ဇန္နဝါရီ ၁၀
ေဝေဝၿဖိဳး

ျပည္တြင္း၌ေက်ာက္မ်က္ရတနာ ေဈးကြက္မထူေထာင္နိုင္ပါက ျမန္မာနိုင္ငံ၏ဂုဏ္ သိကၡာႏွင့္ ရပ္တည္မွုေပ်ာက္သြားမည္ဟု ယေန႔ျပဳလုပ္သည့္ ရန္ကုန္ၿမိဳ့ရွိ Lotte Hotel ၌ ယေန႔ျပဳလုပ္သည့္ျပဳလုပ္သည့္ တတိယအႀကိမ္ေျမာက္ ရန္ကုန္အျပည္ ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာအေခ်ာထည္ႏွင့္ လက္ဝတ္ရတနာျပပြဲတြင္ ဦးၿဖိဳး မင္းသိန္းကေျပာသည္။

"ေဈးကြက္ေဖာ္ေဆာင္နိုင္မွုဟာ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆို ကုန္ၾကမ္းပ စၥည္းေတြကို ေဈးကြက္ထဲစနစ္တက်ေရာင္းခ်နိုင္ျခင္း မျပဳနိုင္ဘူးဆိုရင္ နိုင္ငံေတာ္ အတြက္လည္းအက်ိဳးမရွိနိုင္ဘူး။ ျမန္မာနိုင္ငံရဲ ဂုဏ္သိကၡာ၊ ျမန္မာနိုင္ငံရဲ့ ရပ္တည္ မွုကလည္း ေပ်ာက္သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို့ နိုင္ငံရဲ့ေဆာင္ရြက္ နိုင္မွုအတြက္ ေဈးကြက္ဟာအေရးႀကီးပါတယ္"ဟု ၎ကေျပာသည္။

ျမန္မာနိုင္ငံသည္ ေက်ာက္မ်က္ရတနာ သယံဇာတမ်ားေပါမ်ားစြာ ထြက္ရွိေသာ္ လည္း ျပည္တြင္းတြင္ ေဈးကြက္က်ယ္ျပန႔္စြာ တည္ေဆာက္နိုင္မွု အားနည္းေန သည္ဟုဆိုသည္။

ျပည္တြင္းေဈးကြက္ ထူေထာင္နိုင္ေရးႏွင့္ ပတ္သက္၍ ပိုမိုက်ယ္ျပန႔္သည့္ ေဈးကြက္ တစ္ခု တည္ေဆာက္နိုင္ရန္အတြက္ အားလုံးဝိုင္းဝန္းႀကိဳးစားရမည္ျဖစ္ၿပီး ျပည္ ေထာင္စုဝန္ႀကီးဌာနအသီးသီး၏ ဝိုင္းဝန္းကူညီပံ့ပိုးမွုမရွိဘဲ ေဈးကြက္တစ္ခုအား ထူေထာင္နိုင္မည္ မဟုတ္ေၾကာင္း ၎ကဆိုသည္။

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ ရွိသည့္အနက္ အလားအလာရွိသည့္ေနရာမွာ ရန္ ကုန္‌ျဖစ္ေသာေၾကာင့္ ရန္ကုန္ေဈးကြက္ႀကီးကို ထူေထာင္နိုင္ရန္အတြက္ ႏွစ္စဥ္ က်င္းပေဆာင္ရြက္သည့္ ေက်ာက္မ်က္ရတနာျပပြဲ‌မ်ားကို အဆက္မျပတ္တြန္းအား ေပးလ်က္ရွိေၾကာင္း သိရသည္။

"နိုင္ငံတကာကလူေတြလည္း လာနိုင္ေအာင္၊ နိုင္ငံတကာက ဝယ္ယူသူေတြလည္း ျမန္မာနိုင္ငံမွာလာဝယ္နိုင္တဲ့ ေဈးကြက္တစ္ခုျဖစ္နိုင္ေအာင္၊ နိုင္ငံတကာက ျမန္မာ နိုင္ငံမွာ လာေရာင္းခ်နိုင္ေအာင္ ဒီအေျခအေနေတြကို ကၽြန္ေတာ္တို့ တိုင္းေဒသႀကီး အစိုးရဘက္ကေန တြန္းအားေပး ေဆာင္ရြက္ခဲ့တာ ရွိခဲ့ပါတယ္။"ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ႏွစ္စဥ္ႏွစ္တိုင္း ပိုမိုေကာင္းမြန္ၿပီး နိုင္ငံတကာ၏ စိတ္ဝင္စားမွုပိုမိုရရွိေအာင္ ႀကိဳးစားရမည္ျဖစ္ကာႀကိဳးစားမွုသည္ ပုဂၢလိကလုပ္ငန္း ရွင္မ်ားအတြက္သာမက နိုင္ငံ၏ဂုဏ္သိကၡာအတြက္ ရပ္တည္နိုင္မွုစြမ္းအားမ်ားႏွင့္ နိုင္ငံတကာေဈးကြက္ထဲတြင္ အေရးႀကီးသည့္ ေဈးကြက္တစ္ခုကဲ့သို့ ေပၚထြန္းလာ ရန္ လိုအပ္သည္ဟုဆိုသည္။

"ကၽြန္ေတာ္တို့ရဲ့ ေဈးကြက္ေတြေအာင္ျမင္လာမွ နိုင္ငံေအာင္ျမင္လာမွာ ျဖစ္ပါတယ္။ ပုဂၢလိကက႑ရဲ့ ဖြံ့ၿဖိဳးတိုးတက္မွုကို ေဆာင္ရြက္နိုင္မွ ကၽြန္ေတာ္တို့နိုင္ငံရဲ့ ဖြံ့ၿဖိဳး တိုးတက္မွုကို ေဆာင္ရြက္နိုင္မွာ ျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ ေဈးကြက္စီး ပြားေရးစနစ္ကို ေဆာင္ရြက္ေနတဲ့ အေျခအေနမွာ ပုဂၢလိကက႑ရဲ့ ေဆာင္ရြက္မွုကို ကၽြန္ေတာ္တို့က ဟန္ခ်က္ညီညီ ေပါင္းစပ္ညႇိႏွိုင္းေပးမွ ကၽြန္ေတာ္တို့ နိုင္ငံရဲ့ဖြံ့ၿဖိဳး တိုးတက္ေရးကို လုပ္နိုင္မွာျဖစ္ပါတယ္"ဟု ဦးၿဖိဳးမင္းသိန္းကေျပာသည္။

အဆိုပါကိစၥရပ္မ်ား အမွန္တကယ္ ျဖစ္ေျမာက္လာရန္အတြက္ အခြင့္အလမ္းမ်ား ဖန္ တီးေပးရန္၊ ေက်ာက္မ်က္ရတနာပစၥည္းမ်ား သြင္းလာနိုင္ရန္ႏွင့္ ဝယ္ယူသြားသည့္ ပ စၥည္းမ်ား ျပန္ထုတ္နိုင္ရန္ဆိုသည့္ က႑မ်ားသည္ျပည္ေထာင္စုဝန္ႀကီးဌာန အသီး သီးဘက္က စနစ္တက်စီမံေဆာင္ရြက္ေပးနိုင္မွသာလၽွင္ ေအာင္ျမင္မည္ဟုဆိုသည္။

#TheFifthWaveNews. #ဦးၿဖိဳးမင္းသိန္း #ေက်ာက္ျမတ္ေဈးကြက္ #ျမန္မာ့ဂုဏ္သိကၡာ




Unicode




ပြည်တွင်းကျောက်မျက်ဈေးကွက် မထူထောင်နိုင်ပါက မြန်မာ့ဂုဏ်သိက္ခာပျောက် သွားမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ဆို

ဇန်နဝါရီ ၁၀
ဝေဝေဖြိုး

ပြည်တွင်း၌ကျောက်မျက်ရတနာ ဈေးကွက်မထူထောင်နိုင်ပါက မြန်မာနိုင်ငံ၏ဂုဏ် သိက္ခာနှင့် ရပ်တည်မှုပျောက်သွားမည်ဟု ယနေ့ပြုလုပ်သည့် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယနေ့ပြုလုပ်သည့်ပြုလုပ်သည့် တတိယအကြိမ်မြောက် ရန်ကုန်အပြည် ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲတွင် ဦးဖြိုး မင်းသိန်းကပြောသည်။

