ဒီေန႕ေခတ္မွာ ဖုန္းေတြကို ဖုန္းေျပာဖို႕အတြက္ပဲသံုးတာမဟုတ္ေတာ့ဘဲ ဓာတ္ပံုလွလွေလးေတြရိုက္ဖို႕၊ မနက္အိပ္ရာထခ်ိန္ alarm ေပးဖို႕၊ ေျမပံုၾကည့္ဖို႕ စသျဖင့္ နည္းလမ္းေပါင္းမ်ားစြာအတြက္သံုးလာၾကတာကို သိျပီးသားျဖစ္မွာပါ။ ျပီးေတာ့ နွစ္ဆယ့္ေလးနာရီလံုးလံုး ဖုန္းကို ကိုယ္နဲ႕မကြာထားျပီးသံုးေနမယ္ဆိုရင္ သင္ထင္ထားတာထက္ပိုတဲ့ ဆိုးက်ိဳးေတြျဖစ္နိုင္တာကိုလည္း သိျပီးသားပါ။ ဖုန္းအသံုးျပဳတဲ့အခါ အခုလိုအမွားေတြကလည္း သင့္အတြက္ဆိုးရြားတဲ့ထိခိုက္မႈေတြျဖစ္ေစတယ္ဆိုတာကိုလည္း သိထားဖို႕လိုပါတယ္။
(၁) ဖုန္းကိုေဘးနားထားျပီးအိပ္စက္ျခင္း
မနက္ alarm ေပးထားလို႕ပဲျဖစ္ျဖစ္၊ ညဘက္မအိပ္မခ်င္းဖုန္းသံုးေနရင္း အိပ္ေပ်ာ္သြားလို႕ပဲျဖစ္ျဖစ္ ဖုန္းကိုေဘးမွာထားျပီးအိပ္မိတဲ့အခါ ဖုန္းကေနထုတ္လႊတ္တဲ့ radio waves ေတြက ဦးေႏွာက္ကိုသက္ေရာက္မႈျဖစ္ေစျပီး မွတ္ဉာဏ္ဆိိုင္ရာခ်ိဳ႕ယြင္းခ်က္ေတြကို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ညဘက္အိပ္တဲ့အခါ ဖုန္းကို air plane mode လုပ္ျပီး လူနဲ႕ေဝးေဝးမွာထားအိပ္သင့္ပါတယ္။
(၂) ဖုန္းမ်က္နွာျပင္အလင္းေရာင္(blue light)နဲ႕အခ်ိန္အၾကာၾကီးထိေတြ႕ျခင္း
ဖုန္းအလင္းေရာင္(blue light)နဲ႕ အခ်ိန္အၾကာၾကီးထိေတြ႕ျခင္းက မယ္လ္တိုနင္ေဟာ္မုန္းထုတ္လုပ္မႈကို အေနွာက္အယွက္ျဖစ္ေစတာေၾကာင့္ ညဘက္အိပ္မေပ်ာ္တာ၊ အိပ္ေပ်ာ္ရင္လည္း နိုးလာတဲ့အခ်ိန္အိပ္ေရးမဝျဖစ္ေနတာမ်ိဳးေတြ၊ မ်က္စိအျမင္အာရံုထိခိုက္ျခင္းနဲ႕ နာတာရွည္ေခါင္းကိုက္ျခင္းကို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ တတ္နိုင္သေလာက္ဖုန္းအလင္းေရာင္ေလွ်ာ့သံုးတာမ်ိဳး၊ ညဘက္ေတြမွာ night mode ေျပာင္းသံုးတာမ်ိဳးေတြ လုပ္ေပးပါ။
(၃) လိုင္းမေကာင္းတဲ့အေနအထားနဲ႕အသံုးျပဳျခင္း
လိုင္းမေကာင္းတဲ့အေနအထားမွာ ဖုန္းအသံုးျပဳတာကိုခဏေလာက္ရပ္ထားသင့္ပါတယ္။ လိုင္းမေကာင္းရက္နဲ႕ ဆက္တိုက္သံုးေနမယ္ဆိုရင္ အဲ့ဒီအခ်ိန္မွာ ဖုန္းကေန ပိုမိုအားျပင္းတဲ့ radio waves ေတြကိုထုတ္လႊတ္တာေၾကာင့္ က်န္းမာေရးကိုထိခိုက္ေစပါတယ္။ ဒါ့အျပင္ ဖုန္းအလြန္ပူလာေစျပီး ဖုန္းအားျမန္ျမန္ကုန္တာမ်ိဳးလည္းျဖစ္ေစနိုင္ပါတယ္။
(၄) လမ္းသြားတုန္းလက္မွာကိုင္သြားျခင္း
