Zawgyiျဖင့္ဖတ္ရန္

ဟိုတယ္ ဆိုတာဟာ သီးသန႔္အနားယူတဲ့ေနရာေလးတစ္ခုပါ ။ ဒါေပမယ့္ တကယ္ေရာဟုတ္ရဲ႕လား ။ေဟာ္တယ္ေတြမွာ လ်ိဳ႕ဝွက္ကင္မရာေတြတပ္ဆင္ထားေလ့ရွိတဲ့အတြက္ ရာႏႈန္းျပည့္ စိတ္ေအးလက္သာအနားယူခ်င္တယ္ဆိုရင္ေတာ့ ဒီကင္မရာေတြကိုရွာေဖြတာက ပိုေကာင္းပါလိမ့္မယ္။အေမရိကန္ႏိုင္ငံရဲ႕လ်ိဳ႕ဝွက္ကင္မရာတပ္ဆင္ေပးတဲ့ကုမၸဏီေတြကေတာ့ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြမေပါက္ၾကားေအာင္ တာဝန္ယူထားတယ္ဆိုေပမယ့္လည္း ကိုယ့္ကိုေစာင့္ၾကည့္ေနတာမ်ိဳးကိုေတာ့ ဘယ္သူမွသေဘာမက်ေလာက္ပါဘူး။

၂၀၁၅ ခုႏွစ္တုန္းက Travelodge မွာအခန္းငွားေနတဲ့အမ်ိဳးသမီးတစ္ဦးရဲ႕ေရခ်ိဳးခန္းထဲမွာကင္မရာတစ္လုံးတပ္ဆင္ထားတာကိုေတြ႕ခဲ့ရပါတယ္။ဒီအမ်ိဳးသမီးဟာ ကင္မရာကိုေတြ႕လိုက္တဲ့အခ်ိန္မွာ အလြန္ေဒါသထြက္သြားၿပီး ခက္ရင္းခြနဲ႔ေဆာင့္ထိုးခဲ့ၿပီးေနာက္ ရဲေတြကို တိုင္ၾကားခဲ့တဲ့အခါမွာေတာ့ ဟိုတယ္တစ္ခုလုံးအစစ္ေဆးခံခဲ့ရပါေတာ့တယ္။၂၀၁၆ ခုႏွစ္တုန္းကလည္း အသက္ ၁၁ ႏွစ္အ႐ြယ္ကေလးနဲ႔သားအမိႏွစ္ဦး အခန္းငွားေနစဥ္မွာ အိမ္သာထဲမွာ လ်ိဳ႕ဝွက္ကင္မရာတပ္ဆင္ထားတာကိုေတြ႕ခဲ့ရပါတယ္။

ဒီအေၾကာင္းကေတာ့ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ခိုးယူမႈနဲ႔ သတင္းစာေတာ္ေတာ္မ်ားမ်ားရဲ႕ေခါင္းစည္းပိုင္းမွာပါသြားခဲ့ပါတယ္။ကိုယ့္မွာ လ်ိဳ႕ဝွက္ကင္မရာေတြကို ရွာေဖြတဲ့ကိရိယာမရွိတဲ့အခါမ်ိဳးမွာ အလင္းျပန္ေနတဲ့ အရာေတြကိုရွာၾကည့္ပါ။ ကင္မရာမွာမွန္ဘီလူးပါတဲ့အတြက္ မွန္ဘီလူးဟာ အလင္းျပန္ေလ့ရွိတာေၾကာင့္အလြယ္တကူေတြ႕ႏိုင္ပါတယ္။ ေလဝင္ေပါက္ ၊ ပန္းခ်ီကားအေနာက္ဘက္ ၊ ပရိေဘာဂေတြအေနာက္ဘက္ အစရွိတဲ့ေနရာေတြကို သတိထားၿပီးရွာၾကည့္ပါ ။

