Zawgyiျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာင္းသားလူငယ္ေတြၾကားမွာ ကာလရွည္ၾကာ လူႀကိဳက္မ်ားေရပန္းစားေနခဲ့တဲ့ ဗီဒီယိုဂိမ္းေတြကို သင္႐ိုးထဲထည့္သြင္းကာ သင္ၾကားဖို႔ ပီကင္းတကၠသိုလ္က ဆုံးျဖတ္လိုက္ပါတယ္။ ဘာသာရပ္အမည္အျဖစ္ General Video Gamesလို႔ ေခၚဆိုမွာ ျဖစ္ၿပီး သီအိုရီနဲ႔တကြ စနစ္တက် သင္ ၾကားပို႔ခ်သြားမယ္လို႔ သိရပါတယ္။ လက္ရွိဂိမ္းနယ္ပယ္မွာ နာမည္ေက်ာ္ၾကားေနတဲ့ ဂိမ္းပညာရွင္ေတြ ကိုဖိတ္ၾကားၿပီး ေက်ာင္းသူူေက်ာင္းသားေတြကို သင္ၾကားပို႔ခ်ေပးသြားမွာျဖစ္ပါတယ္။

သင္႐ိုးတစ္ခု လုံးသင္ၾကားၿပီးဆုံးတာနဲ႔ ကိုယ္ပိုင္ဗီဒီယိုဂိမ္းပေရာဂ်က္ေတြကိုပါ ေက်ာင္းသူေက်ာင္းသားေတြ ဒီဇိုင္းေရးဆြဲျပႏိုင္တဲ့အထိ ထိထိေရာက္ေရာက္ သင္ၾကားပို႔ခ်သြားမွာျဖစ္ပါတယ္။ လက္ခံသင္ၾကားဖို႔ ကန႔္သတ္ေက်ာင္းသားအေရအတြက္ ၁၂၀ဦးသာ ေၾကညာထားခဲ့ေပမယ့္ အဆိုပါဂိမ္းဘာသာရပ္ကို သင္ၾကားလိုသူမ်ားျပားေနခဲ့တာေၾကာင့္ သင္ယူခြင့္ေပးသူ ၁၅၀ဦးထိ တိုးျမႇင့္ေပးခဲ့ရတဲ့အျပင္ စာရင္း ေပးသြင္းမႈမျပဳဘဲ အလြတ္လာတက္ေနတဲ့ ျပင္ပေက်ာင္းသားေတြေတာင္ အေယာက္ ၅၀ေလာက္ ရွိတယ္လို႔သိရပါတယ္။

ဂိမ္းကစားနည္းကိုပဲသင္ၾကားတာမ်ိဳးမဟုတ္ဘဲ ဗီဒီယိုဂိမ္းနဲ႔ဆက္စပ္ေနတဲ့ နည္းပညာေတြ၊ ဂိမ္းနယ္ပယ္ရဲ႕လိုလားခ်က္ေတြ၊ ဂိမ္းမီဒီယာနဲ႔ ဂိမ္းစိတ္ပညာရပ္ေတြကိုပါ သင္ၾကားေပးတာျဖစ္ၿပီး ဘြဲ႕ခ်ီးျမႇင့္ေပးဖို႔လည္း ႀကိဳးပမ္းလ်က္ရွိတယ္လို႔ ဂိမ္းသင္ၾကားေရးဆရာ ခ်န္က်န္းက ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ဂိမ္းစီးပြားေရးေဈးကြက္က ကမာၻေပၚမွာအေကာင္းဆုံးျဖစ္ေန ပါတယ္။ ၂၀၁၇ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ဂိမ္းေဈးကြက္ကေန ဝင္ေငြ ေဒၚလာ ၃၂ ဘီလ်ံခန႔္ရရွိခဲ့ၿပီး အေမရိကန္ရဲ႕ဂိမ္းေဈးကြက္ဝင္ေငြထက္ ေဒၚလာ သန္း ၅၀၀ခန႔္ ပိုမ်ားတဲ့ပမာဏကို ရခဲ့တာျဖစ္ တယ္လို႔ ဂိမ္းနယ္ပယ္ရပ္ စစ္တမ္းေတြအရ သိရပါတယ္။

Unicode ဖြင့်ဖတ်ရန်

တရုတ်နိုင်ငံရဲ့ ကျောင်းသားလူငယ်တွေကြားမှာ ကာလရှည်ကြာ လူကြိုက်များရေပန်းစားနေခဲ့တဲ့ ဗီဒီယိုဂိမ်းတွေကို သင်ရိုးထဲထည့်သွင်းကာ သင်ကြားဖို့ ပီကင်းတက္ကသိုလ်က ဆုံးဖြတ်လိုက်ပါတယ်။ ဘာသာရပ်အမည်အဖြစ် General Video Gamesလို့ ခေါ်ဆိုမှာ ဖြစ်ပြီး သီအိုရီနဲ့တကွ စနစ်တကျ သင် ကြားပို့ချသွားမယ်လို့ သိရပါတယ်။ လက်ရှိဂိမ်းနယ်ပယ်မှာ နာမည်ကျော်ကြားနေတဲ့ ဂိမ်းပညာရှင်တွေ ကိုဖိတ်ကြားပြီး ကျောင်းသူူကျောင်းသားတွေကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်ရိုးတစ်ခု လုံးသင်ကြားပြီးဆုံးတာနဲ့ ကိုယ်ပိုင်ဗီဒီယိုဂိမ်းပရောဂျက်တွေကိုပါ ကျောင်းသူကျောင်းသားတွေ ဒီဇိုင်းရေးဆွဲပြနိုင်တဲ့အထိ ထိထိရောက်ရောက် သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ လက်ခံသင်ကြားဖို့ ကန့်သတ်ကျောင်းသားအရေအတွက် ၁၂၀ဦးသာ ကြေညာထားခဲ့ပေမယ့် အဆိုပါဂိမ်းဘာသာရပ်ကို သင်ကြားလိုသူများပြားနေခဲ့တာကြောင့် သင်ယူခွင့်ပေးသူ ၁၅၀ဦးထိ တိုးမြှင့်ပေးခဲ့ရတဲ့အပြင် စာရင်း ပေးသွင်းမှုမပြုဘဲ အလွတ်လာတက်နေတဲ့ ပြင်ပကျောင်းသားတွေတောင် အယောက် ၅၀လောက် ရှိတယ်လို့သိရပါတယ်။

ဂိမ်းကစားနည်းကိုပဲသင်ကြားတာမျိုးမဟုတ်ဘဲ ဗီဒီယိုဂိမ်းနဲ့ဆက်စပ်နေတဲ့ နည်းပညာတွေ၊ ဂိမ်းနယ်ပယ်ရဲ့လိုလားချက်တွေ၊ ဂိမ်းမီဒီယာနဲ့ ဂိမ်းစိတ်ပညာရပ်တွေကိုပါ သင်ကြားပေးတာဖြစ်ပြီး ဘွဲ့ချီးမြှင့်ပေးဖို့လည်း ကြိုးပမ်းလျက်ရှိတယ်လို့ ဂိမ်းသင်ကြားရေးဆရာ ချန်ကျန်းက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ဂိမ်းစီးပွားရေးဈေးကွက်က ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်နေ ပါတယ်။ ၂၀၁၇ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဂိမ်းဈေးကွက်ကနေ ဝင်ငွေ ဒေါ်လာ ၃၂ ဘီလျံခန့်ရရှိခဲ့ပြီး အမေရိကန်ရဲ့ဂိမ်းဈေးကွက်ဝင်ငွေထက် ဒေါ်လာ သန်း ၅၀၀ခန့် ပိုများတဲ့ပမာဏကို ရခဲ့တာဖြစ် တယ်လို့ ဂိမ်းနယ်ပယ်ရပ် စစ်တမ်းတွေအရ သိရပါတယ်။

Credit: XYZ News