LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
Lotayanet Burmese
-
January 14, 2020
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဝေဖန်မှုတွေမြင့်တက်နေတဲ့ မျိုးကြီးရဲ့ သီချင်းအသစ်..
အဆိုတော်မျိုးကြီးကတော့ အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကြောင့် ပရိသတ်တော်တော်များများရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ပါ။သူပါဝင်တဲ့ “Iron Cross” band ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကနေ အခုအချိန်အထိ ပရိသတ်တော်တော်များများရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။
အဆိုတော်မျိုးကြီးကတော့ များသောအားဖြင့် လူငယ်တွေကြိုက်နှစ်သက်ကျတဲ့ Rock ဂီတအမျိုးအစားတွေကို သီဆိုလေ့ရှိပြီး အထူးသဖြင့်ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ မျိုးကြီးရဲ့ “ပျံဝဲစိတ်”ဆိုတဲ့ သီချင်းလေးက ထွက်ရှိလာပြီပဲဖြစ်ပါတယ်။
ဒီသီချင်းအသစ်လေးရဲ့ MTV မှာတော့ အရင်ကပုံစံမျိုးနဲ့ မတူညီတဲ့ ပုံစံလေးနဲ့ ရိုက်ကူးထားခဲ့ပါတယ်။ဒီလိုရိုက်ကူးထားမှုကိုတော့ တစ်ချို့သောပရိသတ်တွေကတော့ အရင်လိုပုံစံမျိုးကိုသာကြိုက်နှစ်သက်ကြောင်းနဲ့ အခုလို ပုံစံရိုက်ကူးမှုကိုမလုပ်စေချင်ကြောင်းကို ဝေဖန်အကြံပေးပြောဆိုနေကြပါတယ်။
သီချင်းအသစ်နဲ့ ဗီဒီယိုလေးထွက်ရှိပြီး နာရီပိုင်းအတွင်းမှာတင် အခုလို ဝေဖန်မှုတွေကို တော်တော်လေးခံနေရတာလည်း ဖြစ်ပါတယ်။ပရိသတ်ကြီးတွေလည်း မျိုးကြီးရဲ့ အသစ်ထွက်ရှိလာတဲ့ သီချင်းလေးနဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုပြီး ပရိသတ်တွေရဲ့ အမြင်လေးတွေကို ပြောခဲ့ပေးပါဦး။
share from :maharmedianews
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမ္ဘာသတင်း
ကျန်းမာရေး
နည်းပညာ
ပညာရေး
မူခင်း
အားကစား
ဒေသန္တရသတင်းများ
ဖျော်ဖြေရေး
FACEBOOK
0 Comments