ရန္ကုန္ၿမိဳ႕သို႔ တ႐ုတ္ကားနံပါတ္တပ္ ယာဥ္မ်ား ဝင္လာမႈ လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ားျပား

ရန္ကုန္၊ ဇန္နဝါရီ ၃၀

ရန္ကုန္ၿမိဳ႕သို႔ ယေန႔ တ႐ုတ္ကားနံပါတ္တပ္ ယာဥ္ ၈ စီး ဝင္ေရာက္လာမႈကို လူမႈကြန္ရက္မ်ားတြင္ ဓာတ္ပုံမ်ားႏွင့္တကြ ေဖာ္ျပၾကၿပီး ရန္ကုန္ၿမိဳ႕ခံမ်ားအၾကား ေဝဖန္မႈမ်ားျမင့္တက္လ်က္ရွိသည္။

လူမႈကြန္ရက္တြင္ ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ရန္ကုန္ၿမိဳ႕ တိုးဂိတ္သို႔ ကားမ်ား တန္းစီ ဝင္ေရာက္လာသည့္ ပုံကို စတင္ တင္ခဲ့ၿပီး ရန္ကုန္-ျပည္လမ္းအတိုင္း ကားမ်ား ေမာင္းႏွင္သြားသည့္ ဓာတ္ပုံမ်ားကို ယေန႔ ညေနပိုင္းတြင္ ေဖာ္ျပခဲ့သည္။

တ႐ုတ္နိုင္ငံတြင္ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္မႈ ျဖစ္ပြားေနခ်ိန္ျဖစ္၍ တ႐ုတ္နံပါတ္တပ္ကားမ်ား ဝင္ေရာက္လာျခင္း အေပၚ ရန္ကုန္ၿမိဳ႕ခံမ်ားက ထိေရာက္စြာ စစ္ေဆးသင့္သည္၊ ဗိုင္းရပ္စ္ကူးစက္နိုင္သည္စသည္ျဖင့္ အျမင္အမ်ိဳးမ်ိဳးျဖင့္ ေဝဖန္ေနၾကသည္။

အလားတူ အဆိုပါ တ႐ုတ္ကားနံပါတ္တပ္ကားမ်ားကို ျမင္ေတြ႕လိုက္ရေသာ အျခားေသာ လူမႈကြန္ရက္အေကာင့္ပိုင္ရွင္မ်ားကလည္း ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ယင္းကားမ်ားကို ျဖတ္သန္းမႈမ်ားကို ဓာတ္ပုံရိုက္၍ တင္ျပထားၾကသည္။

Wai Yan Kha အေကာင့္ပိုင္ရွင္ကလည္း တ႐ုတ္နံပါတ္တပ္ ကား ၈ စီးကို ဘီးလင္းတိုးဂိတ္တြင္ တန္းစီျမင္ေတြ႕ရပုံကို ယေန႔ နံနက္ပိုင္းက ဓာတ္ပုံႏွင့္တကြ တင္ျပထားသည္ကို ေတြ႕ရသည္။

Soe San Aung အေကာင့္ပိုင္ရွင္ကလည္း တ႐ုတ္ကားနံပါတ္တပ္ကားတစ္စီး လွည္းတန္းကုန္းေက်ာ္တံတားေပၚကို ျဖတ္သန္းေနပုံတင္ထားၿပီး Nay Chi အေကာင့္ပိုင္ရွင္ကလည္း ေရႊတိဂုံဘုရားေတာင္ဘက္မုခ္မွာ တန္းစီ ရပ္ထားတဲ့ ကား၈စီးဟူ၍ အမည္တပ္ကာ လူမႈကြန္ရက္တြင္ မၽွေဝထားသည္။

အဆိုပါကားမ်ားသည္ ခရီးၾကမ္းေမာင္းကားမ်ားျဖစ္ၿပီး ျမန္မာနိုင္ငံတြင္းစီမံကိန္းတစ္ခုခုမွ ကားမ်ားလား၊ တ႐ုတ္-ျမန္မာနယ္စပ္မွ ဝင္ေရာက္လာေသာ ကားမ်ားလား၊ အစိုးရ၏ ခြင့္ျပဳခ်က္ တစ္ခုခုျဖင့္ ဝင္ေရာက္လာေသာ ကားမ်ားလား ဆိုသည္ကို ရန္ကုန္ေခတ္သစ္ အေနျဖင့္ အတည္မျပဳနိုင္ပါ။

အျမန္လမ္းရဲတပ္ဖြဲ႕႐ုံး ဒုတပ္ဖြဲ႕စုမႉး႐ုံး(ရန္ကုန္) သို႔ တ႐ုတ္ကားမ်ား ရန္ကုန္တိုးဂိတ္ျဖတ္သန္း၍ ဝင္ေရာက္မႈကို သိရွိပါသလား ဟု ဆက္သြယ္ေမးျမန္းရာ ပဲခူးဘက္မွ လာေသာ ကားမ်ားျဖစ္ပါက မသိနိုင္ေၾကာင္း ေျပာဆိုသည္။

