ရန္ကုန္၊ ဒီဇင္ဘာ ၃၁

၂၀၂၀ ဇန္နဝါရီလ ၁ ရက္ေန႔တြင္က်င္းပမည့္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ ထီလက္မွတ္ေရာင္းရေငြမွ ထီဆုေငြ က်ပ္သန္း ၁၈ယဝ၀၀ ေက်ာ္အျပင္ ဆုမဲမ်ား၏ ဘ႑ာသိမ္းရေငြမွ က်ပ္သန္း ၂၅၀ ကိုလည္း ထည့္သြင္းခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အဆိုပါ ၁၁ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၁ ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ ထီလက္မွတ္မ်ားကို ‘က’ အကၡရာမွအစဥ္လိုက္ ‘ကင’ အထိ စုစုေပါင္းအကၡရာ ၃၈ လုံးေရာင္းခ်ခဲ့ရာ ယင္းမွထီစာအုပ္ ၃ယ၁၀၉ယဝ၈၄ အုပ္၊ ထီလက္မွတ္ေစာင္ေရ ၃၄,၁၉၉,၉၂၄ ေစာင္ ေရာင္းခ်ခဲ့ေၾကာင္း ယင္းဌာနခြဲထံမွ သိရသည္။

ယင္းထီလက္မွတ္မ်ား ေရာင္းခ်ရေငြမွာ က်ပ္သန္း ၃၁,ဝ၉၀ ဒသမ ၈၄ ျဖစ္သည့္အတြက္ ၆၀ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ရာ က်ပ္သန္း ၁၈,၆၅၄ ဒသမ ၅၀၄ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း အဆိုပါဌာနခြဲထံမွ သိရသည္။

အဆိုပါခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားမွာ အထူးဆုႀကီးစနစ္တြင္ က်ပ္သိန္းတစ္ေသာင္းငါးေထာင္ဆု ၁ ဆု၊ က်ပ္သိန္း တစ္ေသာင္းဆု ၁ ဆု၊ က်ပ္သိန္း ငါးေထာင္ဆု ၂ ဆု၊ က်ပ္သိန္းႏွစ္ေထာင္ဆု ၄ ဆု၊ က်ပ္သိန္းတစ္ေထာင္ဆု ၈ ဆု၊ ဆု တစ္ဆုခ်င္းစနစ္တြင္ က်ပ္သိန္းငါးရာ ၁၈ ဆု၊ က်ပ္သိန္းႏွစ္ရာ ၂၄ ဆု၊ က်ပ္သိန္းတစ္ရာဆု ၃၀ ဆု၊ က်ပ္သိန္းငါးဆယ္ဆု ၃၁ ဆု၊ က်ပ္သိန္းႏွစ္ဆယ္ဆု ၃၁ ဆု၊ က်ပ္ဆယ္သိန္းဆု ၃၂ ဆုႏွင့္ ေဝေဝဆာဆာပေဒသာဆုမဲစနစ္တြင္ က်ပ္သုံးသိန္းဆု ၁၅၀ ဆု၊ က်ပ္ႏွစ္သိန္းဆု ၁ယ၅၀၀ ဆု၊ က်ပ္တစ္သိန္းဆု ၁၈ယဝ၀၀ ဆု၊ က်ပ္ ငါးေသာင္းဆု ၁၉၀ယဝ၀၀ ဆုတို႔ပါဝင္မည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲထံမွ သိရသည္။

ထိုျပင္ သတ္မွတ္ကာလအတြင္း လာေရာက္ထုတ္ယူျခင္းမရွိသည့္ ဆုမဲမ်ား၏ ဘ႑ာသိမ္းရေငြမွ က်ပ္သန္း ၂၅၀ ကို တစ္ဆုခ်င္း ဆုမဲ က်ပ္ ၁၀ သိန္း ၄ ဆုႏွင့္ ေဝေဝဆာဆာဆုမဲမ်ားျဖစ္သည့္ က်ပ္ ၃ သိန္း ၂၀ ဆု၊ က်ပ္ ၂ သိန္း ၂၀၀ ဆု၊ က်ပ္ ၁ သိန္း ၂ယဝ၀၀ ဆု စုစုေပါင္း ၂ယ၂၂၄ ဆုကိုလည္း ထပ္မံခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း အဆိုပါသိန္းဆုဌာနခြဲ၏ စာရင္းမ်ားအရ သိရသည္။

ျပည့္ၿဖိဳးျမင့္မြန္


Unicode



အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းရငွေ သန်း ၂၅၀ ဆုအဖြစ် ထည့်သွင်းချီးမြှင့်မည်
31-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့တွင်ကျင်းပမည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းရငွေမှ ထီဆုငွေ ကျပ်သန်း ၁၈ယဝဝ၀ ကျော်အပြင် ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ၁၁ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ်များကို ‘က’ အက္ခရာမှအစဉ်လိုက် ‘ကင’ အထိ စုစုပေါင်းအက္ခရာ ၃၈ လုံးရောင်းချခဲ့ရာ ယင်းမှထီစာအုပ် ၃ယ၁၀၉ယဝ၈၄ အုပ်၊ ထီလက်မှတ်စောင်ရေ ၃၄,၁၉၉,၉၂၄ စောင် ရောင်းချခဲ့ကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

ယင်းထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၁,ဝ၉၀ ဒသမ ၈၄ ဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ရာ ကျပ်သန်း ၁၈,၆၅၄ ဒသမ ၅၀၄ ချီးမြှင့်မည်ဖြစ်ကြောင်း အဆိုပါဌာနခွဲထံမှ သိရသည်။

အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်ဆု ၁ ဆု၊ ကျပ်သိန်း တစ်သောင်းဆု ၁ ဆု၊ ကျပ်သိန်း ငါးထောင်ဆု ၂ ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု ၄ ဆု၊ ကျပ်သိန်းတစ်ထောင်ဆု ၈ ဆု၊ ဆု တစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ ၁၈ ဆု၊ ကျပ်သိန်းနှစ်ရာ ၂၄ ဆု၊ ကျပ်သိန်းတစ်ရာဆု ၃၀ ဆု၊ ကျပ်သိန်းငါးဆယ်ဆု ၃၁ ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု ၃၁ ဆု၊ ကျပ်ဆယ်သိန်းဆု ၃၂ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု ၁၅၀ ဆု၊ ကျပ်နှစ်သိန်းဆု ၁ယ၅၀၀ ဆု၊ ကျပ်တစ်သိန်းဆု ၁၈ယဝဝ၀ ဆု၊ ကျပ် ငါးသောင်းဆု ၁၉ဝယဝဝ၀ ဆုတို့ပါဝင်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ထိုပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကို တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း ၄ ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း ၂၀ ဆု၊ ကျပ် ၂ သိန်း ၂၀၀ ဆု၊ ကျပ် ၁ သိန်း ၂ယဝဝ၀ ဆု စုစုပေါင်း ၂ယ၂၂၄ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း အဆိုပါသိန်းဆုဌာနခွဲ၏ စာရင်းများအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်