တော်တော်များများမှာ အလေ့အကျင့်တစ်ခုရှိပါတယ်။အဲဒါကတော့ သေဆုံးသွားပြီးသားသူတစ်ယောက်ကို ရည်လည်ဆွမ်းသွတ်တဲ့ အလေ့အကျင့်ပါပဲ။အဲဒီလိုလုပ်ခြင်းက သေသွားတဲ့သူကို ကောင်းတဲ့ဘုံကိုရောက်အောင် ဘုန်းကြီးတရားနာပင့်ပြီး ကုသိုလ်ပေးအမျှပေးဝေပြုလုပ်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ မွန်မြတ်တဲ့အလေ့အကျင့်တစ်ခုပါပဲ။အခုတစ်ခါကတော့ ဗုဒ္ဓဘာသာဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်မှာ ကြက်တွေကို ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ပေးတဲ့ပွဲတစ်ခုပါ။
ဂျပန်နိုင်ငံKFCရုံးချုပ်မှ ဦးဆောင်ပြီး စားသုံးခဲ့တဲ့ ကြက်တွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှုပွဲလေးကို တစ်နှစ်တစ်ခါပုံမှန်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ဒီလိုလုပ်ပေးခြင်းဟာ ကြက်တွေကို ကျေးဇူးတင်ကြောင်း ပြသတဲ့ ပွဲလေးတစ်ခုဆိုလဲ မမှားပါဘူး။
ဒီပွဲလေးကို (၁၉၇၄)ခုနှစ်ထဲက စတင်ကျင်းပခဲ့တာ ဖြစ်ပြီး နှစ်စဉ် ဂျပန်KFCရုံးမှ ဝန်ထမိးများ၊အသားရောင်းသူတွေ၊စားသောက်ဆိုင်ပိုင်ရှင်တွေ တက်ရောက်လေ့ရှိပါတယ်။ ဒီပွဲမှာ နှစ်စဉ် ကြက်ငှက်ပေါင်း ၂၂သန်းကျော်ကို မေတ္တာပို့ပေးပြီး ကျန်းမာတဲ့ ကြက်ငှက်တွေ ဖြစ်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားတယ်လို့လဲ သိရှိရပါတယ်။
ဒီလိုပွဲအကြောင်း လူမှုကွန်ယက်ပေါ်မှာ ပို့စ်အဖြစ်တင်တဲ့အချိန်မှာတော့ ဂျပန်နိုင်ငံသားတွေတောင် အံ့ဩတကြီး ဖြစ်နေရပါတယ်။တော်တော်များများကတော့ “Wow..ငါတို့နိုင်ငံမှာဒီလိုပွဲရှိတာတောင်မသိဘူး””စိတ်ကူးလေးတွေက ကောင်းလိုက်တာ””နောက်နှစ်ပွဲလုပ်ရင် ကြိုပြောပေးပါ”အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။
Pyi Hein Kyaw
Credit:
Thee Say Chin
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments