ခရီးေတြပဲ အျမဲထြက္ေနၿပီး ေငြကုန္ လူပင္ပန္းျဖစ္သြားတဲ့ အားလပ္ရက္ေတြကို တစ္ခါတစ္ေလေတာ့ စြန္႔လႊတ္ၾကည့္သင့္ပါတယ္။ အားလပ္ရက္ဆိုတာ အနားယူဖို႔ပါ။ ဒါေပမဲ့ အနားမရလိုက္ပဲ ခရီးပန္းတဲ့ဒဏ္နဲ႔ ရံုးတက္ရက္ေတြကို ျပန္ေရာက္သြားတာက တကယ့္ကို ပင္ပန္းတဲ့ အရာပါပဲ။ ဒါေၾကာင့္ ေငြလည္း ကုန္က်စရိတ္မမ်ားသလို လူလည္း အနားရမယ္ ေပ်ာ္လည္း ေပ်ာ္ရေစမယ့္ အရာေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။
(၁) အိမ္သန္႔ရွင္းေရး လုပ္ပါ။

တစ္အိမ္လံုးကို သန္႔ရွင္းေရးလုပ္တာ ပင္ပန္းေကာင္း ပင္ပန္းႏိုင္ပါတယ္။ ဒါေပမဲ့ တစ္အိမ္လံုး သန္႔ရွင္းသြားတဲ့အခါ သင့္ကို စိတ္ၾကည္လင္မႈ ရေစမွာပါ။ ဒါ့အျပင္ အိမ္မွာ ရွိတဲ့ ပစၥည္းေတြကို ေနရာတက် ျပန္စီတာက စိတ္ကို ေပါ့ပါးေစသလို ျမင္ကြင္းအသစ္နဲ႔ ျဖစ္သြားတဲ့အိမ္ကို ၾကည့္ၿပီး သင္ ေပ်ာ္ရႊင္ရမွာပါ။ ေနာက္ရက္ေတြမွာလည္း သင့္ရဲ႕ အသစ္ျဖစ္တဲ့ ေနရာတက် ထားမႈေတြနဲ႔ သန္႔ရွင္းေနတဲ့ အိမ္က သင့္စိတ္ကို ၾကည္လင္ေနေစမွာပါ။

(၂) မုန္႔လုပ္စားပါ
မုန္႔လုပ္နည္းေတြကို အြန္လိုင္းကေန ရွာၿပီး ၾကည့္ႏိုင္ပါတယ္။ ဆိုင္မွာ ခ်က္ၿပီးသား သြားစားတာနဲ႔ ကိုယ့္ဘာသာ ခ်က္စားတာနဲ႔က ပီတိကြာပါတယ္။ ကိုယ္တိုင္ ဖန္တီးထားတဲ့ လက္ရာက ေပ်ာ္ရႊင္မႈလည္း ရေစသလို လူမႈကြန္ယက္ေပၚ တင္ၿပီး ႂကြားလို႔လည္း ရပါေသးတယ္။
(၃) အိမ္မွာ သူငယ္ခ်င္းေတြ စုၿပီး ရုပ္ရွင္ၾကည့္ပါ။
တစ္ေယာက္တည္း ရုပ္ရွင္ ၾကည့္ရတာနဲ႔ သူငယ္ခ်င္းေတြနဲ႔ ရုပ္ရွင္ ၾကည့္ရတာ မတူပါဘူးေနာ္။ သူငယ္ခ်င္းေတြ ဘယ္မွမသြားပဲ စားစရာ ေသာက္စရာေတြနဲ႔ အိမ္တြင္းေအာင္းၿပီး ရုပ္ရွင္ၾကည့္ၾကတာက တကယ့္ကို ဘဝအမွတ္တရ ျဖစ္ေစပါတယ္။ ကိုရီးယား ဒရမ္မာကားေတြၾကည့္ၿပီး တူတူငိုလို႔ ရသလို ဟာသကားေတြ ၾကည့္ၿပီး တူတူ ရယ္လို႔လည္း ရပါေသးတယ္။

(၄) ပါတီလုပ္ပါ။
ေငြကုန္ေၾကးက် မမ်ားေစရတဲ့နည္းထဲ ပါတီလုပ္ရမယ္ ဆိုေတာ့ ထူးဆန္းသြားမယ္ ထင္ပါတယ္။ ေငြေၾကးကုန္က်မႈ ရွိေပမဲ့ အနည္းအက်ဥ္းပဲ ကုန္က်ေစမယ့္ နည္းေလးပါ။ သူငယ္ခ်င္းေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ပစၥည္းမထပ္ေစပဲ ပါတီအတြက္ လိုအပ္တာေတြကို တစ္ႏိုင္တစ္ပိုင္ သယ္လာၿပီး ေသာက္ၾကစားၾက ေပ်ာ္ၾကပါးၾကတာမ်ိဳးကို ဆိုလိုတာပါ။ စကားေတြ ေျပာၾက မူးၾကျပဲၾက လုပ္လို႔ ရပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ တူတူ ျပန္ရွင္းဖို႔ေတာ့ လိုတာေပါ့ 😀

(၅) ဝါသနာ ပါရာ လုပ္ပါ
လူတိုင္းမွာ ဝါသနာကိုယ္စီ ရွိၾကပါတယ္။ အလုပ္ေတြ ရႈပ္ၿပီး ဝါသနာကို မလုပ္ျဖစ္တာ အခ်ိန္ေတာ္ေတာ္ၾကာေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ရတုန္း ကိုယ့္ဝါသနာအတြက္ အခ်ိန္ေလးေပးၿပီး လုပ္သင့္ပါတယ္။ ဝါသနာဆိုတာ မလုပ္ျဖစ္ေပမဲ့ လုပ္မိတဲ့အခါလည္း ကိုယ့္ကိုယ္ကို ေက်နပ္ပီတိမႈကို ေပးတဲ့အရာ ျဖစ္ပါတယ္။
ေငြကုန္ေၾကးက်လည္း သိပ္မမ်ားသလို သင္တို႔အတြက္ မဖန္တီးျဖစ္တဲ့ အမွတ္တရေတြလည္း ရရွိေစမွာမို႔ တစ္ႀကိမ္ေလာက္ေတာ့ လုပ္ၾကည့္သင့္ပါတယ္ေနာ္..။
Written by Kham

Unicode

ငွေကုန်ကြေးကျ မများပဲ သင့်အားလပ်ရက်တွေကို အမှတ်တရရှိရှိ ဖြတ်သန်းစေမယ့် အရာများ



ခရီးတွေပဲ အမြဲထွက်နေပြီး ငွေကုန် လူပင်ပန်းဖြစ်သွားတဲ့ အားလပ်ရက်တွေကို တစ်ခါတစ်လေတော့ စွန့်လွှတ်ကြည့်သင့်ပါတယ်။ အားလပ်ရက်ဆိုတာ အနားယူဖို့ပါ။ ဒါပေမဲ့ အနားမရလိုက်ပဲ ခရီးပန်းတဲ့ဒဏ်နဲ့ ရုံးတက်ရက်တွေကို ပြန်ရောက်သွားတာက တကယ့်ကို ပင်ပန်းတဲ့ အရာပါပဲ။ ဒါကြောင့် ငွေလည်း ကုန်ကျစရိတ်မများသလို လူလည်း အနားရမယ် ပျော်လည်း ပျော်ရစေမယ့် အရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အိမ်သန့်ရှင်းရေး လုပ်ပါ။


တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တာ ပင်ပန်းကောင်း ပင်ပန်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်အိမ်လုံး သန့်ရှင်းသွားတဲ့အခါ သင့်ကို စိတ်ကြည်လင်မှု ရစေမှာပါ။ ဒါ့အပြင် အိမ်မှာ ရှိတဲ့ ပစ္စည်းတွေကို နေရာတကျ ပြန်စီတာက စိတ်ကို ပေါ့ပါးစေသလို မြင်ကွင်းအသစ်နဲ့ ဖြစ်သွားတဲ့အိမ်ကို ကြည့်ပြီး သင် ပျော်ရွှင်ရမှာပါ။ နောက်ရက်တွေမှာလည်း သင့်ရဲ့ အသစ်ဖြစ်တဲ့ နေရာတကျ ထားမှုတွေနဲ့ သန့်ရှင်းနေတဲ့ အိမ်က သင့်စိတ်ကို ကြည်လင်နေစေမှာပါ။