ထို႔အျပင္ မီးခိုးေငြ႕အာ႐ုံခံစက္ ၊ နာရီအေနာက္ဘက္ေတြနဲ႔ ပန္းခ်ီကားေဘာင္ေတြထဲမွာလည္း လ်ိဳ႕ဝွက္ကင္မရာေတြရွိေနတတ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕အခြင့္အေရးခ်ိဳးေဖာက္ခံရတယ္လို႔ယူဆမိရင္ေတာ့ ရဲေတြကိုခ်က္ခ်င္းတိုင္ၾကားႏိုင္ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ဟိုတယ်ဆိုတာဟာ သီးသန့်အနားယူတဲ့နေရာလေးတစ်ခုပါ ။ ဒါပေမယ့် တကယ်ရောဟုတ်ရဲ့လား ။ဟော်တယ်တွေမှာ လျို့ဝှက်ကင်မရာတွေတပ်ဆင်ထားလေ့ရှိတဲ့အတွက် ရာနှုန်းပြည့် စိတ်အေးလက်သာအနားယူချင်တယ်ဆိုရင်တော့ ဒီကင်မရာတွေကိုရှာဖွေတာက ပိုကောင်းပါလိမ့်မယ်။အမေရိကန်နိုင်ငံရဲ့လျို့ဝှက်ကင်မရာတပ်ဆင်ပေးတဲ့ကုမ္ပဏီတွေကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေမပေါက်ကြားအောင် တာဝန်ယူထားတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုစောင့်ကြည့်နေတာမျိုးကိုတော့ ဘယ်သူမှသဘောမကျလောက်ပါဘူး။

၂၀၁၅ ခုနှစ်တုန်းက Travelodge မှာအခန်းငှားနေတဲ့အမျိုးသမီးတစ်ဦးရဲ့ရေချိုးခန်းထဲမှာကင်မရာတစ်လုံးတပ်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။ဒီအမျိုးသမီးဟာ ကင်မရာကိုတွေ့လိုက်တဲ့အချိန်မှာ အလွန်ဒေါသထွက်သွားပြီး ခက်ရင်းခွနဲ့ဆောင့်ထိုးခဲ့ပြီးနောက် ရဲတွေကို တိုင်ကြားခဲ့တဲ့အခါမှာတော့ ဟိုတယ်တစ်ခုလုံးအစစ်ဆေးခံခဲ့ရပါတော့တယ်။၂၀၁၆ ခုနှစ်တုန်းကလည်း အသက် ၁၁ နှစ်အရွယ်ကလေးနဲ့သားအမိနှစ်ဦး အခန်းငှားနေစဉ်မှာ အိမ်သာထဲမှာ လျို့ဝှက်ကင်မရာတပ်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။

ဒီအကြောင်းကတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်ခိုးယူမှုနဲ့ သတင်းစာတော်တော်များများရဲ့ခေါင်းစည်းပိုင်းမှာပါသွားခဲ့ပါတယ်။ကိုယ့်မှာ လျို့ဝှက်ကင်မရာတွေကို ရှာဖွေတဲ့ကိရိယာမရှိတဲ့အခါမျိုးမှာ အလင်းပြန်နေတဲ့ အရာတွေကိုရှာကြည့်ပါ။ ကင်မရာမှာမှန်ဘီလူးပါတဲ့အတွက် မှန်ဘီလူးဟာ အလင်းပြန်လေ့ရှိတာကြောင့်အလွယ်တကူတွေ့နိုင်ပါတယ်။ လေဝင်ပေါက် ၊ ပန်းချီကားအနောက်ဘက် ၊ ပရိဘောဂတွေအနောက်ဘက် အစရှိတဲ့နေရာတွေကို သတိထားပြီးရှာကြည့်ပါ ။

ထို့အပြင် မီးခိုးငွေ့အာရုံခံစက် ၊ နာရီအနောက်ဘက်တွေနဲ့ ပန်းချီကားဘောင်တွေထဲမှာလည်း လျို့ဝှက်ကင်မရာတွေရှိနေတတ်ပါတယ်။ တကယ်လို့ သင့်ရဲ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ယူဆမိရင်တော့ ရဲတွေကိုချက်ချင်းတိုင်ကြားနိုင်ပါတယ်။
Writer – Min Thu (XYZ News)