ကမာၻသိ ေအာင္ျမင္ေက်ာ္ၾကားသူရဲ႕ဘဝေနခ်ိန္ေလးမွာ ေနာက္လူေတြသိဖို႔ ထားခဲ့တဲ့ သံေဝဂ သတိစကားေတြကို ျပန္လည္ေဝမွ်ေဝလိုက္ပါတယ္။

စတိဗ္ေဂ်ာ့စ္ရဲ႕ေနာက္ဆုံး စကားလုံးမ်ား (ဝါ) စတိဗ္ေဂ်ာ့စ္ရဲ႕သံေဝဂ။

က်ေနာ္ဟာစီးပြားေရးေလာကရဲ႕အထြတ္္အထိပ္ေအာင္ျမင္မႈေတြကို ရရွိခဲ့တယ္။

အျခားသူေတြရဲ႕မ်က္လုံးထဲမွာေတာ့ က်ေနာ့္ဘဝဟာေအာင္ျမင္ျခင္းရဲ႕စံနမူနာျပေပါ့။

ဒါေပမဲ့ က်ေနာ့္မွာ အလုပ္ကလြဲရင္ ေပ်ာ္႐ႊင္မႈဆိုတာ မရွိသေလာက္ပါပဲ။

မိတ္ေဆြ အခုလိုနည္းပညာေတြ တိုးတက္ေနတဲ့ေခတ္ႀကီးမွာ အရင္လို ၂လုံး၃လုံးထိုးေနတုန္းဘဲလား? အဆင္မေျပရင္ ဒီ app ေလးေျပာင္းသုံးၾကည့္ပါလား
ေနာက္ဆုံးေတာ့ က်ေနာ္နဲ႔ တစ္သားတည္း ရွိေနခဲ့တဲ့ ဓနဥစၥာဆိုတာလည္း ေလာကတံဟာ ဓမၼတာတရားပါပဲ။

အခုလို လူနာကုတင္ေပၚမွာလဲေလ်ာင္းေနရေတာ့က်ေနာ့္ဘဝတစ္ေလွ်ာက္လုံးကို ျပန္စဥ္းစားေနမိတယ္။

က်ေနာ္ဂုဏ္ယူခဲ့ရတဲ့ ဓနဥစၥာေတြနဲ႔ အသိအမွတ္ျပဳမႈေတြ အားလုံးဟာ ေသျခင္းတရားနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ရခါနီးအခ်ိန္မွာေတာ့ တျဖည္းျဖည္းနဲ႔ ေမွးမွိန္ၿပီး အဓိပၸာယ္မဲ့လာပါလားဆိုတာကို သေဘာေပါက္လာမိတယ္။

အေမွာင္ထဲမွာအသက္ကယ္စက္ပစၥည္းေတြဆီကအစိမ္းေရာင္မီးေလးေတြကို ၾကည့္ေနမိသလို၊ သူတို႔ဆီကတတီတီျမည္သံေလးေတြကိုလည္း ၾကားေနမိတယ္။

က်ေနာ္ခံစားႏိုင္တာကေတာ့ ယမမင္းရဲ႕အေငြ႕အသက္ေတြဟာ တျဖည္းျဖည္းနဲ႔ နီးကပ္လာၿပီဆိုတာကိုပါ။

က်ေနာ္အခု သိလာတာတစ္ခုက က်ေနာ့္ဘဝတစ္ခုလုံးခိုင္မာဖို႔ ကုံလုံျပည့္စုံတဲ့ ဓနဥစၥာေတြကို ရွာေဖြစုေဆာင္းေနတုန္းမွာပဲ၊ ဓနဥစၥာေတြနဲ႔ လားလားမွ မသက္ဆိုင္တဲ့တျခားအရာေတြ ေနာက္ကိုလည္း လိုက္ခဲ့သင့္တယ္ဆိုတာကိုပါ။

ပိုအေရးပါမယ့္ တခ်ိဳ႕အရာေလးေတြေပါ့။

ခ်စ္သံေယာဇဥ္ေႏွာင္ႀကိဳးေလးေတြ ျဖစ္ခ်င္ျဖစ္မယ္၊အႏုပညာပိုင္းဆိုင္ရာတစ္ခုခု ျဖစ္ခ်င္ျဖစ္မယ္၊ ဒါမွမဟုတ္ ငယ္ႏုစဥ္အခ်ိန္ေတြတုန္းက မက္ခဲ့ရတဲ့ အိပ္မက္ေတြျဖစ္ခ်င္ျဖစ္မယ္ေပ့ါေလ။

ဓနဥစၥာေနာက္ကို ေကာက္ေကာက္ပါေအာင္မရပ္မနားလိုက္ေနျခင္းဟာ က်ေနာ့္လိုမ်ိဳး မူမမွန္ေတာ့တဲ့ လူသားတစ္ဦးပုံစံမ်ိဳးကို ေျပာင္းလဲသြားေစပါလိမ့္မယ္။

ဘုရားသခင္ဟာ လူသားတိုင္းရဲ႕ႏွလုံးသားထဲက ခ်စ္ျခင္းေမတၱာတရားေတြကို ခံစားတတ္ေစဖို႔ အာ႐ုံကိုက်ေနာ္တို႔အတြက္ေပးသနားခဲ့ၿပီးသားပါ၊ ဒါဟာ ဓနဥစၥာေတြကေန ယူေဆာင္လာခဲ့တဲ့ အစြဲမွားမႈကို မဟုတ္ပါဘူး။

က်ေနာ့္ဘဝမွာ ရရွိပိုင္ဆိုင္ခဲ့တဲ့ ဓနဥစၥာေတြဟာက်ေနာ္နဲ႔အတူ သယ္ေဆာင္သြားလို႔ မရပါဘူး။

က်ေနာ္သယ္ေဆာင္သြားႏိုင္တဲ့ တစ္ခုတည္းေသာအရာကေတာ့ ခ်စ္ျခင္းေမတၱာတရားေတြဆီကေနျမစ္ဖ်ားခံလာတဲ့ အမွတ္ရစရာေတြပါပဲ။

ခ်စ္ျခင္းေမတၱာတရားသည္သာလွ်င္ ခင္ဗ်ားေနာက္ကိုပါမယ့္၊ ခင္ဗ်ားနဲ႔ အတူရွိေနမယ့္၊ ခင္ဗ်ားကို ေရွ႕ဆက္ဖို႔ ခြန္အားနဲ႔ အလင္းျပေပးမယ့္တကယ့္ခ်မ္းသာအစစ္ပါပဲ။

ေမတၱာတရားဆိုတာ မိုင္ေပါင္းမ်ားစြာ ခရီးဆက္ႏိုင္ပါတယ္၊ ဘဝဆိုတာကေတာ့ အကန႔္အသတ္မဲ့ေပါ့။

ဆႏၵရွိတဲ့ေနရာကို သြားလိုက္ပါ၊ တက္လွမ္းခ်င္တဲ့ဆီကို တက္လွမ္းလိုက္ပါ၊ အဲ့ဒီအရာေတြအားလုံးဟာ ခင္ဗ်ားရဲ႕ႏွလုံးသားနဲ႔ လက္တြင္းမွာပဲ ရွိေနတာပါ။

ကမာၻေပၚမွာ ေစ်းအႀကီးဆုံးကုတင္က ဘာပါလဲ။“လူနာကုတင္” ပါ။

လူတစ္ေယာက္ကို ကားေမာင္းခိုင္းဖို႔ ခင္ဗ်ားအလုပ္ခန႔္ႏိုင္တယ္၊ ပိုက္ဆံရွာဖို႔အတြက္လည္း ခင္ဗ်ား အလုပ္ခန႔္ႏိုင္တယ္၊ ဒါေပမဲ့ လူတစ္ေယာက္ကို ခင္ဗ်ားအတြက္ ဖ်ားနာေပးဖို႔ေတာ့ မတတ္ႏိုင္ပါဘူး။

႐ုပ္ဝတၳဳပစၥည္းေတြေပ်ာက္ဆုံးသြားရင္ ျပန္ရွာလို႔ ရႏိုင္ပါတယ္။ ဒါေပမဲ့ ေပ်ာက္ဆုံးသြားရင္ ဘယ္ေတာ့မွျပန္ရွာလို႔ မရႏိုင္ေတာ့တဲ့ အရာတစ္ခုလည္း ရွိပါတယ္။ “လူ႔ဘဝပါ”။

လူတစ္ေယာက္ဟာ ခြဲစိတ္ခန္းထဲကို ဝင္ရၿပီဆိုရင္၊သူ႔ေခါင္းထဲေပၚလာတာတစ္ခုက သူ႔မွာ ဇာတ္သိမ္းအထိဖတ္ဖို႔က်န္ေသးတဲ့ စာအုပ္တစ္အုပ္ေတာ့ ရွိေနေသးတယ္ဆိုတာကိုပါ။ “က်န္းမာတဲ့ဘဝဆိုတဲ့ စာအုပ္ေပ့ါ”။

က်ေနာ္တို႔ဟာ ဘဝစင္ျမင့္ထက္က ဘယ္ေနရာမွာပဲရွိေနသည္ျဖစ္ေစ၊ ဘဝကန႔္လန႔္ကာခ်ရမယ့္ ”တစ္ေန႔့ေန႔”ေတာ့ က်ေနာ္တို႔အားလုံးရင္ဆိုင္ၾကရမွာပါပဲ။

ကိုယ့္မိသားစုအတြက္၊ ကိုယ့္ဇနီးနဲ႔ ခင္ပြန္းအတြက္၊ ကိုယ့္မိတ္ေဆြေတြအတြက္ ခ်စ္ျခင္းေမတၱာေတြကိုျဖည္းဆည္းေပးစြမ္းလိုက္ၾကပါ။

ကိုယ့္ကိုယ္ကိုယ္လည္းေကာင္းေကာင္းဂ႐ုစိုက္ပါ၊အျခားသူမ်ားကိုလည္းျမတ္ႏိုးတန္ဖိုးထားေပးပါ။

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာသိ အောင်မြင်ကျော်ကြားသူရဲ့ဘဝနေချိန်လေးမှာ နောက်လူတွေသိဖို့ ထားခဲ့တဲ့ သံဝေဂ သတိစကားတွေကို ပြန်လည်ဝေမျှဝေလိုက်ပါတယ်။

စတိဗ်ဂျော့စ်ရဲ့နောက်ဆုံး စကားလုံးများ (ဝါ) စတိဗ်ဂျော့စ်ရဲ့သံဝေဂ။

ကျနော်ဟာစီးပွားရေးလောကရဲ့အထွတ်အထိပ်အောင်မြင်မှုတွေကို ရရှိခဲ့တယ်။

အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ကျနော့်ဘဝဟာအောင်မြင်ခြင်းရဲ့စံနမူနာပြပေါ့။

ဒါပေမဲ့ ကျနော့်မှာ အလုပ်ကလွဲရင် ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပါပဲ။

မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား
နောက်ဆုံးတော့ ကျနော်နဲ့ တစ်သားတည်း ရှိနေခဲ့တဲ့ ဓနဥစ္စာဆိုတာလည်း လောကတံဟာ ဓမ္မတာတရားပါပဲ။

အခုလို လူနာကုတင်ပေါ်မှာလဲလျောင်းနေရတော့ကျနော့်ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားနေမိတယ်။

ကျနော်ဂုဏ်ယူခဲ့ရတဲ့ ဓနဥစ္စာတွေနဲ့ အသိအမှတ်ပြုမှုတွေ အားလုံးဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့ရခါနီးအချိန်မှာတော့ တဖြည်းဖြည်းနဲ့ မှေးမှိန်ပြီး အဓိပ္ပာယ်မဲ့လာပါလားဆိုတာကို သဘောပေါက်လာမိတယ်။

အမှောင်ထဲမှာအသက်ကယ်စက်ပစ္စည်းတွေဆီကအစိမ်းရောင်မီးလေးတွေကို ကြည့်နေမိသလို၊ သူတို့ဆီကတတီတီမြည်သံလေးတွေကိုလည်း ကြားနေမိတယ်။

ကျနော်ခံစားနိုင်တာကတော့ ယမမင်းရဲ့အငွေ့အသက်တွေဟာ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတာကိုပါ။

ကျနော်အခု သိလာတာတစ်ခုက ကျနော့်ဘဝတစ်ခုလုံးခိုင်မာဖို့ ကုံလုံပြည့်စုံတဲ့ ဓနဥစ္စာတွေကို ရှာဖွေစုဆောင်းနေတုန်းမှာပဲ၊ ဓနဥစ္စာတွေနဲ့ လားလားမှ မသက်ဆိုင်တဲ့တခြားအရာတွေ နောက်ကိုလည်း လိုက်ခဲ့သင့်တယ်ဆိုတာကိုပါ။

ပိုအရေးပါမယ့် တချို့အရာလေးတွေပေါ့။

ချစ်သံယောဇဉ်နှောင်ကြိုးလေးတွေ ဖြစ်ချင်ဖြစ်မယ်၊အနုပညာပိုင်းဆိုင်ရာတစ်ခုခု ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ငယ်နုစဉ်အချိန်တွေတုန်းက မက်ခဲ့ရတဲ့ အိပ်မက်တွေဖြစ်ချင်ဖြစ်မယ်ပေ့ါလေ။

ဓနဥစ္စာနောက်ကို ကောက်ကောက်ပါအောင်မရပ်မနားလိုက်နေခြင်းဟာ ကျနော့်လိုမျိုး မူမမှန်တော့တဲ့ လူသားတစ်ဦးပုံစံမျိုးကို ပြောင်းလဲသွားစေပါလိမ့်မယ်။

ဘုရားသခင်ဟာ လူသားတိုင်းရဲ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားတွေကို ခံစားတတ်စေဖို့ အာရုံကိုကျနော်တို့အတွက်ပေးသနားခဲ့ပြီးသားပါ၊ ဒါဟာ ဓနဥစ္စာတွေကနေ ယူဆောင်လာခဲ့တဲ့ အစွဲမှားမှုကို မဟုတ်ပါဘူး။

ကျနော့်ဘဝမှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ဓနဥစ္စာတွေဟာကျနော်နဲ့အတူ သယ်ဆောင်သွားလို့ မရပါဘူး။

ကျနော်သယ်ဆောင်သွားနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ချစ်ခြင်းမေတ္တာတရားတွေဆီကနေမြစ်ဖျားခံလာတဲ့ အမှတ်ရစရာတွေပါပဲ။

ချစ်ခြင်းမေတ္တာတရားသည်သာလျှင် ခင်ဗျားနောက်ကိုပါမယ့်၊ ခင်ဗျားနဲ့ အတူရှိနေမယ့်၊ ခင်ဗျားကို ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းပြပေးမယ့်တကယ့်ချမ်းသာအစစ်ပါပဲ။

မေတ္တာတရားဆိုတာ မိုင်ပေါင်းများစွာ ခရီးဆက်နိုင်ပါတယ်၊ ဘဝဆိုတာကတော့ အကန့်အသတ်မဲ့ပေါ့။

ဆန္ဒရှိတဲ့နေရာကို သွားလိုက်ပါ၊ တက်လှမ်းချင်တဲ့ဆီကို တက်လှမ်းလိုက်ပါ၊ အဲ့ဒီအရာတွေအားလုံးဟာ ခင်ဗျားရဲ့နှလုံးသားနဲ့ လက်တွင်းမှာပဲ ရှိနေတာပါ။

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကုတင်က ဘာပါလဲ။“လူနာကုတင်” ပါ။

လူတစ်ယောက်ကို ကားမောင်းခိုင်းဖို့ ခင်ဗျားအလုပ်ခန့်နိုင်တယ်၊ ပိုက်ဆံရှာဖို့အတွက်လည်း ခင်ဗျား အလုပ်ခန့်နိုင်တယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို ခင်ဗျားအတွက် ဖျားနာပေးဖို့တော့ မတတ်နိုင်ပါဘူး။

ရုပ်ဝတ္ထုပစ္စည်းတွေပျောက်ဆုံးသွားရင် ပြန်ရှာလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားရင် ဘယ်တော့မှပြန်ရှာလို့ မရနိုင်တော့တဲ့ အရာတစ်ခုလည်း ရှိပါတယ်။ “လူ့ဘဝပါ”။

လူတစ်ယောက်ဟာ ခွဲစိတ်ခန်းထဲကို ဝင်ရပြီဆိုရင်၊သူ့ခေါင်းထဲပေါ်လာတာတစ်ခုက သူ့မှာ ဇာတ်သိမ်းအထိဖတ်ဖို့ကျန်သေးတဲ့ စာအုပ်တစ်အုပ်တော့ ရှိနေသေးတယ်ဆိုတာကိုပါ။ “ကျန်းမာတဲ့ဘဝဆိုတဲ့ စာအုပ်ပေ့ါ”။

ကျနော်တို့ဟာ ဘဝစင်မြင့်ထက်က ဘယ်နေရာမှာပဲရှိနေသည်ဖြစ်စေ၊ ဘဝကန့်လန့်ကာချရမယ့် ”တစ်နေ့နေ့”တော့ ကျနော်တို့အားလုံးရင်ဆိုင်ကြရမှာပါပဲ။

ကိုယ့်မိသားစုအတွက်၊ ကိုယ့်ဇနီးနဲ့ ခင်ပွန်းအတွက်၊ ကိုယ့်မိတ်ဆွေတွေအတွက် ချစ်ခြင်းမေတ္တာတွေကိုဖြည်းဆည်းပေးစွမ်းလိုက်ကြပါ။

ကိုယ့်ကိုယ်ကိုယ်လည်းကောင်းကောင်းဂရုစိုက်ပါ၊အခြားသူများကိုလည်းမြတ်နိုးတန်ဖိုးထားပေးပါ။

Credit_Original Uploader