
မြန်မာနိုင်ငံမှာ တိုင်းကြီး (၇)တိုင်း ရှိတဲ့အနက်ကမှ မန္တလေးတိုင်းအစိုးရကတော့ အလုပ်လုပ်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။ မန္တလေးမြို့ကို အကောင်းဆုံး စီမခံခန့်ခွဲသလို ၊ မကြာသေးခင်ကလည်း Tree Spade တွေနဲ့ သစ်ပင်တွေကို ရွေ့ဖို့ဆောင်ရွက်နေတယ်လို့ မန်းတလေးမြို့တော်ဝန်ဖြစ်တဲ့ ဦးရဲလွင်က ပြည်သူတွေကို အသိပေးထားပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်ကို အသုံးပြုပြီးတော့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အလေးတယူပြုပြီး ဖြေရှင်းဆောင်ရွက်ပေးနေတာကြောင့်လည်း နာမည်ကောင်းရနေခဲ့ပါတယ်။

အခုလည်း တောင်ကိုရီးယားကနေ ရောက်လာတဲ့ လေအိတ်ပါတဲ့ ရထားတွဲတွေနဲ့မန်းတလေး- မြစ်ကြီးနားခရီးစဉ်ကို စတင်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ဒီရထားတွဲမှာတော့ လေအိတ်အထက်တန်းတွဲ (၁၀) တွဲပါပြီး စားသောက်တွဲ (၁) တွဲ နဲ့ ဘရိတ်တွဲ (၁) တွဲတို့ ပါဝင်ချိတ်ဆက်ထားတယ်လို့ မြန်မာ့မီးရထားရဲ့ ပြောဆိုချက်အရသိရပါတယ်။

ထို့အပြင် အထက်တန်းတွဲ (၁) တွဲကို (၃၃) ဦးနှုန်းနဲ့ ခရီးသည် ၃၃၀ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

0 Comments