LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
ျပစ္ဒဏ္က်ခံေနရတဲ့ ေမသန္းႏုရဲ႕အမွာစကားကို တဆင့္ျပန္လည္မွ်ေဝလာတဲ့ စိန္လင္း (Aroma)
ျပစ္ဒဏ္က်ခံေနရတဲ့ ေမသန္းႏုရဲ႕အမွာစကားကို တဆင့္ျပန္လည္မွ်ေဝလာတဲ့ စိန္လင္း (Aroma)
Lotayanet Burmese
-
January 11, 2020
Zawgyi ျဖင့္ဖတ္ရန္
Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ဝါရင့္မင္းသမီးႀကီးတစ္ဦးျဖစ္တဲ့ ေမသန္းႏုဟာ ေငြေၾကးလိမ္လည္မႈနဲ႔ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္…အဲတာေၾကာင့္ ေမသန္းႏုအတြက္ ပရိသတ္ေတြသာမက အႏုပညာရွင္ေတြ အဲဒီအသိုင္းအဝိုင္းနဲ႔ ဆက္စပ္သူေတြကပါ စိတ္မေကာင္းျဖစ္ေနၾကတာပါ…
ဒီလို ေမသန္းႏုအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့သူေတြထဲက တစ္ဦးအပါအဝင္ျဖစ္တဲ့ စိန္လင္း(Aroma) ကလည္း ေမသန္းႏုနဲ႔ ေထာင္ဝင္စာသြားေတြ႕ခဲ့တဲ့ အေၾကာင္းေလးကို အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုရင္း ေမသန္းႏုက မွာလိုက္တဲ့ စကားေလးေတြကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္…
စိန္လင္းက ေျပာျပရာမွာေတာ့ ေမသန္းႏုကို စိတ္ဓာတ္မက်ဖို႔ အားေပးစကားေတြေျပာခဲ့ေပမယ့္ ေမသန္းႏုဟာ ထင္ထားတာထက္ စိတ္ဓာတ္မာၿပီး တရားနဲ႔ ေနေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္… သူ႔အေနနဲ႔ စိတ္မေကာင္းလို႔ ငိုမိရာမွာေတာ့ ေမသန္းႏုက မငိုဖို႔ ျပန္ေခ်ာ့တဲ့အျပင္ ဝဋ္ေႂကြးပါရင္ေတာ့ ဆပ္ရမွာပဲလို႔ ဆိုပါတယ္…
ဒါ့အျပင္ ပရိသတ္ႀကီးကို ဘာေျပာခ်င္သလဲလို႔ စိန္လင္းက ေမးခဲ့ရာမွာေတာ့ ေမသန္းႏုက ဝဋ္ေႂကြးရွိလို႔ သူ႔အေနနဲ႔ ျပန္ဆပ္ရတာျဖစ္ၿပီး ဒီအမႈက တစ္ဖက္ကေျပာသလို အေႂကြး သိန္း ၁၂၀၀ မဟုတ္ဘဲ ရာဂဏန္းေလာက္ပဲ ရွိတယ္လို႔ ဆိုပါတယ္…ဒါ့အျပင္ နည္းနည္းပါးပါးဆပ္ခဲ့တာေတြရွိတယ္လို႔ ဆိုပါတယ္…စိတ္ပူေပးၾကတဲ့ ဆုေတာင္းေပးၾကတဲ့ ခ်စ္ေပးၾကတဲ့ ပရိသတ္ႀကီးကိုလည္း ေက်းဇူးတင္တယ္လို႔ ဆိုပါတယ္…အခ်ိန္တန္ရင္ အျဖဴအမည္း သဲသဲကြဲကြဲ သိရမွာပါလို႔လည္း ဆိုပါတယ္…..ႀကိဳတင္မသိရဘဲခုလို ျဖစ္လာရတဲ့အတြက္ ကံပါတယ္လို႔ပဲ မွတ္ယူပါတယ္လို႔ ေမသန္းႏုက ဆိုခဲ့တဲ့အေၾကာင္းကို စိန္လင္းကေျပာျပခဲ့ပါတယ္…
ဒါ့အျပင္ စိန္လင္းက သူတို႔သြားေတြ႕ခ်ိန္မွာ ေမသန္းႏုအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္းရွိတဲ့အေၾကာင္းေလးေတြကိုလည္း ပရိသတ္ေတြ စိတ္မပူေအာင္ေျပာျပခဲ့ပါတယ္…
စိန္လင္းေျဖဆိုခဲ့တဲ့ အင္တာဗ်ဴးဗီဒီယိုေလးကိုလည္း ပရိသတ္ႀကီးတို႔ ၾကည့္ရႈႏိုင္ေအာင္ ေအာက္မွာ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္ေနာ္…
႐ုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ
Writer – HW (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ပြစ်ဒဏ်ကျခံနေရတဲ့ မေသန်းနုရဲ့အမှာစကားကို တဆင့်ပြန်လည်မျှဝေလာတဲ့ စိန်လင်း (Aroma)
Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ်ဝါရင့်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ မေသန်းနုဟာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ်…အဲတာကြောင့် မေသန်းနုအတွက် ပရိသတ်တွေသာမက အနုပညာရှင်တွေ အဲဒီအသိုင်းအဝိုင်းနဲ့ ဆက်စပ်သူတွေကပါ စိတ်မကောင်းဖြစ်နေကြတာပါ…
ဒီလို မေသန်းနုအတွက် စိတ်မကောင်းဖြစ်နေတဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ စိန်လင်း(Aroma) ကလည်း မေသန်းနုနဲ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ အကြောင်းလေးကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုရင်း မေသန်းနုက မှာလိုက်တဲ့ စကားလေးတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်…
စိန်လင်းက ပြောပြရာမှာတော့ မေသန်းနုကို စိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောခဲ့ပေမယ့် မေသန်းနုဟာ ထင်ထားတာထက် စိတ်ဓာတ်မာပြီး တရားနဲ့ နေနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်… သူ့အနေနဲ့ စိတ်မကောင်းလို့ ငိုမိရာမှာတော့ မေသန်းနုက မငိုဖို့ ပြန်ချော့တဲ့အပြင် ဝဋ်ကြွေးပါရင်တော့ ဆပ်ရမှာပဲလို့ ဆိုပါတယ်…
ဒါ့အပြင် ပရိသတ်ကြီးကို ဘာပြောချင်သလဲလို့ စိန်လင်းက မေးခဲ့ရာမှာတော့ မေသန်းနုက ဝဋ်ကြွေးရှိလို့ သူ့အနေနဲ့ ပြန်ဆပ်ရတာဖြစ်ပြီး ဒီအမှုက တစ်ဖက်ကပြောသလို အကြွေး သိန်း ၁၂၀၀ မဟုတ်ဘဲ ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်…ဒါ့အပြင် နည်းနည်းပါးပါးဆပ်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်…စိတ်ပူပေးကြတဲ့ ဆုတောင်းပေးကြတဲ့ ချစ်ပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်…အချိန်တန်ရင် အဖြူအမည်း သဲသဲကွဲကွဲ သိရမှာပါလို့လည်း ဆိုပါတယ်…..ကြိုတင်မသိရဘဲခုလို ဖြစ်လာရတဲ့အတွက် ကံပါတယ်လို့ပဲ မှတ်ယူပါတယ်လို့ မေသန်းနုက ဆိုခဲ့တဲ့အကြောင်းကို စိန်လင်းကပြောပြခဲ့ပါတယ်…
ဒါ့အပြင် စိန်လင်းက သူတို့သွားတွေ့ချိန်မှာ မေသန်းနုအနေနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိတဲ့အကြောင်းလေးတွေကိုလည်း ပရိသတ်တွေ စိတ်မပူအောင်ပြောပြခဲ့ပါတယ်…
စိန်လင်းဖြေဆိုခဲ့တဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်အောင် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Writer – HW (Shwe Yaung Lan)
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments