ေခ်ာင္းဆိုးေပ်ာက္ေဆး ႏွင့္ ပိုးသတ္ေဆး မွားေသာက္မိသည့္ အမ်ိဳးသမီးငယ္ တစ္ဦး ေသဆုံး
31-Dec-2019
ပုသိမ္၊ ဒီဇင္ဘာ ၃၁
ဧရာဝတီတိုင္း ေဒသႀကီး ငပုေတာ ၿမိဳ႕နယ္ က်ဳံကူးေက်းရြာ မွ အသက္၁၆ ႏွစ္ အရြယ္ရွိ အမ်ိဳးသမီး ၁ ဦးသည္ ဒီဇင္ဘာ ၃၀ ရက္ေန႔ ညေနပိုင္းက ေခ်ာင္းဆိုးေပ်ာက္ေဆး ႏွင့္ ပိုးသတ္ေဆး မွားယြင္းေသာက္မိသျဖင့္ ေသဆုံးခဲ့ေၾကာင္း ယင္းေက်းရြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ထံမွ သိရသည္။
ပိုးသတ္ေဆး ေသာက္မိသည့္ မိန္းခေလး မေအးရနံ့ေဇာ္ ဆိုသူအား လူနာတင္ကားျဖင့္ က်ဳံကူးတိုက္နယ္ ေဆး ႐ုံ မွ ပုသိမ္ေဆး ႐ုံႀကီးသို႔ ပို႔ေဆာင္ရန္ သယ္ေဆာင္လာစဥ္ လမ္းခုလတ္တြင္ ေသဆုံး သြားျခင္းျဖစ္ေၾကာင္း က်ဴံကူးတိုက္နယ္ ႏွင့္ ပုသိမ္ၿမိဳ႕သို႔ ကားျဖင့္ ၃ နာရီေက်ာ္သြားသည့္ ခရီးျဖစ္ေၾကာင္း ယင္းၿမိဳ႕နယ္ ေခတ္သစ္ အခမဲ့ လူမႈကူညီေရး အဖြဲ႕မွ ဦးၿဖိဳးႀကီးက ေျပာသည္။
“အေၾကာင္းၾကား ဆက္သြယ္လာလို႔ ေရာက္သြားေတာ့ အသက္႐ူက်ပ္ၿပီး သတိလစ္သလို ျဖစ္ေနၿပီ၊ အရင္ဆုံး က်ဳံကူးေဆး႐ုံက ကုသေပးပါတယ္၊ ၿပီးေတာ့ ခ်က္ျခင္းပဲ ပုသိမ္ေဆး႐ုံကို လူနာတင္ကား နဲ႔ သယ္လာတာ နာရီဝက္ေလာက္အၾကာမွာ ေသဆုံးသြားတာ” ဟု ၎က ဆက္ေျပာသည္။
အသက္ ၁၆ ႏွစ္ အရြယ္ မေအးရနံ့ ေသဆုံးျခင္း ႏွင့္ ပါတ္သက္ ၍ က်ဳံးကူး နယ္ေျမရဲစခန္းက ေသမႈေသခင္း ဖြင့္လွစ္ကာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးေဆာင္ရြက္ ေနေၾကာင္း ယင္းရဲစခန္းမွ သိရသည္။
ေမာင္မ်ိဳးထက္(ပုသိမ္) (R -12)
Unicode
ချောင်းဆိုးပျောက်ဆေး နှင့် ပိုးသတ်ဆေး မှားသောက်မိသည့် အမျိုးသမီးငယ် တစ်ဦး သေဆုံး
31-Dec-2019
ပုသိမ်၊ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်း ဒေသကြီး ငပုတော မြို့နယ် ကျုံကူးကျေးရွာ မှ အသက်၁၆ နှစ် အရွယ်ရှိ အမျိုးသမီး ၁ ဦးသည် ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ချောင်းဆိုးပျောက်ဆေး နှင့် ပိုးသတ်ဆေး မှားယွင်းသောက်မိသဖြင့် သေဆုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ပိုးသတ်ဆေး သောက်မိသည့် မိန်းခလေး မအေးရနံ့ဇော် ဆိုသူအား လူနာတင်ကားဖြင့် ကျုံကူးတိုက်နယ် ဆေး ရုံ မှ ပုသိမ်ဆေး ရုံကြီးသို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် လမ်းခုလတ်တွင် သေဆုံး သွားခြင်းဖြစ်ကြောင်း ကျူံကူးတိုက်နယ် နှင့် ပုသိမ်မြို့သို့ ကားဖြင့် ၃ နာရီကျော်သွားသည့် ခရီးဖြစ်ကြောင်း ယင်းမြို့နယ် ခေတ်သစ် အခမဲ့ လူမှုကူညီရေး အဖွဲ့မှ ဦးဖြိုးကြီးက ပြောသည်။
“အကြောင်းကြား ဆက်သွယ်လာလို့ ရောက်သွားတော့ အသက်ရူကျပ်ပြီး သတိလစ်သလို ဖြစ်နေပြီ၊ အရင်ဆုံး ကျုံကူးဆေးရုံက ကုသပေးပါတယ်၊ ပြီးတော့ ချက်ခြင်းပဲ ပုသိမ်ဆေးရုံကို လူနာတင်ကား နဲ့ သယ်လာတာ နာရီဝက်လောက်အကြာမှာ သေဆုံးသွားတာ” ဟု ၎င်းက ဆက်ပြောသည်။
အသက် ၁၆ နှစ် အရွယ် မအေးရနံ့ သေဆုံးခြင်း နှင့် ပါတ်သက် ၍ ကျုံးကူး နယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက် နေကြောင်း ယင်းရဲစခန်းမှ သိရသည်။
မောင်မျိုးထက်(ပုသိမ်) (R -12)
0 Comments