"ဈေးကွက်ဖော်ဆောင်နိုင်မှုဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို ကုန်ကြမ်းပ စ္စည်းတွေကို ဈေးကွက်ထဲစနစ်တကျရောင်းချနိုင်ခြင်း မပြုနိုင်ဘူးဆိုရင် နိုင်ငံတော် အတွက်လည်းအကျိုးမရှိနိုင်ဘူး။ မြန်မာနိုင်ငံရဲ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ရပ်တည် မှုကလည်း ပျောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ဆောင်ရွက် နိုင်မှုအတွက် ဈေးကွက်ဟာအရေးကြီးပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ သယံဇာတများပေါများစွာ ထွက်ရှိသော် လည်း ပြည်တွင်းတွင် ဈေးကွက်ကျယ်ပြန့်စွာ တည်ဆောက်နိုင်မှု အားနည်းနေ သည်ဟုဆိုသည်။

ပြည်တွင်းဈေးကွက် ထူထောင်နိုင်ရေးနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သည့် ဈေးကွက် တစ်ခု တည်ဆောက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားရမည်ဖြစ်ပြီး ပြည် ထောင်စုဝန်ကြီးဌာနအသီးသီး၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုမရှိဘဲ ဈေးကွက်တစ်ခုအား ထူထောင်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ရှိသည့်အနက် အလားအလာရှိသည့်နေရာမှာ ရန် ကုန်‌ဖြစ်သောကြောင့် ရန်ကုန်ဈေးကွက်ကြီးကို ထူထောင်နိုင်ရန်အတွက် နှစ်စဉ် ကျင်းပဆောင်ရွက်သည့် ကျောက်မျက်ရတနာပြပွဲ‌များကို အဆက်မပြတ်တွန်းအား ပေးလျက်ရှိကြောင်း သိရသည်။

"နိုင်ငံတကာကလူတွေလည်း လာနိုင်အောင်၊ နိုင်ငံတကာက ဝယ်ယူသူတွေလည်း မြန်မာနိုင်ငံမှာလာဝယ်နိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်နိုင်အောင်၊ နိုင်ငံတကာက မြန်မာ နိုင်ငံမှာ လာရောင်းချနိုင်အောင် ဒီအခြေအနေတွေကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဘက်ကနေ တွန်းအားပေး ဆောင်ရွက်ခဲ့တာ ရှိခဲ့ပါတယ်။"ဟု ဝန်ကြီးချုပ်က ပြောသည်။

ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်နှစ်တိုင်း ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာ၏ စိတ်ဝင်စားမှုပိုမိုရရှိအောင် ကြိုးစားရမည်ဖြစ်ကာကြိုးစားမှုသည် ပုဂ္ဂလိကလုပ်ငန်း ရှင်များအတွက်သာမက နိုင်ငံ၏ဂုဏ်သိက္ခာအတွက် ရပ်တည်နိုင်မှုစွမ်းအားများနှင့် နိုင်ငံတကာဈေးကွက်ထဲတွင် အရေးကြီးသည့် ဈေးကွက်တစ်ခုကဲ့သို့ ပေါ်ထွန်းလာ ရန် လိုအပ်သည်ဟုဆိုသည်။

"ကျွန်တော်တို့ရဲ့ ဈေးကွက်တွေအောင်မြင်လာမှ နိုင်ငံအောင်မြင်လာမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မှ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီး ပွားရေးစနစ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ဆောင်ရွက်မှုကို ကျွန်တော်တို့က ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းပေးမှ ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်နိုင်မှာဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

အဆိုပါကိစ္စရပ်များ အမှန်တကယ် ဖြစ်မြောက်လာရန်အတွက် အခွင့်အလမ်းများ ဖန် တီးပေးရန်၊ ကျောက်မျက်ရတနာပစ္စည်းများ သွင်းလာနိုင်ရန်နှင့် ဝယ်ယူသွားသည့် ပ စ္စည်းများ ပြန်ထုတ်နိုင်ရန်ဆိုသည့် ကဏ္ဍများသည်ပြည်ထောင်စုဝန်ကြီးဌာန အသီး သီးဘက်က စနစ်တကျစီမံဆောင်ရွက်ပေးနိုင်မှသာလျှင် အောင်မြင်မည်ဟုဆိုသည်။

#TheFifthWaveNews. #ဦးဖြိုးမင်းသိန်း #ကျောက်မြတ်ဈေးကွက် #မြန်မာ့ဂုဏ်သိက္ခာ