Zawgyi ဖြင့်ဖတ်ရန် ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူလူထုအတွက် YESC ကနေပြီးတော့ လျှပ်စစ်မီးပြတ်တောက်မယ့် နေ့ရက်တွေကို ကြိုတင်သတိပေးအကြောင်းကြားတာကိုတွေ့ရပါတယ်။ ပြတ်တောက်တဲ့ အကြောင်းအရင်းကတော့ Distibution Transformer တွေ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဖြစ်တယ်လို့ ကြေငြာချက်အရသိရပါတယ်။ထို့အပြင် သစ်ပင်သစ်ကိုင်း ခုတ်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်မှာဖြစ်တဲ့အတွက်ရန်ကုန်တိုင်းဒေသကြီး အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ဖောင်ကြီး၊ မှော်ဘီ၊ ဉက္ကံ၊ ကမာရွတ်၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဉက္ကလာပ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗိုလ်တထောင်၊ ရန်ကင်း၊ ပုဇွန်တောင်၊သင်္ဃန်းကျွန်း၊ တောင်ဉက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များရှိ ရပ်ကွက်အချို့မှာ လျှပ်စစ်မီးပြတ်တောက်မှာ ဖြစ်ပါတယ်။ပြတ်တောက်မယ့် နေ့ရက်နဲ့ အချိန်တွေကတော့ ယနေ့ နှင့် ၁၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အထက်ပါလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ ပြတ်တောက်မည့်အကြောင်းကို ကြိုတင် အသိပေးလိုက်ပါတယ်နော်။ အခုလိုမျိုး ဓာတ်အားယာယီပြတ်တောက်တဲ့အတွက်လည်း YESC မှ အများပြည်သူရဲ့ နားလည်ခွင့်လွှတ်ပေးမှုကိုမျှော်လင့်ကြောင်းလည်း ပါဝင်ပါတယ်။Writer – SMT( Shwe Yaung Lan)
0 Comments