Zawgyi ျဖင့္ဖတ္ရန္



မိသားစုထဲမွာ ကေလးဆန္ၿပီး ဂ်စ္ကန္ကန္ေလးေတြလုပ္တတ္တဲ့၊ အႏိုင္က်င့္တတ္တာ အငယ္ဆုံး သားသမီးေလးေတြပါ။ သုေတသနပညာရွင္ေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ အငယ္ဆုံးေလးေတြဟာ ေမာင္ႏွမေတြအားလုံးထဲမွာ ႀကီးပြားေအာင္ျမင္ႏိုင္ေျခအမ်ားဆုံးသူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိထားပါတယ္။ အေၾကာင္းရင္းေတြကေတာ့…..
(၁) စူးစမ္းေလ့လာလိုစိတ္ပိုရွိတယ္။
အငယ္ဆုံးသားသမီးေလးေတြဟာ စြန႔္စားရဲတဲ့စိတ္ပိုရွိပါတယ္။ အရာရာကို စူးစမ္းေလ့လာလိုစိတ္ရွိၿပီး သတၱိလည္း ပိုရွိၾကပါတယ္။ သူတို႔နဲ႔သင့္ေတာ္မယ့္ ေနရာ၊ သူတို႔အရည္အခ်င္းနဲ႔ ကိုက္ညီမယ့္ အလုပ္ကို ရေအာင္ ရွာေဖြခ်င္တဲ့ စိတ္ဓာတ္မ်ိဳးကို ပိုင္ဆိုင္ထားတာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားရတာပါ။


(၂) ေပ်ာ္ေပ်ာ္ေနတတ္တယ္။
အငယ္ဆုံးသားသမီးေတြဟာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အနားမွာရွိတဲ့သူေတြကို ေပ်ာ္႐ႊင္ေစႏိုင္ၾကပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုမွာ အႀကီးဆုံးသားသမီးေတြဟာ တည္ၾကည္တဲ့စိတ္ရွိၿပီး အငယ္ဆုံးသားသမီးေတြကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိထားပါတယ္။ သူတို႔ရဲ႕ ေပ်ာ္ေပ်ာ္ေနတတ္တဲ့အက်င့္နဲ႔ ရယ္စရာေတြဖန္တီးႏိုင္တဲ့အရည္အခ်င္းေၾကာင့္ လူခ်စ္လူခင္မ်ားၿပီး လိုအပ္တဲ့အခါ ကူညီမယ့္သူေတြ ရွိေနတာေၾကာင့္ ပိုၿပီးေအာင္ျမင္ႏိုင္ေျခမ်ားရတာပဲ ျဖစ္ပါတယ္။
(၃) ပိုေအးေဆးတယ္။
YouGov ကျပဳလုပ္တဲ့ သုေတသနတစ္ခုမွာ အငယ္ဆုံးသားသမီးေတြဟာ တျခားေမြးခ်င္းေမာင္ႏွမေတြထက္ ပိုၿပီးေအးေဆးၾကတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အေရးအေၾကာင္း တစ္ခုခုဆိုရင္ ပ်ာယာခတ္ေနတာမ်ိဳးမျဖစ္ပဲ တည္တည္ၿငိမ္ၿငိမ္ေအးေအးေဆးေဆး ေျဖရွင္းမယ့္သူေတြျဖစ္တာေၾကာင့္ အမွားနည္းၿပီး ပိုတိက်တာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားပါတယ္။
(၄) အေပါငး္အသင္းဝင္ဆန႔္တယ္။
Sulloway ရဲ႕ ေတြ႕ရွိခ်က္အရ အငယ္ဆုံးသားသမီးေလးေတြဟာ ေပါငး္သင္းဆက္ဆံေရး ပိုၿပီးေကာငး္မြန္ၾကပါတယ္။ ခင္မင္ရလြယ္တယ္၊ အလိုက္သိတယ္၊ စကားတတ္တယ္ ေနာက္ၿပီး သူတစ္ပါးနဲ႔ တည့္ေအာင္ေပါင္းႏိုင္တဲ့ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒါေၾကာင့္ အေပါင္းအသင္းမ်ားၿပီး ေရာက္ေလရာမွာ မ်က္ႏွာပြင့္တာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားရတာပါ။
(၅) ဖန္တီးႏိုင္စြမး္ပိုျမင့္တယ္။
အငယ္ဆုံးသားသမီးေလးေတြဟာ တီထြင္ဖန္တီးႏိုင္စြမး္ပိုျမင့္မားၾကပါတယ္။ သူမ်ားနဲ႔မတူပဲကြဲထြက္ေနရတာမ်ိဳးကို ႀကိဳက္ႏွစ္သက္ၿပီး လုပ္တာခ်င္းအတူတူမွာေတာင္ နည္းနည္းေလးပိုၿပီး ဆန္းသစ္ႏိုင္တဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ပဲ အငယ္ဆုံးသားသမီးေလးေတြဟာ အႏုပညာလုပ္ငန္းေတြ၊ ဒီဇိုင္းေရးဆြဲတာေတြမွာ သူမ်ားေတြထက္ပိုၿပီး ထြန္းေပါက္ေအာင္ျမင္ႏိုင္ေျခပိုမ်ားပါတယ္ေနာ္။ ။


