ေႏြးေႏြးခ်စ္ဖြယ္ဟာ မိခင္ျဖစ္သူရဲ႕ ဆုံးမသြန္သင္မႈေအာက္မွာ လိမၼာတဲ့ သမီးတစ္ေယာက္ျဖစ္ေအာင္ေနထိုင္တယ္လို႔ ဆိုပါတယ္။ သူမဟာ ဖခင္အေပၚမွာလည္း သမီးတစ္ေယာက္ရဲ႕တာဝန္ေက်ပြန္တဲ့အတြက္ မိခင္ကလည္း ေက်နပ္ပီတိျဖစ္ရတယ္လို႔ ေျပာပါတယ္။
Image may contain: 1 person, smiling, closeup and outdoor
အဆိုေတာ္ ေႏြးေႏြးခ်စ္ဖြယ္ဟာ ဖခင္ျဖစ္သူ ၿမိဳ႕ေတာ္ခ်စ္ဖြယ္နဲ႔အတူ ဖခင္ရဲ႕ေနာက္ထပ္ ဇနီးတစ္ေယာက္ကိုပါလုပ္ေကြၽးျပဳစုေနရတယ္လို႔ အင္တာဗ်ဴးမွာေျဖဆိုခဲ့ဖူးပါတယ္။ ဒီအေၾကာင္းအရာအေပၚ မိခင္အရင္းျဖစ္သူက အခုလို ရင္ဖြင့္ေျပာျပခဲ့ပါတယ္။
Image may contain: 2 people, people smiling, closeup
“ တစ္ေယာက္နဲ႔ တစ္ေယာက္က လူ႔ဘဝႀကီးကို ေရာက္လာၿပီဆိုရင္ ေမတၱာတရားက အေရးႀကီးဆုံးပဲေလ။ သမီးေလးကိုေတာ့ ကိုယ္တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္မယ္။ သမီးေလး အခုလို လုပ္ေနတာကိုလည္း ေက်နပ္တယ္။ ဝမ္းလည္း ဝမ္းသာတယ္။ အရင္တုန္းကေတာ့ ဒီလုပ္ရပ္ႀကီးကို မျဖစ္သင့္ဘူးေပါ့ေနာ္။ အခုခ်ိန္မွာေတာ့ မေျပာေတာ့ဘူး မိဘကို ေျပာရင္လည္း ငရဲႀကီးတယ္ေလ” လို႔ သူကဆိုပါတယ္။
Image may contain: 2 people, people smiling, people standing and indoor
ေႏြးေႏြးခ်စ္ဖြယ္ က လက္ရွိမွာ မိခင္ျဖစ္သူနဲ႔အတူ ေနထိုင္တာျဖစ္ပါတယ္။ မိခင္ျဖစ္သူရဲ႕ စိတ္ေန စိတ္ထားက သူမအတြက္ အတုယူစရာေတြခ်ည္းပဲလို႔ ဆိုပါတယ္။
Image may contain: 1 person, smiling, shoes and outdoor
“ အေမကေတာ့ အၿမဲတမ္း ဆုံးမေပးပါတယ္။ အေဖ့ကို ေပးလို႔၊ ေကြၽးလို႔လည္း သူမေျပာသလို ေႏြးရွာတဲ့ပိုက္ဆံျဖစ္လို႔ ေႏြးေပးခ်င္တဲ့သူကို ေပးပိုင္ခြင့္ရွိတယ္။ အဓိကကေတာ့ ေမေမ နားလည္ေပးလို႔ေပါ့ေနာ္။ ေမေမကေတာ့ ဘာမွကိုမေျပာေတာ့ဘူး။ ငါ့သမီးေလးရွာတဲ့ ပိုက္ဆံ င့ါသမီးေလး လႉတယ္လို႔ ေတြးၿပီးေတာ့ေနတယ္”ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၂ ရက္ေန႔က သူမရဲ႕ ေမြးေန႔ အလႉမွာ ေျဖဆိုခဲ့တာပါ။
Image may contain: 2 people, people smiling, selfie and closeup
အႏုပညာအလုပ္ေတြလည္းလုပ္၊ မိဘကိုလည္း ဂ႐ုစိုက္ခြင့္ရတဲ့ အေျခအေနကေတာ့ ေအးခ်မ္းတယ္လို႔ ေႏြးေႏြးခ်စ္ဖြယ္က ေျပာပါတယ္။ ဘာသာေရးအလုပ္ေတြကိုလည္း အဓိက ဦးစားေပး လုပ္ေဆာင္သြားမွာပါတဲ့။
Image may contain: 1 person, standing and shoes
“ တစ္ခါတေလက်ေတာ့လည္း ေလာကဓံကို ရင္ဆိုင္ရမွာပဲေလ။ ေမြးတုန္းကလည္း တစ္ေယာက္တည္းပဲ။ ျဖစ္ေနတဲ့ဘဝမွာ အေကာင္းဆုံးရင္ဆိုင္ရပ္တည္ရမယ္။ ကိုယ့္ေၾကာင့္ ပတ္ဝန္းက်င္ စိတ္အေႏွာ က္အယွက္မျဖစ္ဘူး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ေနတယ္ဆိုရင္ ေနရင္းထိုင္ရင္း ကုသိုလ္ရေနတာပဲေလ” လို႔ သူကေျပာပါတယ္။
Image may contain: 2 people, people smiling, people standing, ocean, outdoor and water
ေႏြးေႏြးခ်စ္ဖြယ္ကိုေတာ့ ၂၀၀၀ ခုႏွစ္ကာလ က ထြက္ရွိခဲ့တဲ့ စုံတြဲ သီခ်င္းအေခြေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ အဲဒီေနာက္ နာမည္ေက်ာ္လူ႐ႊင္ေတာ္ တစ္ဦးျဖစ္တဲ့ ၿမိဳ႕ေတာ္ ခ်စ္ဖြယ္ရဲ႕ သမီးျဖစ္တယ္လို႔ သိလိုက္ရခ်ိန္မွာ ပရိသတ္ေတြ ပိုအားေပးလာၾကတာ ေတြ႕ရပါတယ္။ အခ်စ္သီခ်င္းေတာ္ေတာ္မ်ားမ်ားကိုလည္း သီဆိုခဲ့ထားတာ ေတြ႕ရပါတယ္။ သူမရဲ႕ ဂီတ သက္တမ္းကေတာ့ ၁၀ စုႏွစ္အၾကာရွိၿပီျဖစ္ပါတယ္။
Image may contain: 2 people, selfie and closeup
ဆယ္လီရပ္ကြက္


