လက္ခံထားတဲ့ ဇာတ္ကား ၂ ကားစလုံးက တ႐ုတ္မွာ ႐ိုက္ရမွာ။သင္ဇာဝင့္ေက်ာ္တစ္ေယာက္ ႐ုပ္ရွင္႐ိုက္ဖို႔လက္ခံထားတဲ့ ဇာတ္ကားေတြက တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရး ဇာတ္ကားေတြ ျဖစ္ေနပါတယ္တဲ့။ တ႐ုတ္ျပည္မွာ သြား႐ိုက္ရမွာျဖစ္လို႔ အရမ္း စိတ္ပူတယ္လို႔ ဆိုပါတယ္။
သင္ဇာဝင့္ေက်ာ္ကေတာ့ က်န္းမာေရးမေကာင္းတဲ့အတြက္ အလုပ္ေတြ ခဏ နားခဲ့ရတယ္လို႔ဆိုပါတယ္။ ေဖေဖာ္ဝါရီလ အတြင္းမွာေတာ့ အလုပ္ေတြကို တစိုက္မတ္မတ္ ျပန္လုပ္ေတာ့မယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။
Image may contain: 4 people, people standing
“ ဒီရက္ပိုင္းမွာ သင္ဇာ ေဆး႐ုံတက္ခဲ့ရတယ္။ အရည္က်ိတ္တစ္ခု ခြဲတာေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္ ေဖေဖာ္ဝါရီလထဲမွာ ဇာတ္ကား႐ိုက္ေတြေရာ၊ နယ္သီခ်င္းဆိုတာေတြေရာ၊ ေၾကာ္ျငာ႐ိုက္တာေတြေရာ ေတာက္ေလွ်ာက္လုပ္သြားဖို႔ ရွိပါတယ္။ တ႐ုတ္ျပည္မွာ ဇာတ္ကားသြား႐ိုက္ဖို႔ကလည္း မေသခ်ာေသးဘူး။ အဆင္ေျပတယ္ဆိုရင္ေတာ့ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ သြား႐ိုက္ျဖစ္မွာပါ” လို႔ သူကဆိုပါတယ္။
Image may contain: 4 people, people smiling, people standing, possible text that says 'AMAZING GRACE'
သင္ဇာဝင့္ေက်ာ္ဟာ တ႐ုတ္ျပည္မွာ ျဖစ္ေပၚေနတဲ့ ေရာဂါ ေတြေၾကာင့္လည္း စိတ္ပူေနတယ္လို႔ ဆိုပါတယ္။ ေသေသခ်ာခ်ာေလ့လာေနတယ္လို႔ ပရိသတ္ေတြ စိတ္မပူေအာင္ သူမက အခုလို ေျပာျပခဲ့ပါေသးတယ္။
Image may contain: 1 person, sitting
“ ဟိုမွာ ဇာတ္ကားသြား႐ိုက္ရမွာျဖစ္တဲ့အတြက္ စိတ္ပူမိတယ္၊ ဇာတ္ကားသြား႐ိုက္တုန္းကေတာ့ အဆင္ေျပၿပီး ျပန္တဲ့အခ်ိန္ ျမန္မာျပည္ထဲကို ဝင္ခြင့္မရေတာ့ဘူးဆိုရင္ အလကားေန ေသာင္တင္ေနမွာေလ။ ဒါေၾကာင့္ မသြားခင္မွာ ေသေသခ်ာခ်ာေလး စူးစမ္းေလ့လာၿပီးမွ သြားၾကမွာပါ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၃၀ ရက္ေန႔ ညက ျမျမ ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
Image may contain: 1 person, sitting
သင္ဇာဝင့္ေက်ာ္ဟာ ႐ုပ္ရွင္႐ိုက္ဖို႔ လက္ခံထားတဲ့ ဇာတ္ကားေတြက တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး ဇာတ္ကားေတြက ပိုမ်ားတယ္လို႔ ဆိုပါတယ္။“ လာကမ္းလွမ္းၾကတဲ့ ဇာတ္ကားေတြကလည္း တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး ဇာတ္ကားေတြခ်ည္းပဲ။ ႐ိုက္ရမယ့္ ဇာတ္ကား ၂ကားစလုံးေပါ့ေနာ္။ ဒါေပမယ့္ အားလုံးေသခ်ာသြားၿပီ၊ ဇာတ္ၫႊန္းလည္း ကိုယ့္လက္ထဲ ေရာက္ၿပီဆိုရင္ေတာ့ အေသးစိတ္ ေျပာျပေပးပါ့မယ္” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။
Image may contain: 1 person, smiling, standing and indoor
သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပုံအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သူမရဲ႕ခႏၶာကိုယ္အလွအပနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြက စတင္သိရွိ အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ၁၀ စုႏွစ္တစ္ခုကို ေက်ာ္လြန္လာခဲ့ပါၿပီ။ မၾကာခင္မွာေတာ့ သင္ဇာဝင့္ေက်ာ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ျမျမ ႐ုပ္ရွင္ဇာတ္ကားကလည္း ပရိသတ္အေရွ႕ကို ေရာက္ရွိလာေတာ့မွာပါ။
Image may contain: 1 person, possible text that says 'AMAZING GRACE'
ဆယ္လီရပ္ကြက္



Unicode





တရုတ်ပြည်မှာဇာတ်ကားရိုက်ပြီးရင် မြန်မာပြည်ထဲဝင်မရမှာ စိတ်ပူနေတဲ့ သင်ဇာဝင့်ကျော်


လက်ခံထားတဲ့ ဇာတ်ကား ၂ ကားစလုံးက တရုတ်မှာ ရိုက်ရမှာ။သင်ဇာဝင့်ကျော်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့လက်ခံထားတဲ့ ဇာတ်ကားတွေက တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်ကားတွေ ဖြစ်နေပါတယ်တဲ့။ တရုတ်ပြည်မှာ သွားရိုက်ရမှာဖြစ်လို့ အရမ်း စိတ်ပူတယ်လို့ ဆိုပါတယ်။



သင်ဇာဝင့်ကျော်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် အလုပ်တွေ ခဏ နားခဲ့ရတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာတော့ အလုပ်တွေကို တစိုက်မတ်မတ် ပြန်လုပ်တော့မယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“ ဒီရက်ပိုင်းမှာ သင်ဇာ ဆေးရုံတက်ခဲ့ရတယ်။ အရည်ကျိတ်တစ်ခု ခွဲတာပေါ့နော်။ အဲဒီအတွက်ကြောင့် ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားရိုက်တွေရော၊ နယ်သီချင်းဆိုတာတွေရော၊ ကြော်ငြာရိုက်တာတွေရော တောက်လျှောက်လုပ်သွားဖို့ ရှိပါတယ်။ တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ကလည်း မသေချာသေးဘူး။ အဆင်ပြေတယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သွားရိုက်ဖြစ်မှာပါ” လို့ သူကဆိုပါတယ်။



သင်ဇာဝင့်ကျော်ဟာ တရုတ်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါ တွေကြောင့်လည်း စိတ်ပူနေတယ်လို့ ဆိုပါတယ်။ သေသေချာချာလေ့လာနေတယ်လို့ ပရိသတ်တွေ စိတ်မပူအောင် သူမက အခုလို ပြောပြခဲ့ပါသေးတယ်။



“ ဟိုမှာ ဇာတ်ကားသွားရိုက်ရမှာဖြစ်တဲ့အတွက် စိတ်ပူမိတယ်၊ ဇာတ်ကားသွားရိုက်တုန်းကတော့ အဆင်ပြေပြီး ပြန်တဲ့အချိန် မြန်မာပြည်ထဲကို ဝင်ခွင့်မရတော့ဘူးဆိုရင် အလကားနေ သောင်တင်နေမှာလေ။ ဒါကြောင့် မသွားခင်မှာ သေသေချာချာလေး စူးစမ်းလေ့လာပြီးမှ သွားကြမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညက မြမြ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။



သင်ဇာဝင့်ကျော်ဟာ ရုပ်ရှင်ရိုက်ဖို့ လက်ခံထားတဲ့ ဇာတ်ကားတွေက တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားတွေက ပိုများတယ်လို့ ဆိုပါတယ်။“ လာကမ်းလှမ်းကြတဲ့ ဇာတ်ကားတွေကလည်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားတွေချည်းပဲ။ ရိုက်ရမယ့် ဇာတ်ကား ၂ကားစလုံးပေါ့နော်။ ဒါပေမယ့် အားလုံးသေချာသွားပြီ၊ ဇာတ်ညွှန်းလည်း ကိုယ့်လက်ထဲ ရောက်ပြီဆိုရင်တော့ အသေးစိတ် ပြောပြပေးပါ့မယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။



သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။


ဆယ်လီရပ်ကွက်