Relationship သက်တမ်းကြာတဲ့အထိ လက်တွဲမပြုတ်စေဖို့ အပြန်အလှန်စောင့်ထိန်းရမယ့် အရာများ
Sponsored
Sponsored
(၂) ယုံကြည်ပါ
(၄) မနှိမ်ပါနဲ့
(၅) ပံ့ပိုးပါ
Written by Kham
Unicode
Relationship သက်တမ်းကြာတဲ့အထိ လက်တွဲမပြုတ်စေဖို့့ အပြန်အလှန်စောင့်ထိန်းရမယ့့် အရာများ
Image by Artistic Films from Pixabay
Sponsored
သူစိမ်းနှစ်ယောက် အချိန်အကြာကြီး အတူ ရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ နှစ်တွေ ရှည်တဲ့ စုံတွဲတွေက ဘာကြောင့်လဲ စဉ်းစားဖူးကြမှာပါ။ တစ်ယောက်ပေါ် တစ်ယောက်ချစ်ကြရုံနဲ့ အတူလက်တွဲလို့ မရနိုင်ပါဘူး။ လတွေ နှစ်တွေချီပြီး တစ်သက်လုံးပေါင်းဖက်ဖို့ဆို ဒီအချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
(၁) ကိုယ်ရေးကိုယ်တာနဲ့ အလုပ်နဲ့ ခွဲတတ်ပါစေ
Sponsored
ချစ်သူဖြစ်ပြီဆိုတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတတ််ကြပါတယ်။ ဒါပေမဲ့ အလွန်အကျွံ မဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ သေချာ ခွဲတတ်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အလုပ်အရ လုပ်ရကို်င်ရတာတွေမှာပါ သဝန်မတိုဖို့ လိုအပ်ပါတယ်။ သဝန်တိုတာရဲ့ နောက်ဆက်တွဲအဖြစ် မယုံကြည်မှုက ပါလာတာမို့ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ မဖြစ်ချင်ရင် သတိထားဖို့ လိုအပ်ပါတယ်။
Image by Free-Photos from Pixabay
(၂) ယုံကြည်ပါ
တစ်ယောက်ကို တစ်ယောက် ခံစားချက် ရှိလို့သာ ချစ်သူ ဖြစ်ခဲ့ကြတာပါ။ အဲ့ဒါကို ထပ်သံသယ ရှိဖို့ မလိုအပ်ပါဘူး။ မလိုအပ်ပဲ သဝန်တိုတာက သင့်ချစ်သူကို သင်မယုံဘူးလို့ ပြောနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ယုံကြည်သင့်ပါတယ်။ မဟုတ်ရင် စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အခါ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက် လျော့သွားတာမျိုး ဖြစ်တတ်ပါတယ်။
(၃) Privacy ကို အလေးထားပါ။
လူတစ်ယောက်အကြောင်း တစ်ယောက် အကုန် သိဖို့ မလိုအပ်ပါဘူး။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအချင်းချင်း၊ ချစ်သူရည်းစား စတာတွေမှာ အကြောင်းစုံ သိထားဖို့ မလိုပါဘူး။ လူတိုင်းမှာ သူ့ကိုယ်ပိုင်အကြောင်းအရာနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိဖို့ လိုအပ်ပါတယ်။ အလေးမထားပဲ အရာရာကို သိချင်တယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ််။ တစ်ဖက်ကလည်း ချုပ်ချယ်လွန်းတယ် ချုပ်ကိုင်တယ် ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဖုအထစ်တွေ မဖြစ်စေချင်ရင် ကိုယ့်စိတ်ကိုယ် အလိုမလိုက်ပါနဲ့။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်းပဲ လုပ်ပါ။
Image by Mircea Iancu from Pixabay
(၄) မနှိမ်ပါနဲ့
လူတိုင်းက သူ့အရည်အချင်းနဲ့ သူ ရှိပါတယ်။ ဒါ့အပြင် သင် ရွေးချယ်ထားလို့ သင့်ချစ်သူအဖြစ် ရှိနေတဲ့သူကို မနှိမ်သင့်ပါဘူး။ သင်က သူ့ထက် သာကြောင်း ပြောတာဖြစ်စေ၊ အပြုအမူနဲ့ ဖော်ပြတာ ဖြစ်စေ မလုပ်သင့်ပါဘူး။ ဒါက တစ်ခြားတစ်ယောက်ကို စိတ်ထိခိုက်စေတာကြောင့် အချိန်ကြာလာရင် သင့်အပေါ် သူက ဝန်ပိုတယ် ခံစားလာရရင် သင်တို့ ရေရှည်ဆက်မရှိနိုင်တော့ပါဘူး။
Image by Hans Braxmeier from Pixabay
(၅) ပံ့ပိုးပါ
လူတစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ ပံံ့ပိုးမှုဆိုတာ ရှိတတ်ပါတယ်။ သင့်ချစ်သူကိုလည်း သင်လုပ်နိုင်တဲ့ အနေအထားအလျောက် စိတ်ရောကိုယ်ပါ ပံ့ပိုးဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ပံ့ပိုးမှုက မပြောပလောက်ရင်တောင် သူ့အတွက်က တကယ့်ကို အသုံးဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သင့်ပံ့ပိုးမှုကြောင့် သူစွမ်းဆောင်နိုင်ခဲ့ရင် သင်ရော သူရော ပျော်ရွှင်ရမှာပါ။ ဒါ့အပြင် တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချမှု ပိုတိုးလာနိုင်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။
ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေနော်…
Written by Kham
0 Comments