Unicode


မိခင်ရဲ့နားလည်ပေးမှုတွေကြောင့် ဖခင်ဖြစ်သူရဲ့ နောက်ဇနီးကိုပါ လုပ်ကျွေးပြုစုနေတဲ့ နွေးနွေးချစ်ဖွယ်

နွေးနွေးချစ်ဖွယ်ဟာ မိခင်ဖြစ်သူရဲ့ ဆုံးမသွန်သင်မှုအောက်မှာ လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်အောင်နေထိုင်တယ်လို့ ဆိုပါတယ်။ သူမဟာ ဖခင်အပေါ်မှာလည်း သမီးတစ်ယောက်ရဲ့တာဝန်ကျေပွန်တဲ့အတွက် မိခင်ကလည်း ကျေနပ်ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။

အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ ဖခင်ဖြစ်သူ မြို့တော်ချစ်ဖွယ်နဲ့အတူ ဖခင်ရဲ့နောက်ထပ် ဇနီးတစ်ယောက်ကိုပါလုပ်ကျွေးပြုစုနေရတယ်လို့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာအပေါ် မိခင်အရင်းဖြစ်သူက အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်။


“ တစ်ယောက်နဲ့ တစ်ယောက်က လူ့ဘဝကြီးကို ရောက်လာပြီဆိုရင် မေတ္တာတရားက အရေးကြီးဆုံးပဲလေ။ သမီးလေးကိုတော့ ကိုယ်တတ်နိုင်သလောက် စောင့်ရှောက်မယ်။ သမီးလေး အခုလို လုပ်နေတာကိုလည်း ကျေနပ်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ အရင်တုန်းကတော့ ဒီလုပ်ရပ်ကြီးကို မဖြစ်သင့်ဘူးပေါ့နော်။ အခုချိန်မှာတော့ မပြောတော့ဘူး မိဘကို ပြောရင်လည်း ငရဲကြီးတယ်လေ” လို့ သူကဆိုပါတယ်။


နွေးနွေးချစ်ဖွယ် က လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ စိတ်နေ စိတ်ထားက သူမအတွက် အတုယူစရာတွေချည်းပဲလို့ ဆိုပါတယ်။


“ အမေကတော့ အမြဲတမ်း ဆုံးမပေးပါတယ်။ အဖေ့ကို ပေးလို့၊ ကျွေးလို့လည်း သူမပြောသလို နွေးရှာတဲ့ပိုက်ဆံဖြစ်လို့ နွေးပေးချင်တဲ့သူကို ပေးပိုင်ခွင့်ရှိတယ်။ အဓိကကတော့ မေမေ နားလည်ပေးလို့ပေါ့နော်။ မေမေကတော့ ဘာမှကိုမပြောတော့ဘူး။ ငါ့သမီးလေးရှာတဲ့ ပိုက်ဆံ င့ါသမီးလေး လှူတယ်လို့ တွေးပြီးတော့နေတယ်”ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။


အနုပညာအလုပ်တွေလည်းလုပ်၊ မိဘကိုလည်း ဂရုစိုက်ခွင့်ရတဲ့ အခြေအနေကတော့ အေးချမ်းတယ်လို့ နွေးနွေးချစ်ဖွယ်က ပြောပါတယ်။ ဘာသာရေးအလုပ်တွေကိုလည်း အဓိက ဦးစားပေး လုပ်ဆောင်သွားမှာပါတဲ့။

“ တစ်ခါတလေကျတော့လည်း လောကဓံကို ရင်ဆိုင်ရမှာပဲလေ။ မွေးတုန်းကလည်း တစ်ယောက်တည်းပဲ။ ဖြစ်နေတဲ့ဘဝမှာ အကောင်းဆုံးရင်ဆိုင်ရပ်တည်ရမယ်။ ကိုယ့်ကြောင့် ပတ်ဝန်းကျင် စိတ်အနှော က်အယှက်မဖြစ်ဘူး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတယ်ဆိုရင် နေရင်းထိုင်ရင်း ကုသိုလ်ရနေတာပဲလေ” လို့ သူကပြောပါတယ်။


နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။


ဆယ်လီရပ်ကွက်