ဇန္နဝါရီ ၁
Source- BBC
#ဥက်ကာ
#TheFifthWaveNews
Photo-White House
ဇန်နဝါရီ ၁
နိုင်ငံတကာသတင်း
Source- BBC
#ဥက္ကာ
#TheFifthWaveNews
Photo-White House
Unicode
အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးမယ်လို့ ထရမ့်ကြေညာ
ဇန်နဝါရီ ၁
နိုင်ငံတကာသတင်း
ကာလရှည်စောင့်နေကြတဲ့တရုတ်နဲ့ကုန်သွယ်ရေးသဘောတူစာချုပ်ကို ဇန်နဝါရီ ၁၅ ရက်မှာလက်မှတ်ရေးထိုးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကြေညာခဲ့ပါတယ်။
အဆင့် ၁ သဘောတူညီချက်ဟာ စီးပွားရေးဧရာမအင်အားကြီးနှစ်နိုင်ငံကြားတင်းမာမှုတွေကိုလျှော့ချပေးမယ်လို့ မျှော်လင့်နေကြပါတယ်။
သဘောတူစာချုပ်ကို ဝါရှင်တန်မှာ တရုတ်နိုင်ငံရဲ့အဆင့်မြင့်အရာရှိကြီးတွေမျက်မှောက်မှာ လက်မှတ်ရေးထိုးသွားမယ်လို့လည်း ထရမ့်ကပြောပါတယ်။
“နောက်ပိုင်းရက်တစ်ရက်မှာတော့ ကျွန်တော် အဆင့်နှစ်ဆွေးနွေးမှုတွေစမယ့်ဘေကျင်းကိုသွားပါမယ်။” လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။
သဘောတူညီချက်မှာတိုးတက်မှုတွေရှိလာတာကိုကိုးကားပြီး တရုတ်ကုန်စည်တွေကို စည်းကြပ်ခွန်တိုးကောက်မယ့်အစီအစဉ်တွေ ထရမ့်ပယ်ဖျက်ခဲ့ပါတယ်။
သဘောတူညီချက်မှာပါတဲ့အသုံးအနှုန်းတွေကို အများသိအောင်ချပြတာမျိုးမရှိသေးပေမဲ့ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေတိုးဝယ်ဖို့နဲ့ ဉာဏပစ္စည်းကာကွယ်မှုတွေမြှင့်တင်ဖို့ တရုတ်ကကတိပြုခဲ့ပြီး အမေရိကန်ကလည်း စည်းကြပ်ခွန်တချို့လျှော့ပေးဖို့ ဒီဇင်ဘာအစောပိုင်းမှာ နှစ်ဖက်စလုံးကပြောပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ ၂၀၁၈ ခုနှစ်မှာစတဲ့နောက်ပိုင်း နှစ်ဖက်စလုံးက အမေရိကန်ဒေါ်လာဘီလီယံရာချီတန်တဲ့ကုန်စည်တွေကို သွင်းကုန်ခွန်တိုးကောက်ခဲ့ကြပြီး ဈေးကွက်တွေထိခိုက်တဲ့အပြင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုလည်း အထိနာခဲ့ပါတယ်။
တင်းမာမှုတွေကြောင့်ဖြစ်နေတဲ့မရေမရာအခြေအနေတွေကို သဘောတူညီချက်နဲ့ဖြေရှင်းနိုင်မယ်လို့မျှော်လင့်ခဲ့ကြတဲ့နောက် ဒီဇင်ဘာအစောပိုင်းမှာ စတော့ဈေးကွက်တန်ဖိုးတွေပြန်မြင့်တက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့နောက်ဆုံးကုန်သွယ်တဲ့နေ့ဖြစ်တဲ့အင်္ဂါနေ့မှာလည်း စတော့ဈေးကွက်တန်ဖိုးတွေအနည်းငယ်မြင့်တက်ခဲ့ပါတယ်။
Source- BBC
#ဥက်ကာ
#TheFifthWaveNews
Photo-White House
အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးမယ်လို့ ထရမ့်ကြေညာ
ဇန်နဝါရီ ၁
နိုင်ငံတကာသတင်း
ကာလရှည်စောင့်နေကြတဲ့တရုတ်နဲ့ကုန်သွယ်ရေးသဘောတူစာချုပ်ကို ဇန်နဝါရီ ၁၅ ရက်မှာလက်မှတ်ရေးထိုးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကြေညာခဲ့ပါတယ်။
အဆင့် ၁ သဘောတူညီချက်ဟာ စီးပွားရေးဧရာမအင်အားကြီးနှစ်နိုင်ငံကြားတင်းမာမှုတွေကိုလျှော့ချပေးမယ်လို့ မျှော်လင့်နေကြပါတယ်။
သဘောတူစာချုပ်ကို ဝါရှင်တန်မှာ တရုတ်နိုင်ငံရဲ့အဆင့်မြင့်အရာရှိကြီးတွေမျက်မှောက်မှာ လက်မှတ်ရေးထိုးသွားမယ်လို့လည်း ထရမ့်ကပြောပါတယ်။
“နောက်ပိုင်းရက်တစ်ရက်မှာတော့ ကျွန်တော် အဆင့်နှစ်ဆွေးနွေးမှုတွေစမယ့်ဘေကျင်းကိုသွားပါမယ်။” လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။
သဘောတူညီချက်မှာတိုးတက်မှုတွေရှိလာတာကိုကိုးကားပြီး တရုတ်ကုန်စည်တွေကို စည်းကြပ်ခွန်တိုးကောက်မယ့်အစီအစဉ်တွေ ထရမ့်ပယ်ဖျက်ခဲ့ပါတယ်။
သဘောတူညီချက်မှာပါတဲ့အသုံးအနှုန်းတွေကို အများသိအောင်ချပြတာမျိုးမရှိသေးပေမဲ့ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေတိုးဝယ်ဖို့နဲ့ ဉာဏပစ္စည်းကာကွယ်မှုတွေမြှင့်တင်ဖို့ တရုတ်ကကတိပြုခဲ့ပြီး အမေရိကန်ကလည်း စည်းကြပ်ခွန်တချို့လျှော့ပေးဖို့ ဒီဇင်ဘာအစောပိုင်းမှာ နှစ်ဖက်စလုံးကပြောပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ ၂၀၁၈ ခုနှစ်မှာစတဲ့နောက်ပိုင်း နှစ်ဖက်စလုံးက အမေရိကန်ဒေါ်လာဘီလီယံရာချီတန်တဲ့ကုန်စည်တွေကို သွင်းကုန်ခွန်တိုးကောက်ခဲ့ကြပြီး စျေးကွက်တွေထိခိုက်တဲ့အပြင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုလည်း အထိနာခဲ့ပါတယ်။
တင်းမာမှုတွေကြောင့်ဖြစ်နေတဲ့မရေမရာအခြေအနေတွေကို သဘောတူညီချက်နဲ့ဖြေရှင်းနိုင်မယ်လို့မျှော်လင့်ခဲ့ကြတဲ့နောက် ဒီဇင်ဘာအစောပိုင်းမှာ စတော့စျေးကွက်တန်ဖိုးတွေပြန်မြင့်တက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့နောက်ဆုံးကုန်သွယ်တဲ့နေ့ဖြစ်တဲ့အင်္ဂါနေ့မှာလည်း စတော့စျေးကွက်တန်ဖိုးတွေအနည်းငယ်မြင့်တက်ခဲ့ပါတယ်။
Source- BBC
#ဥက္ကာ
#TheFifthWaveNews
Photo-White House
0 Comments