LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
Auto gear နဲ႔ ပ တ္ သတ္ၿပီး လုံး ဝ မလုပ္သင့္ တဲ့ အခ်က္ (၅) ခ်က္ ရွိိ ပါ တယ္
Auto gear နဲ႔ ပ တ္ သတ္ၿပီး လုံး ဝ မလုပ္သင့္ တဲ့ အခ်က္ (၅) ခ်က္ ရွိိ ပါ တယ္
Lotayanet Burmese
-
January 14, 2020
Zawgyiျဖင့္ဖတ္ရန္
၁။ auto gear က Parking (P) ကိုိထိုးေတာ့မယ္ဆိုရင္္ ကားကိုလုံးဝဘရိတ္နင္းၿပီးရပ္သြားမွ ထိုးပါ။ P ကိုထိုးလိုိက္တာနဲ႔ transmission ကိုိ ေသာ့ခတ္လိုက္သလိုပါပဲ။ locking pin လို႔ေခၚတဲ့ သံေခ်ာင္းဟာ transmission က ဂီယာအသြားေတြၾကားထဲ ထိုးပိတ္လိုက္ပါတယ္။ ကားမရပ္ေသးဘဲ P ထိုးလိုက္ရင္ အဲ့ lock pin က်ိဳးနိုင္ပါတယ္။
၂။ အေပၚကအခ်က္လိုိပါပဲ auto gear ကို reverse (R) မွ drive (D) ကိုေျပာင္းတာျဖစ္ျဖစ္ D မွ R ေျပာင္းတာျဖစ္ျဖစ္ ကားကို ဘရိိတ္နင္းၿပီး ရပ္သြားမွ ေျပာင္းရပါမယ္။ parking ထိုးတဲ့အခ်ိန္ ျဖစ္တတ္ပါတယ္။ ကားရွင္းလို႔အျမန္ထြက္/ဝင္လုပ္တဲ့အခါ သတိထားဖို႔လိုပါတယ္။ ကားေရွ႕ေရြ႕ေနတုန္း R ထိုးတာျဖစ္ျဖစ္ ေနာက္ေရြ႕ေနတုန္း D ျပန္ထိုးတာျဖစ္ျဖစ္လုပ္မိိရင္ transmission ထိိခိုက္ေစပါတယ္။ သေဘာက ကားရပ္ၿပီးမွ ဂီယာေျပာင္းရမွာျဖစ္လို႔ transmission က brake လုပ္ရမယ့္အလုပ္ကိုလုပ္ေပးရလို႔ပါ။
၃။ ကုုန္းဆင္းေတြမွာ neutral မထိုးရပါ။ အငွားယာဥ္ေမာင္းေတြ လုပ္ေလ့ရွိပါတယ္။ ကၽြန္ေတာ္တို႔လို ဆင္းရဲတဲ့နိုင္ငံအေနနဲ႔ ဆီီစားသက္သာေအာင္ ကုန္းဆင္းမွာ free ရိုက္တာ အျပစ္မေျပာပါဘူး။ အေမရိကန္မွာေတာင္ အဲ့လိုလုပ္ၾကလို႔ ျပည္နယ္ ၁၅ ခုမွာ ကုန္းဆင္း ဂီယာ N မထိုးရ ဥပေဒ ပါထုတ္ျပန္ထားပါတယ္။ ကုန္းဆင္း N ထိုးရင္ ဆီစားသက္သာတာမွန္ေပမယ့္ ကားရဲ့ ျပည့္ဝတဲ့ ထိန္းခ်ဳပ္မွုမရေတာ့ပါဘူး။ manual ကားေတြ free ရိုိက္တဲ့အခါ safe မျဖစ္သလိုပါပဲ။
ကား ကြန္ပ်ဳတာ ECU ဟာ N မွာရပ္ေနတယ္လို႔ သိရွိတဲ့အတြက္ ကားသြားေနတဲ့ အရွိန္အတိုင္း ဆီမေပးေတာ့ပါဘူး။ ဆီစားေလ်ာ့သြားေပမယ့္ transmission အတြက္လိုအပ္တဲ့ ေခ်ာဆီ အဝင္အထြက္ေလ်ာ့နည္းေစၿပီး ဂီယာေဘာက္စ္ အတြင္းပိုင္း ပြတ္တိုက္မွုကေန ပ်က္စီးနိုင္ပါတယ္။ ေနာက္ပိုင္းကားေတြမွာေတာ့ ကုန္းဆင္းမွာ D နဲ႔သြားရင္ေတာင္ auto ဆီျဖတ္ေပးတဲ့ နည္းပညာေတြ ပါပါတယ္။
၄။ အဲလိုပါပဲ မီးပိြဳဳင့္ေတြမွာ ေစာင့္တဲ့အခ်ိန္ N ကိုမထိုးရပါဘူး။ မီးပိုင့္မွာ D နဲ႔ brake နင္းၿပီးေစာင့္ေနတာထက္ ဆီစားသက္သာတာ မွွန္ေပမယ့္္ မီးစိမ္းလိုိ႔ သတိေမ့ၿပီး N နဲ႔လီဗာနင္း ထြက္တဲ့အခါ ကားကမေရြ႕ဘဲ အင္ဂ်င္သံဂ်ီးထြက္လာမွ ခ်က္ခ်င္း သတိရၿပီး D ကိုတန္းထိုးရင္ transmission ထိပါမယ္။ ဒါ့အျပင္ plainဂ်ီး လီဗာနင္းမိလိုက္တဲ့ အတြက္ ေႁခြတာထားတဲ့ ဆီထက္ပိုိကုန္သြားပါၿပီ။