share from: xyznews
Unicode ဖြင့်ဖတ်ရန်


မိသားစုထဲမှာ အငယ်ဆုံး သားသမီးလေးတွေဟာ ကြီးပွားအောင်မြင်လေ့ရှိကြောင်း လေ့လာတွေ့ရှိ
မိသားစုထဲမှာ ကလေးဆန်ပြီး ဂျစ်ကန်ကန်လေးတွေလုပ်တတ်တဲ့၊ အနိုင်ကျင့်တတ်တာ အငယ်ဆုံး သားသမီးလေးတွေပါ။ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အငယ်ဆုံးလေးတွေဟာ မောင်နှမတွေအားလုံးထဲမှာ ကြီးပွားအောင်မြင်နိုင်ခြေအများဆုံးသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ အကြောင်းရင်းတွေကတော့…..
(၁) စူးစမ်းလေ့လာလိုစိတ်ပိုရှိတယ်။
အငယ်ဆုံးသားသမီးလေးတွေဟာ စွန့်စားရဲတဲ့စိတ်ပိုရှိပါတယ်။ အရာရာကို စူးစမ်းလေ့လာလိုစိတ်ရှိပြီး သတ္တိလည်း ပိုရှိကြပါတယ်။ သူတို့နဲ့သင့်တော်မယ့် နေရာ၊ သူတို့အရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်ကို ရအောင် ရှာဖွေချင်တဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် အောင်မြင်နိုင်ခြေပိုများရတာပါ။
(၂) ပျော်ပျော်နေတတ်တယ်။
အငယ်ဆုံးသားသမီးတွေဟာ ပျော်ပျော်နေတတ်ပြီး အနားမှာရှိတဲ့သူတွေကို ပျော်ရွှင်စေနိုင်ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ အကြီးဆုံးသားသမီးတွေဟာ တည်ကြည်တဲ့စိတ်ရှိပြီး အငယ်ဆုံးသားသမီးတွေကတော့ ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ သူတို့ရဲ့ ပျော်ပျော်နေတတ်တဲ့အကျင့်နဲ့ ရယ်စရာတွေဖန်တီးနိုင်တဲ့အရည်အချင်းကြောင့် လူချစ်လူခင်များပြီး လိုအပ်တဲ့အခါ ကူညီမယ့်သူတွေ ရှိနေတာကြောင့် ပိုပြီးအောင်မြင်နိုင်ခြေများရတာပဲ ဖြစ်ပါတယ်။
(၃) ပိုအေးဆေးတယ်။
YouGov ကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ အငယ်ဆုံးသားသမီးတွေဟာ တခြားမွေးချင်းမောင်နှမတွေထက် ပိုပြီးအေးဆေးကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အရေးအကြောင်း တစ်ခုခုဆိုရင် ပျာယာခတ်နေတာမျိုးမဖြစ်ပဲ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး ဖြေရှင်းမယ့်သူတွေဖြစ်တာကြောင့် အမှားနည်းပြီး ပိုတိကျတာကြောင့် အောင်မြင်နိုင်ခြေပိုများပါတယ်။
(၄) အပေါင်းအသင်းဝင်ဆန့်တယ်။
Sulloway ရဲ့ တွေ့ရှိချက်အရ အငယ်ဆုံးသားသမီးလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ပိုပြီးကောင်းမွန်ကြပါတယ်။ ခင်မင်ရလွယ်တယ်၊ အလိုက်သိတယ်၊ စကားတတ်တယ် နောက်ပြီး သူတစ်ပါးနဲ့ တည့်အောင်ပေါင်းနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် အပေါင်းအသင်းများပြီး ရောက်လေရာမှာ မျက်နှာပွင့်တာကြောင့် အောင်မြင်နိုင်ခြေပိုများရတာပါ။
(၅) ဖန်တီးနိုင်စွမ်းပိုမြင့်တယ်။
အငယ်ဆုံးသားသမီးလေးတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းပိုမြင့်မားကြပါတယ်။ သူများနဲ့မတူပဲကွဲထွက်နေရတာမျိုးကို ကြိုက်နှစ်သက်ပြီး လုပ်တာချင်းအတူတူမှာတောင် နည်းနည်းလေးပိုပြီး ဆန်းသစ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ပဲ အငယ်ဆုံးသားသမီးလေးတွေဟာ အနုပညာလုပ်ငန်းတွေ၊ ဒီဇိုင်းရေးဆွဲတာတွေမှာ သူများတွေထက်ပိုပြီး ထွန်းပေါက်အောင်မြင်နိုင်ခြေပိုများပါတယ်နော်။ ။
share from: xyznews