“ပဲခူးဘက္က တက္လာတာဆိုရင္ေတာ့ မသိနိုင္ဘူး။ ဘယ္လိုခြင့္ျပဳခ်က္နဲ႔ သြားလဲ မသိနိုင္ဘူး” ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ရန္ကုန္ၿမိဳ႕မွ အမွတ္(၂)ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးသို႔ ဆက္သြယ္ေမးျမန္းရာတြင္ ယာဥ္အေထာက္အထားျပသနိုင္ၿပီး နိုင္ငံကူးလက္မွတ္ႏွင့္ တရားဝင္ ဗီဇာျပသနိုင္လၽွင္ မည္သည့္နိုင္ငံမွ ကားမဆို ရန္ကုန္လမ္းမမ်ားေပၚတြင္ ေမာင္းႏွင္ခြင့္ရွိေၾကာင္း ေျပာဆိုသည္။

Photo credit – Soe San Aung , Nay Chi, Wai Yan Kha Facebook





www.khitthitnews.com






Unicode










ရန်ကုန်မြို့သို့ တရုတ်ကားနံပါတ်တပ် ယာဉ်များ ဝင်လာမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့သို့ ယနေ့ တရုတ်ကားနံပါတ်တပ် ယာဉ် ၈ စီး ဝင်ရောက်လာမှုကို လူမှုကွန်ရက်များတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကြပြီး ရန်ကုန်မြို့ခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်တွင် ရန်ကုန်မြို့ခံတစ်ဦးက ရန်ကုန်မြို့ တိုးဂိတ်သို့ ကားများ တန်းစီ ဝင်ရောက်လာသည့် ပုံကို စတင် တင်ခဲ့ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း ကားများ မောင်းနှင်သွားသည့် ဓာတ်ပုံများကို ယနေ့ ညနေပိုင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားနေချိန်ဖြစ်၍ တရုတ်နံပါတ်တပ်ကားများ ဝင်ရောက်လာခြင်း အပေါ် ရန်ကုန်မြို့ခံများက ထိရောက်စွာ စစ်ဆေးသင့်သည်၊ ဗိုင်းရပ်စ်ကူးစက်နိုင်သည်စသည်ဖြင့် အမြင်အမျိုးမျိုးဖြင့် ဝေဖန်နေကြသည်။

အလားတူ အဆိုပါ တရုတ်ကားနံပါတ်တပ်ကားများကို မြင်တွေ့လိုက်ရသော အခြားသော လူမှုကွန်ရက်အကောင့်ပိုင်ရှင်များကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယင်းကားများကို ဖြတ်သန်းမှုများကို ဓာတ်ပုံရိုက်၍ တင်ပြထားကြသည်။

Wai Yan Kha အကောင့်ပိုင်ရှင်ကလည်း တရုတ်နံပါတ်တပ် ကား ၈ စီးကို ဘီးလင်းတိုးဂိတ်တွင် တန်းစီမြင်တွေ့ရပုံကို ယနေ့ နံနက်ပိုင်းက ဓာတ်ပုံနှင့်တကွ တင်ပြထားသည်ကို တွေ့ရသည်။

Soe San Aung အကောင့်ပိုင်ရှင်ကလည်း တရုတ်ကားနံပါတ်တပ်ကားတစ်စီး လှည်းတန်းကုန်းကျော်တံတားပေါ်ကို ဖြတ်သန်းနေပုံတင်ထားပြီး Nay Chi အကောင့်ပိုင်ရှင်ကလည်း ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ တန်းစီ ရပ်ထားတဲ့ ကား၈စီးဟူ၍ အမည်တပ်ကာ လူမှုကွန်ရက်တွင် မျှဝေထားသည်။

အဆိုပါကားများသည် ခရီးကြမ်းမောင်းကားများဖြစ်ပြီး မြန်မာနိုင်ငံတွင်းစီမံကိန်းတစ်ခုခုမှ ကားများလား၊ တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်လာသော ကားများလား၊ အစိုးရ၏ ခွင့်ပြုချက် တစ်ခုခုဖြင့် ဝင်ရောက်လာသော ကားများလား ဆိုသည်ကို ရန်ကုန်ခေတ်သစ် အနေဖြင့် အတည်မပြုနိုင်ပါ။

အမြန်လမ်းရဲတပ်ဖွဲ့ရုံး ဒုတပ်ဖွဲ့စုမှူးရုံး(ရန်ကုန်) သို့ တရုတ်ကားများ ရန်ကုန်တိုးဂိတ်ဖြတ်သန်း၍ ဝင်ရောက်မှုကို သိရှိပါသလား ဟု ဆက်သွယ်မေးမြန်းရာ ပဲခူးဘက်မှ လာသော ကားများဖြစ်ပါက မသိနိုင်ကြောင်း ပြောဆိုသည်။

“ပဲခူးဘက်က တက်လာတာဆိုရင်တော့ မသိနိုင်ဘူး။ ဘယ်လိုခွင့်ပြုချက်နဲ့ သွားလဲ မသိနိုင်ဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်မြို့မှ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ယာဉ်အထောက်အထားပြသနိုင်ပြီး နိုင်ငံကူးလက်မှတ်နှင့် တရားဝင် ဗီဇာပြသနိုင်လျှင် မည်သည့်နိုင်ငံမှ ကားမဆို ရန်ကုန်လမ်းမများပေါ်တွင် မောင်းနှင်ခွင့်ရှိကြောင်း ပြောဆိုသည်။

Photo credit – Soe San Aung , Nay Chi, Wai Yan Kha Facebook









www.khitthitnews.com