
၁၃ ေပေက်ာ္ရွည္တဲ့ မိေက်ာင္းႀကီးရဲ႕လည္ပင္းမွာ ဆိုင္ကယ္တာယာစြပ္ေနခဲ့တာ ျဖစ္ပါတယ္။အင္ဒိုနီးရွားမွာ ေရငန္မိေက်ာင္းတစ္ေကာင္ရဲ႕ လည္ပင္းမွာစြပ္မိေနတဲ့ ေမာ္ေတာ္ဆိုင္ကယ္တာယာကို ခြၽတ္ေပးၿပီး အသက္ရွင္လ်င္ ကယ္ဆယ္ႏိုင္သူအား ဆုေငြေပးမယ္လို႔ အာဏာပိုင္ေတြက ကမ္းလွမ္းထားပါတယ္။
အလယ္ပိုင္းဆူလာေဝစီၿမိဳ႕ေတာ္ ပါလူၿမိဳ႕မွာ ၁၃ ေပေက်ာ္ရွည္တဲ့ မိေက်ာင္းႀကီးတစ္ေကာင္ရဲ႕ လည္ပင္းကေန ဆိုင္ကယ္တာယာကို ခြၽတ္ေပးရမွာျဖစ္ပါတယ္။ မိေက်ာင္းရဲ႕လည္ပင္းကေန ဆိုင္ကယ္တာယာ ခြၽတ္ေပးႏိုင္သူဟာ ပမာဏ မေဖာ္ျပထားတဲ့ ဆုေငြရရွိမယ္လို႔ ဆိုပါတယ္။
ဗီဒီယိုမွတ္တမ္းတစ္ခုအရ ဆိုင္ကယ္တာယာ လည္ပင္းမွာစြပ္ေနတာေၾကာင့္ အသက္ရႉရခက္ၿပီး ေမာပန္းေနပုံေပါက္ေနတဲ့ မိေက်ာင္းကို ေတြ႕ခဲ့ရၿပီးေနာက္ပိုင္း ေဒသခံ သဘာဝပတ္ဝန္းက်င္နဲ႔ ေတာ႐ိုင္းတိရိစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးဆိုင္ရာ အာဏာပိုင္ေတြက မိေက်ာင္းလည္ပင္းမွ တာယာကိုခြၽတ္ေပးရန္ ႀကိဳးပမ္းခဲ့ၾကေပမဲ့ ႏွစ္နဲ႔ခ်ီၾကာတဲ့အထိ မေအာင္ျမင္ခဲ့ပါဘူး။ “မိေက်ာင္းအနားကို မကပ္ၾကဖို႔ သို႔မဟုတ္ သူ႔ရဲ႕ သြားလာေနထိုင္မႈကို မေႏွာင့္ယွက္ၾကဖို႔ ကြၽန္ေတာ္တို႔ ေမတၱာရပ္ခံပါတယ္”
လည္ပင္းမွာ ဆိုင္ကယ္တာယာစြပ္ေနတဲ့ မိေက်ာင္းႀကီးကို ၂၀၁၆ ခုႏွစ္အတြင္း စတင္ေတြ႕ရွိခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဆိုင္ကယ္တာယာက မိေက်ာင္းႀကီးကို ေျဖးေျဖခ်င္း သတ္ေနသလိုျဖစ္ေနမႈအေပၚ စိုးရိမ္ေနၾကပါတယ္။ ထို႔ေနာက္မွာေတာ့ သက္ဆိုင္ရာဌာနက မိေက်ာင္းလည္ပင္းမွ ဆိုင္ကယ္တာယာကို ခြၽတ္ေပးႏိုင္မယ့္သူကို ဆုေငြကမ္းလွမ္းၿပီး ရွာေဖြလာခဲ့တာလည္း ျဖစ္ပါတယ္။
သက္ဆိုင္ရာဌာနမွ အႀကီးအကဲက ဆုေၾကးေငြကို ၎ရဲ႕ကိုယ္ပိုင္ေငြျဖင့္ ေပးအပ္မယ္လို႔ဆိုပါတယ္။ အေပ်ာ္တမ္းသမားေတြကိုေတာ့ မိေက်ာင္းႀကီးနဲ႔ မ်က္ႏွာခ်င္းဆိုင္ရမယ့္ အႏၲရာယ္ရွိတဲ့ ယခုၿပိဳင္ပြဲမွာ ပါဝင္ျခင္းမျပဳရန္ သတိေပးထားခဲ့ပါတယ္။

ေတာ႐ိုင္းတိရိစာၦန္ ကယ္ဆယ္ေရးအေတြ႕အႀကဳံရွိသူေတြနဲ႔ ေတာ႐ိုင္းတိရိစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဆႏၵျပင္းျပသူေတြကိုသာ ကမ္းလွမ္းျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ “မိေက်ာင္းအနားကို မကပ္ၾကဖို႔ သို႔မဟုတ္ သူ႔ရဲ႕ သြားလာေနထိုင္မႈကို မေႏွာင့္ယွက္ၾကဖို႔ ကြၽန္ေတာ္တို႔ ေမတၱာရပ္ခံပါတယ္” လို႔ အလယ္ပိုင္းဆူလာေဝစီ Natural Resources Conservation Agency ရဲ႕ အႀကီးအကဲ Hasmuni Hasmar က ေျပာေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။
ဓူဝံ