၅။ ေနာက္ဆုံးအခ်က္ကေတာ့ လူငယ္ေတြအေနနဲ႔ဲ Fast & Furious ဇာတ္ကားေတြၾကည့္ၿပီး ကားမထြက္ခင္္ ဂီယာကိုိ N မွာအသင့္ထားၿပီး တ ျဗဲျဗဲနဲ႔ လီဗာေႂကြးထားမယ္။ ၿပီးတာနဲ႔ ဒုံးဆို D ကိုတန္းထိုးၿပီး အျမန္ထြက္တဲ့ လုပ္ရပ္ေတြဟာ transmission bands ေတြကိုလည္း အျမန္ဆုံးပြန္းစားေစပါတယ္။ transmission band ဆိုတာကေတာ့ အင္ဂ်င္နဲ႔ transmission အခ်ိတ္/အျဖဳတ္မွာ ဂီယာအုံေတြကိုိ လိုသလို ဆြဲဖမ္းေပးရတဲ့ စတီးလက္ေကာက္ေတြပါ။
ဂီယာN အေျခအေနမွာ transmission ဘက္ျခမ္းက ဂီယာအုံကို band ကဆြဲဖမ္းထားၿပီး အင္ဂ်င္ဘက္ျခမ္း (torque converter ရဲ့ impeller အျခမ္း) ကေတာ့လည္ေနပါမယ္။ လီဗာနင္းထားၿပီးD ကိုတန္းထိုးတာနဲ႔ band ကဆြဲဖမ္းထားတဲ့ ဂီယာအုံကို high rpm နဲ႔ဆြဲလွည့္လိုက္လို႔ band ေတြပြန္းစား ကုန္တာပါ။ မိမိရဲ့စနစ္မက်မွုနဲ႔ ဆီတစ္ေပါက္ ႏွစ္ေပါက္ေႁခြတာမိျခင္းရဲ့ေနာက္ကြယ္မွာ ဂီယာေဘာက္အႀကီးစားျပင္ဆင္မွုေတြျဖစ္ေပၚေစနိုင္ပါေၾကာင္းျဖင့္ …
Unicode ဖြင့်ဖတ်ရန်
Auto gear နဲ့ ပတ်သတ်ပြီး လုံးဝ မလုပ်သင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။ locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။
၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။ parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။ သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။
၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။ အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။ manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။
ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။ ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။ နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။
၄။ အဲလိုပါပဲ မီးပွိုုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။ ဒါ့အပြင် plainဂျီး လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။
၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ဲ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။ ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။ transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။
ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။ လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။ မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …
Share From shwewik
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments