ဇန္နဝါရီ ၁၀
ယဥ္ေကႏြယ္




ကားတင္သြင္းခြင့္ျပဳရာတြင္ တပ္မေတာ္ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ား မပါဝင္ျခင္းမဟုတ္ပဲ အသုတ္လိုက္တင္သြင္းခြင့္ ျပဳသြားသြားမည္ျဖစ္ေၾကာင္း စီးပြား ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္း ျမင့္ကေျပာသည္။

“တပ္မေတာ္ဘက္က သူ႔အပိုင္းနဲ႔သူရွိတာေပါ့။ ေနာက္ေတာ့လည္း ဒါေတြက ကၽြန္ ေတာ္ထင္ပါတယ္ အသုတ္လိုက္အသုတ္လိုက္ဆိုေတာ့ အက်ဳံးဝင္သြားမွာပါ။ သို့ ေသာ္လည္း ဆက္စပ္ညႇိႏွိုင္းမွုေတြကေတာ့ လုပ္ဖို့လိုမွာေပါ့။ အားလုံးေတာ့ ခ်န္ထား တဲ့ သေဘာမဟုတ္ပါဘူး။ တတ္နိုင္တဲ့ တူညီတဲ့အခြင့္အေရးတစ္ခုကေတာ့ ရရွိရမွာေပါ့ေလ”ဟု ေဒါက္တာသန္းျမင့္ကေျပာသည္။

ကားပါမစ္တင္သြင္းခြင့္ကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ခြင့္ျပဳမျပဳကို မသိရ ေသးေၾကာင္း ၎ကေျပာသည္။

ကားပါမစ္ကို အျခားတစ္ဦးဆီသို့ လႊဲေျပာင္း၍မရပဲ လႊဲေျပာင္းေပးပါက ဥပေဒအရ အေရးယူခံရမည္ျဖစ္ေၾကာင္းႏွင့္ ဝန္ႀကီးဌာနအေနျဖင့္ အဆိုပါကားတင္သြင္းခြင့္ ကိ စၥႏွင့္ပတ္သက္ၿပီး သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ ဝန္ထမ္းအေရအတြက္စာရင္း ေကာက္ယူေနဆဲျဖစ္ကာ အခြန္သက္သာခြင့္ကို မည္သည့္အတိုင္းအတာအထိ ခြင့္ ျပဳနိုင္မည္ဆိုသည္ကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏွိုင္းေနဆဲျဖစ္ေၾကာင္းသိ ရသည္။

#TheFifthWaveNews. #ကားတင္သြင္းခြင့္





Unicode






ဇန်နဝါရီ ၁၀
ယဉ်ကေနွယ်





ကားတင်သွင်းခွင့်ပြုရာတွင် တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ မပါဝင်ခြင်းမဟုတ်ပဲ အသုတ်လိုက်တင်သွင်းခွင့် ပြုသွားသွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်ကပြောသည်။

“တပ်မတော်ဘက်က သူ့အပိုင်းနဲ့သူရှိတာပေါ့။ နောက်တော့လည်း ဒါတွေက ကျွန် တော်ထင်ပါတယ် အသုတ်လိုက်အသုတ်လိုက်ဆိုတော့ အကျုံးဝင်သွားမှာပါ။ သို့ သော်လည်း ဆက်စပ်ညှိနှိုင်းမှုတွေကတော့ လုပ်ဖို့လိုမှာပေါ့။ အားလုံးတော့ ချန်ထား တဲ့ သဘောမဟုတ်ပါဘူး။ တတ်နိုင်တဲ့ တူညီတဲ့အခွင့်အရေးတစ်ခုကတော့ ရရှိရမှာပေါ့လေ”ဟု ဒေါက်တာသန်းမြင့်ကပြောသည်။

ကားပါမစ်တင်သွင်းခွင့်ကို လွှတ်တော်ကိုယ်စားလှယ်များအား ခွင့်ပြုမပြုကို မသိရ သေးကြောင်း ၎င်းကပြောသည်။

ကားပါမစ်ကို အခြားတစ်ဦးဆီသို့ လွှဲပြောင်း၍မရပဲ လွှဲပြောင်းပေးပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါကားတင်သွင်းခွင့် ကိ စ္စနှင့်ပတ်သက်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဝန်ထမ်းအရေအတွက်စာရင်း ကောက်ယူနေဆဲဖြစ်ကာ အခွန်သက်သာခွင့်ကို မည်သည့်အတိုင်းအတာအထိ ခွင့် ပြုနိုင်မည်ဆိုသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်းသိ ရသည်။

#TheFifthWaveNews. #ကားတင်သွင်းခွင့်