မိကျောင်းကြီးရဲ့လည်ပင်းမှ တာယာကိုချွတ်ပေးနိုင်သူ ဆုငွေရမယ်လို့ အင်ဒိုအာဏာပိုင်များ ကမ်းလှမ်း
၁၃ ပေကျော်ရှည်တဲ့ မိကျောင်းကြီးရဲ့လည်ပင်းမှာ ဆိုင်ကယ်တာယာစွပ်နေခဲ့တာ ဖြစ်ပါတယ်။အင်ဒိုနီးရှားမှာ ရေငန်မိကျောင်းတစ်ကောင်ရဲ့ လည်ပင်းမှာစွပ်မိနေတဲ့ မော်တော်ဆိုင်ကယ်တာယာကို ချွတ်ပေးပြီး အသက်ရှင်လျင် ကယ်ဆယ်နိုင်သူအား ဆုငွေပေးမယ်လို့ အာဏာပိုင်တွေက ကမ်းလှမ်းထားပါတယ်။
အလယ်ပိုင်းဆူလာဝေစီမြို့တော် ပါလူမြို့မှာ ၁၃ ပေကျော်ရှည်တဲ့ မိကျောင်းကြီးတစ်ကောင်ရဲ့ လည်ပင်းကနေ ဆိုင်ကယ်တာယာကို ချွတ်ပေးရမှာဖြစ်ပါတယ်။ မိကျောင်းရဲ့လည်ပင်းကနေ ဆိုင်ကယ်တာယာ ချွတ်ပေးနိုင်သူဟာ ပမာဏ မဖော်ပြထားတဲ့ ဆုငွေရရှိမယ်လို့ ဆိုပါတယ်။
ဗီဒီယိုမှတ်တမ်းတစ်ခုအရ ဆိုင်ကယ်တာယာ လည်ပင်းမှာစွပ်နေတာကြောင့် အသက်ရှူရခက်ပြီး မောပန်းနေပုံပေါက်နေတဲ့ မိကျောင်းကို တွေ့ခဲ့ရပြီးနောက်ပိုင်း ဒေသခံ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အာဏာပိုင်တွေက မိကျောင်းလည်ပင်းမှ တာယာကိုချွတ်ပေးရန် ကြိုးပမ်းခဲ့ကြပေမဲ့ နှစ်နဲ့ချီကြာတဲ့အထိ မအောင်မြင်ခဲ့ပါဘူး။ “မိကျောင်းအနားကို မကပ်ကြဖို့ သို့မဟုတ် သူ့ရဲ့ သွားလာနေထိုင်မှုကို မနှောင့်ယှက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်”
လည်ပင်းမှာ ဆိုင်ကယ်တာယာစွပ်နေတဲ့ မိကျောင်းကြီးကို ၂၀၁၆ ခုနှစ်အတွင်း စတင်တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်တာယာက မိကျောင်းကြီးကို ဖြေးဖြေချင်း သတ်နေသလိုဖြစ်နေမှုအပေါ် စိုးရိမ်နေကြပါတယ်။ ထို့နောက်မှာတော့ သက်ဆိုင်ရာဌာနက မိကျောင်းလည်ပင်းမှ ဆိုင်ကယ်တာယာကို ချွတ်ပေးနိုင်မယ့်သူကို ဆုငွေကမ်းလှမ်းပြီး ရှာဖွေလာခဲ့တာလည်း ဖြစ်ပါတယ်။
သက်ဆိုင်ရာဌာနမှ အကြီးအကဲက ဆုကြေးငွေကို ၎င်းရဲ့ကိုယ်ပိုင်ငွေဖြင့် ပေးအပ်မယ်လို့ဆိုပါတယ်။ အပျော်တမ်းသမားတွေကိုတော့ မိကျောင်းကြီးနဲ့ မျက်နှာချင်းဆိုင်ရမယ့် အန္တရာယ်ရှိတဲ့ ယခုပြိုင်ပွဲမှာ ပါဝင်ခြင်းမပြုရန် သတိပေးထားခဲ့ပါတယ်။
တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးအတွေ့အကြုံရှိသူတွေနဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆန္ဒပြင်းပြသူတွေကိုသာ ကမ်းလှမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “မိကျောင်းအနားကို မကပ်ကြဖို့ သို့မဟုတ် သူ့ရဲ့ သွားလာနေထိုင်မှုကို မနှောင့်ယှက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” လို့ အလယ်ပိုင်းဆူလာဝေစီ Natural Resources Conservation Agency ရဲ့ အကြီးအကဲ Hasmuni Hasmar က ပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဓူဝံ
0 Comments