ထန္တလန္ ဇန္နဝါရီ ၁၂

ခ်င္းျပည္နယ္ ဟ ထန္တလန္ၿမိဳ႕ အမွတ္(၁)ရပ္ကြက္ (ေက်ာင္းရပ္ကြက္) တင္းနစ္ပတ္ကြင္းလမ္းတြင္ ယေန႔ နံနက္ က မီးႂကြင္းမီးက်န္မွ စတင္၍ မီးေလာင္မႈျဖစ္ပြားခဲ့ရာ  လူႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ထန္တလန္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ယေန႔  နံနက္ ၂နာရီအခ်ိန္ခန႔္က  အဆိုပါ ရပ္ကြက္တြင္ တင္းနစ္ကြင္းပတ္လမ္းေန ဦးခၽြန္လ်န္(ဘ)ဦးဇမ္ဘီလ္ အသက္ (၉၀)ႏွစ္၏ ေနအိမ္ရွိ မီးႂကြင္းမီးက်န္မွ စတင္ေလာင္ခဲ့ၿပီး ဦးေရႊပဲန္း(ဘ)ဦးထပ္ပဲန္း အသက္(၆၄)ႏွစ္၏‌ေနအိမ္ အိမ္ႏွင့္ ဦးငြန္ဘြဲ၏ေနအိမ္ တစ္ျခမ္းအား ကူးစက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္သည္ ဟု ထန္တလန္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မီးေလာင္မႈေၾကာင့္ မီးစတင္ေလာင္ကၽြမ္းသည့္ေနအိမ္ပိုင္ရွင္ ဦးခၽြန္လ်န္(ဘ)ဦးဇမ္ဘီလ္ အသက္(၉၀)ႏွစ္ ႏွင့္၎၏ေျမးျဖစ္သူ ေမာင္က်ဳံးဟူးလ်န္(ဘ)ေရႊဘိခ့္အသက္(၁၀)ႏွစ္ စတုတၳတန္းေက်ာင္းသားတို႔ေသဆုံးခဲ့ရၿပီး ေဒၚဇိန္လွဲန္း အသက္(၅၂) ႏွစ္(ဘ)ဦးေထာင္မႈန္းႏွင့္ ေဒၚဖမ္ေမြေဘာရ္ အသက္(၂၈)ႏွစ္(ဘ)ဦးကဲပ္သူး တို႔မွာမီးေလာင္ဒဏ္ရာရရွိခဲ့သျဖင့္ ထန္တလန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသမႈ ခံခဲ့ရသည္
မီးေလာင္မႈေၾကာင့္ ထရန္စေဖာ္မာ(၂၀၀)KVA (၁)လုံးႏွင့္ Panel Box (၁)လုံး ဆုံးရႈံးမႈကာလတန္ဖိုး က်ပ္သိန္း(၂၂၀) ႏွင့္ လူေနအိမ္ ႏွစ္လုံးႏွင့္တစ္ျခမ္းမီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈခန္႔မွန္းတန္ဖိုး သိန္း(၃၀)စုစုေပါင္း ဆုံးရႈံးမႈခန႔္မွန္းတန္ဖိုး က်ပ္သိန္း(၂၅၀)ခန႔္ ဆုံးရႈံးခဲ့သည္။

မီးစတင္ေလာင္ကၽြမ္းသည့္ ေနအိမ္ပိုင္ရွင္ ဦးခၽြန္လ်န္(ဘ)ဦးဇမ္ဘီလ္ အသက္(၉၀)ႏွစ္အား ထန္တလန္ၿမိဳ႕မရဲစခန္းက ( ပ )၇/၂၀၂၀) ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၂၈၅ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားသည္။

R20
Photo.Iprd Thantlang

Unicode




ထန်တလန်မြို့ မီးလောင် မှု လူ(၂)ဦးသေဆုံး



ထန်တလန် ဇန်နဝါရီ ၁၂

ချင်းပြည်နယ် ဟ ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းတွင် ယနေ့ နံနက် က မီးကြွင်းမီးကျန်မှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ  လူနှစ်ဦးသေဆုံးခဲ့ကြောင်း ထန်တလန်မြို့မ ရဲစခန်းမှ သိရသည်။

ယနေ့  နံနက် ၂နာရီအချိန်ခန့်က  အဆိုပါ ရပ်ကွက်တွင် တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန်(ဘ)ဦးဇမ်ဘီလ် အသက် (၉၀)နှစ်၏ နေအိမ်ရှိ မီးကြွင်းမီးကျန်မှ စတင်လောင်ခဲ့ပြီး ဦးရွှေပဲန်း(ဘ)ဦးထပ်ပဲန်း အသက်(၆၄)နှစ်၏‌နေအိမ် အိမ်နှင့် ဦးငွန်ဘွဲ၏နေအိမ် တစ်ခြမ်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည် ဟု ထန်တလန်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့်နေအိမ်ပိုင်ရှင် ဦးချွန်လျန်(ဘ)ဦးဇမ်ဘီလ် အသက်(၉၀)နှစ် နှင့်၎င်း၏မြေးဖြစ်သူ မောင်ကျုံးဟူးလျန်(ဘ)ရွှေဘိခ့်အသက်(၁၀)နှစ် စတုတ္ထတန်းကျောင်းသားတို့သေဆုံးခဲ့ရပြီး ဒေါ်ဇိန်လှဲန်း အသက်(၅၂) နှစ်(ဘ)ဦးထောင်မှုန်းနှင့် ဒေါ်ဖမ်မွေဘောရ် အသက်(၂၈)နှစ်(ဘ)ဦးကဲပ်သူး တို့မှာမီးလောင်ဒဏ်ရာရရှိခဲ့သဖြင့် ထန်တလန်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံခဲ့ရသည်
မီးလောင်မှုကြောင့် ထရန်စဖော်မာ(၂၀၀)KVA (၁)လုံးနှင့် Panel Box (၁)လုံး ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်း(၂၂၀) နှင့် လူနေအိမ် နှစ်လုံးနှင့်တစ်ခြမ်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး သိန်း(၃၀)စုစုပေါင်း ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်သိန်း(၂၅၀)ခန့် ဆုံးရှုံးခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးချွန်လျန်(ဘ)ဦးဇမ်ဘီလ် အသက်(၉၀)နှစ်အား ထန်တလန်မြို့မရဲစခန်းက ( ပ )၇/၂၀၂၀) ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

R20
Photo.Iprd Thantlang