လမ္းသြားတုန္းမွာ ဖုန္းကိုလက္ကကိုင္သြားတဲ့အခါ ဖုန္းကေနထြက္လာတဲ့အပူကိုအေရျပားကပိုမိုစုပ္ယူလိုက္ျပီး ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖစ္ေအာင္ လံႈ႕ေဆာ္ေပးနိုင္ပါတယ္။ ဒါေၾကာင့္ လမ္းသြားတုန္းဖုန္းကိုင္ျပီးသြားတာမ်ိဳး၊ ဖုန္းေျပာတာမ်ိဳးေတြမလုပ္ဘဲ အိတ္ထဲမွာပဲထည့္သြားသင့္ပါတယ္။ လမ္းသြားတုန္းဖုန္းေျပာရင္လည္း နားၾကပ္နဲ႕ေျပာပါလို႕ အၾကံေပးခ်င္ပါတယ္။
(၅) ေခါင္းကိုအၾကာၾကီးငံု႕ထားျပီးဖုန္းၾကည့္ျခင္း
ဖုန္းကိုခပ္နိမ့္နိမ့္ကိုင္ထားျပီး ေခါင္းကေအာက္ကိုငံု႕ၾကည့္ေနတာက ခဏတျဖဳတ္ပဲေကာင္းပါတယ္။ ဆက္တိုက္ အဲ့လိုငံု႕ၾကည့္ေနတဲ့အခါ ဦးေခါင္းအေလးခ်ိန္ကို လည္ပင္းကမထိန္းနိုင္ေတာ့ဘဲ တျဖည္းျဖည္းနဲ႕”Text neck” လို႕ေခၚတဲ့ ေရာဂါတစ္မ်ိဳးျဖစ္လာျပီး လည္ပင္းက်ီးေပါင္းတက္ျခင္း၊ ကိုယ္ေနဟန္ထားမမွန္ကန္မႈေၾကာင့္ ေက်ာရိုးထိခိုက္ျခင္းေတြျဖစ္လာနိုင္လို႕ ဖုန္းၾကည့္တဲ့အခ်ိန္မွာ တတ္နိုင္သေလာက္ မ်က္လံုးနဲ႕တတန္းတည္းထားျပီး ၾကည့္သင့္ပါတယ္။
RAY
Unicode
လူတိုင်းနီးပါး လုပ်မှန်းမသိလုပ်မိနေတဲ့ ဖုန်းအသုံးပြုခြင်းဆိုင်ရာ အမှား (၅) မျိုး
ဒီနေ့ခေတ်မှာ ဖုန်းတွေကို ဖုန်းပြောဖို့အတွက်ပဲသုံးတာမဟုတ်တော့ဘဲ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့၊ မနက်အိပ်ရာထချိန် alarm ပေးဖို့၊ မြေပုံကြည့်ဖို့ စသဖြင့် နည်းလမ်းပေါင်းများစွာအတွက်သုံးလာကြတာကို သိပြီးသားဖြစ်မှာပါ။ ပြီးတော့ နှစ်ဆယ့်လေးနာရီလုံးလုံး ဖုန်းကို ကိုယ်နဲ့မကွာထားပြီးသုံးနေမယ်ဆိုရင် သင်ထင်ထားတာထက်ပိုတဲ့ ဆိုးကျိုးတွေဖြစ်နိုင်တာကိုလည်း သိပြီးသားပါ။ ဖုန်းအသုံးပြုတဲ့အခါ အခုလိုအမှားတွေကလည်း သင့်အတွက်ဆိုးရွားတဲ့ထိခိုက်မှုတွေဖြစ်စေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။
(၁) ဖုန်းကိုဘေးနားထားပြီးအိပ်စက်ခြင်း
မနက် alarm ပေးထားလို့ပဲဖြစ်ဖြစ်၊ ညဘက်မအိပ်မချင်းဖုန်းသုံးနေရင်း အိပ်ပျော်သွားလို့ပဲဖြစ်ဖြစ် ဖုန်းကိုဘေးမှာထားပြီးအိပ်မိတဲ့အခါ ဖုန်းကနေထုတ်လွှတ်တဲ့ radio waves တွေက ဦးနှောက်ကိုသက်ရောက်မှုဖြစ်စေပြီး မှတ်ဉာဏ်ဆိိုင်ရာချို့ယွင်းချက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အခါ ဖုန်းကို air plane mode လုပ်ပြီး လူနဲ့ဝေးဝေးမှာထားအိပ်သင့်ပါတယ်။
(၂) ဖုန်းမျက်နှာပြင်အလင်းရောင်(blue light)နဲ့အချိန်အကြာကြီးထိတွေ့ခြင်း
ဖုန်းအလင်းရောင်(blue light)နဲ့ အချိန်အကြာကြီးထိတွေ့ခြင်းက မယ်လ်တိုနင်ဟော်မုန်းထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်စေတာကြောင့် ညဘက်အိပ်မပျော်တာ၊ အိပ်ပျော်ရင်လည်း နိုးလာတဲ့အချိန်အိပ်ရေးမဝဖြစ်နေတာမျိုးတွေ၊ မျက်စိအမြင်အာရုံထိခိုက်ခြင်းနဲ့ နာတာရှည်ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်ဖုန်းအလင်းရောင်လျှော့သုံးတာမျိုး၊ ညဘက်တွေမှာ night mode ပြောင်းသုံးတာမျိုးတွေ လုပ်ပေးပါ။
(၃) လိုင်းမကောင်းတဲ့အနေအထားနဲ့အသုံးပြုခြင်း
လိုင်းမကောင်းတဲ့အနေအထားမှာ ဖုန်းအသုံးပြုတာကိုခဏလောက်ရပ်ထားသင့်ပါတယ်။ လိုင်းမကောင်းရက်နဲ့ ဆက်တိုက်သုံးနေမယ်ဆိုရင် အဲ့ဒီအချိန်မှာ ဖုန်းကနေ ပိုမိုအားပြင်းတဲ့ radio waves တွေကိုထုတ်လွှတ်တာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ဖုန်းအလွန်ပူလာစေပြီး ဖုန်းအားမြန်မြန်ကုန်တာမျိုးလည်းဖြစ်စေနိုင်ပါတယ်။
(၄) လမ်းသွားတုန်းလက်မှာကိုင်သွားခြင်း
လမ်းသွားတုန်းမှာ ဖုန်းကိုလက်ကကိုင်သွားတဲ့အခါ ဖုန်းကနေထွက်လာတဲ့အပူကိုအရေပြားကပိုမိုစုပ်ယူလိုက်ပြီး ကင်ဆာရောဂါအမျိုးမျိုးဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် လမ်းသွားတုန်းဖုန်းကိုင်ပြီးသွားတာမျိုး၊ ဖုန်းပြောတာမျိုးတွေမလုပ်ဘဲ အိတ်ထဲမှာပဲထည့်သွားသင့်ပါတယ်။ လမ်းသွားတုန်းဖုန်းပြောရင်လည်း နားကြပ်နဲ့ပြောပါလို့ အကြံပေးချင်ပါတယ်။
(၅) ခေါင်းကိုအကြာကြီးငုံ့ထားပြီးဖုန်းကြည့်ခြင်း
ဖုန်းကိုခပ်နိမ့်နိမ့်ကိုင်ထားပြီး ခေါင်းကအောက်ကိုငုံ့ကြည့်နေတာက ခဏတဖြုတ်ပဲကောင်းပါတယ်။ ဆက်တိုက် အဲ့လိုငုံ့ကြည့်နေတဲ့အခါ ဦးခေါင်းအလေးချိန်ကို လည်ပင်းကမထိန်းနိုင်တော့ဘဲ တဖြည်းဖြည်းနဲ့”Text neck” လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာပြီး လည်ပင်းကျီးပေါင်းတက်ခြင်း၊ ကိုယ်နေဟန်ထားမမှန်ကန်မှုကြောင့် ကျောရိုးထိခိုက်ခြင်းတွေဖြစ်လာနိုင်လို့ ဖုန်းကြည့်တဲ့အချိန်မှာ တတ်နိုင်သလောက် မျက်လုံးနဲ့တတန်းတည်းထားပြီး ကြည့်သင့်ပါတယ်။
RAY
0 Comments