
အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာဝ္ဝ္ဟာ သီခ်င္းေရး၊ သီခ်င္းဆိုပါေကာင္းတဲ့ ဂီတဂု႐ုႀကီးတစ္ဦး ျဖစ္ပါတယ္။ စိုင္းဆိုင္ေမာဝ္ဟာ သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလ်ွာက္ ေအာင္ျမင္မႈေတြရရိွခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို မ်ားစြာရရိွခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ ဇန္နဝါရီ္လ (၃) ရက္ေန႔မွာေတာ့ စိုင္းဆိုင္ေမာဝ္ ေဆးရံုတက္ေနစဥ္ ကြယ္လြန္သြားခဲ့ၿပီဆိုတဲ့ သတင္းအမွားေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ စိုင္းဆိုင္ေမာဝ္နဲ႔ နီးစပ္ရာမိတ္ေဆြေတြက စိုင္းဆိုင္ေမာဝ္ က်န္းမာေရးအေျခအေန မစိုးရိမ္ရေၾကာင္း ႐ွင္းလင္းခဲ့ၾကပါတယ္။

စိုင္းဆိုင္ေမာဝ္ ေဆးရံုတက္ေနရတယ္ဆိုတဲ့သတင္းေၾကာင့္ စိုင္းဆိုင္ေမာဝ္ရဲ႕ ဇနီးနဲ႔ သားျဖစ္သူတို႔လည္း ေရာက္ရိွလာၿပီး စိုင္းဆိုင္ေမာဝ္အတြက္ လိုအပ္တာမွန္သမ်ွကို ျဖည့္စည့္ေဆာင္ရြက္ေပးေနၾကတာပဲ ျဖစ္ပါတယ္။

စိုင္းဆိုင္ေမာဝ္ကေတာ့ က်န္းမာေရးမေကာင္းလို႔ ေဆးရံုမွာ ေဆးကုသမႈခံယူေနရေပမယ့္ သူ႔ရဲ႕ ဇနီးနဲ႔ သားေလးကို ျပန္ေတြ႔ရတဲ့အခ်ိန္မွာ အရမ္းဝမ္းသာေနၿပီး သားေလးကို အရိပ္တၾကည့္ၾကည့္ ျဖစ္ေနတာကို ေတြ႔ရပါတယ္။

ေဆးကုသမႈခံယူေနရတဲ့ စိုင္းဆိုင္ေမာဝ္က ဇနီးနဲ႔သား ေရာက္ရိွလာလို႔ ပိုၿပီး အားရိွလာတဲ့ပံုပဲေနာ္။ ပရိသတ္ႀကီးလည္း စိုင္းဆိုင္ေမာဝ္ အျမန္ဆံုး က်န္းမာလာပါေစလို႔ ဆုေတာင္းေပးၾကပါဦးေနာ္။
Unicode
နေမကောင်းဖြစ်နေတာတောင် သားဖြစ်သူကို အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ စိုင်းဆိုင်မောဝ်
အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဝ်ဟာ သီချင်းရေး၊ သီချင်းဆိုပါကောင်းတဲ့ ဂီတဂုရုကြီးတစ်ဦး ဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်ဟာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ်လ (၃) ရက်နေ့မှာတော့ စိုင်းဆိုင်မောဝ် ဆေးရုံတက်နေစဉ် ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် စိုင်းဆိုင်မောဝ်နဲ့ နီးစပ်ရာမိတ်ဆွေတွေက စိုင်းဆိုင်မောဝ် ကျန်းမာရေးအခြေအနေ မစိုးရိမ်ရကြောင်း ရှင်းလင်းခဲ့ကြပါတယ်။
စိုင်းဆိုင်မောဝ် ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်းကြောင့် စိုင်းဆိုင်မောဝ်ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့လည်း ရောက်ရှိလာပြီး စိုင်းဆိုင်မောဝ်အတွက် လိုအပ်တာမှန်သမျှကို ဖြည့်စည့်ဆောင်ရွက်ပေးနေကြတာပဲ ဖြစ်ပါတယ်။
စိုင်းဆိုင်မောဝ်ကတော့ ကျန်းမာရေးမကောင်းလို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပေမယ့် သူ့ရဲ့ ဇနီးနဲ့ သားလေးကို ပြန်တွေ့ရတဲ့အချိန်မှာ အရမ်းဝမ်းသာနေပြီး သားလေးကို အရိပ်တကြည့်ကြည့် ဖြစ်နေတာကို တွေ့ရပါတယ်။
ဆေးကုသမှုခံယူနေရတဲ့ စိုင်းဆိုင်မောဝ်က ဇနီးနဲ့သား ရောက်ရှိလာလို့ ပိုပြီး အားရှိလာတဲ့ပုံပဲနော်။ ပရိသတ်ကြီးလည်း စိုင်းဆိုင်မောဝ် အမြန်ဆုံး ကျန်းမာလာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။
0 Comments