(၂) မုန့်လုပ်စားပါ

မုန့်လုပ်နည်းတွေကို အွန်လိုင်းကနေ ရှာပြီး ကြည့်နိုင်ပါတယ်။ ဆိုင်မှာ ချက်ပြီးသား သွားစားတာနဲ့ ကိုယ့်ဘာသာ ချက်စားတာနဲ့က ပီတိကွာပါတယ်။ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာက ပျော်ရွှင်မှုလည်း ရစေသလို လူမှုကွန်ယက်ပေါ် တင်ပြီး ကြွားလို့လည်း ရပါသေးတယ်။

(၃) အိမ်မှာ သူငယ်ချင်းတွေ စုပြီး ရုပ်ရှင်ကြည့်ပါ။

တစ်ယောက်တည်း ရုပ်ရှင် ကြည့်ရတာနဲ့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင် ကြည့်ရတာ မတူပါဘူးနော်။ သူငယ်ချင်းတွေ ဘယ်မှမသွားပဲ စားစရာ သောက်စရာတွေနဲ့ အိမ်တွင်းအောင်းပြီး ရုပ်ရှင်ကြည့်ကြတာက တကယ့်ကို ဘဝအမှတ်တရ ဖြစ်စေပါတယ်။ ကိုရီးယား ဒရမ်မာကားတွေကြည့်ပြီး တူတူငိုလို့ ရသလို ဟာသကားတွေ ကြည့်ပြီး တူတူ ရယ်လို့လည်း ရပါသေးတယ်။


(၄) ပါတီလုပ်ပါ။

ငွေကုန်ကြေးကျ မများစေရတဲ့နည်းထဲ ပါတီလုပ်ရမယ် ဆိုတော့ ထူးဆန်းသွားမယ် ထင်ပါတယ်။ ငွေကြေးကုန်ကျမှု ရှိပေမဲ့ အနည်းအကျဉ်းပဲ ကုန်ကျစေမယ့် နည်းလေးပါ။ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ပစ္စည်းမထပ်စေပဲ ပါတီအတွက် လိုအပ်တာတွေကို တစ်နိုင်တစ်ပိုင် သယ်လာပြီး သောက်ကြစားကြ ပျော်ကြပါးကြတာမျိုးကို ဆိုလိုတာပါ။ စကားတွေ ပြောကြ မူးကြပြဲကြ လုပ်လို့ ရပါတယ်။ နောက်တစ်နေ့မှာတော့ တူတူ ပြန်ရှင်းဖို့တော့ လိုတာပေါ့ 😀



(၅) ဝါသနာ ပါရာ လုပ်ပါ

လူတိုင်းမှာ ဝါသနာကိုယ်စီ ရှိကြပါတယ်။ အလုပ်တွေ ရှုပ်ပြီး ဝါသနာကို မလုပ်ဖြစ်တာ အချိန်တော်တော်ကြာနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားလပ်ရက်ရတုန်း ကိုယ့်ဝါသနာအတွက် အချိန်လေးပေးပြီး လုပ်သင့်ပါတယ်။ ဝါသနာဆိုတာ မလုပ်ဖြစ်ပေမဲ့ လုပ်မိတဲ့အခါလည်း ကိုယ့်ကိုယ်ကို ကျေနပ်ပီတိမှုကို ပေးတဲ့အရာ ဖြစ်ပါတယ်။

ငွေကုန်ကြေးကျလည်း သိပ်မများသလို သင်တို့အတွက် မဖန်တီးဖြစ်တဲ့ အမှတ်တရတွေလည်း ရရှိစေမှာမို့ တစ်ကြိမ်လောက်တော့ လုပ်ကြည့်သင့်ပါတယ်နော်..။

Written by Kham