Pinterest/LIVESTRONG
Sponsored
ကိုယ္အမူမဲ့ အမွတ္မဲ့ ျပဳမူလုိက္လို႔ ဝယ္ထားတာ ဘယ္ေလာက္မွ မၾကာတဲ့ အက်ီ ၤအျဖဴေရာင္ေလးမွာ တစ္ခုခုစြန္းပယ္သြားရင္ ႏွေျမာတသျဖစ္ရင္း စိတ္မေကာင္းျဖစ္ရတယ္ဟုတ္။ အက်ီ ၤေတြေပၚမွာ စြန္းေပသြားတဲ့ အစြန္းအထင္းေတြကို ဖယ္႐ွားေပးမယ့္ နည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

Vinegar


Pixabay/evita-ochel

အစြန္းအထင္း ေတာ္ေတာ္မ်ားမ်ားကို ဖယ္႐ွားႏုိင္စြမ္း႐ွိတဲ့ vinegar ဟာ တကယ့္ကို အသံုးဝင္တဲ့ အိမ္တြင္းပစၥည္းတစ္ခု ျဖစ္ပါတယ္။ အက်ီ ၤမွာ berry သီးတုိ႔လို၊ ခရမ္းခ်ည္သီးတို႔လို အစြန္းအထင္းေတြအတြက္ vinegar ကတကယ့္ကို အေကာင္းဆံုး အစြန္းဖ်က္ေဆး ျဖစ္ပါတယ္။ ပထမဆံုးအေနနဲ႔ စြန္းပယ္သြားတဲ့ေနရာကို ေရနဲ႔ေဆးခ်လုိက္ပါ။ ၿပီးရင္ေတာ့ vinegar နဲ႔ ေရကို ေတာ္သင့္႐ံုေလာက္ထည့္ၿပီး စိမ္ထားေပးရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ခါတုိင္းေလွ်ာ္ဖြတ္ေနက်အတိုင္း ေလွ်ာ္ဖြတ္လို႔ ရပါၿပီ။ သတိထားရမွာ တစ္ခုက vinegar ကို protein အစြန္းအထင္းေတြအတြက္ အသံုးမျပဳသင့္ပါဘူး။

အရက္ပ်ံ / hot water

Sponsored
ဆီစြန္းေပသြားတဲ့ အဝတ္အစားေတြဟာ ေတာ္႐ံုနဲ႔ဖ်က္မရပဲ အစြန္းအထင္းေတြ က်န္ေနတတ္ပါတယ္။ ဒီလုိမ်ိဳး ဆီစြန္းေပသြားတဲ့ အဝတ္အစားေတြကို အစြန္းအထင္းဖယ္႐ွားဖို႔အတြက္ နည္းလမ္းေလးက လြယ္ကူ႐ိုး႐ွင္းပါတယ္။ ဆီစြန္းေတြကို ဖ်က္ဖို႔ ေရေႏြးနဲ႔ ေလွ်ာ္ဖြတ္ေပးရမွာျဖစ္ၿပီး ပန္းကန္ေဆးဆပ္ျပာရည္ အနည္းငယ္ထည့္ၿပီး ေလွ်ာ္ရမွာ ျဖစ္ပါတယ္။ တကယ့္လို႔ ၾကာျမင့္ေနတဲ့ ဆီစြန္းပယ္ေနတဲ့ အဝတ္အစားေတြကိုေတာ့ အရက္ပ်ံနဲ႔ မိနစ္သံုးဆယ္ေလာက္ စိမ္ၿပီးမွ ေလွ်ာ္ဖြတ္ေပးရမွာပါ။

အရက္ပ်ံ


Pinterest/Stylecraze

မိန္းကေလးေတြျဖစ္ေနက်ျဖစ္တဲ့ အဝတ္အစားေတြေပၚကို ႏႈတ္ခမ္းနီ စြန္းပယ္သြားရင္ေတာ့ တကယ့္ကို ဖ်က္ရခက္ပါတယ္ေနာ္။ ဒီဖ်က္ရခက္တဲ့ အစြန္းအထင္းကို လြယ္ကူ႐ိုး႐ွင္းတဲ့ နည္းေလးနဲ႔ ဖယ္႐ွားႏုိင္ပါတယ္္။ ႏႈတ္ခမ္းနီ စြန္းပယ္ေနတဲ့ အဝတ္အစားကို အစြန္းဖယ္႐ွားဖို႔အတြက္ သန္္႔စင္တဲ့ အဝတ္အစားတစ္ထည္ကို ယူလုိက္ၿပီး အဲဒီအဝတ္အစားေပၚကို အရက္ပ်ံ ေလာင္းခ်လိုက္ၿပီးေတာ ့ႏႈတ္ခမ္းနီစြန္းပယ္သြားတဲ့ ေနရာကို ညင္သာစြာ သုတ္ေပးရမွာပါ။ အစြန္းအထင္းကို ဆြဲဖ်က္တာမ်ိဳး မလုပ္ရပါဘူး။ အရက္ပ်ံေတြ အေငြ႕ပ်ံသြားတဲ့အခါ ႏႈတ္ခမ္းနီအစြန္းေတြလည္း ဖယ္႐ွားၿပီးသားျဖစ္သြားမွာ ျဖစ္ပါတယ္။
Khin


Unicode

အဝတ်အစားတွေပေါ်မှာ စွန်းပေနေတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်းများ

19


Pinterest/LIVESTRONG
Sponsored
ကိုယ်အမူမဲ့ အမှတ်မဲ့ ပြုမူလိုက်လို့ ဝယ်ထားတာ ဘယ်လောက်မှ မကြာတဲ့ အကျီ င်္အဖြူရောင်လေးမှာ တစ်ခုခုစွန်းပယ်သွားရင် နှမြောတသဖြစ်ရင်း စိတ်မကောင်းဖြစ်ရတယ်ဟုတ်။ အကျီ င်္တွေပေါ်မှာ စွန်းပေသွားတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

Vinegar

Pixabay/evita-ochel
အစွန်းအထင်း တော်တော်များများကို ဖယ်ရှားနိုင်စွမ်းရှိတဲ့ vinegar ဟာ တကယ့်ကို အသုံးဝင်တဲ့ အိမ်တွင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အကျီ င်္မှာ berry သီးတို့လို၊ ခရမ်းချည်သီးတို့လို အစွန်းအထင်းတွေအတွက် vinegar ကတကယ့်ကို အကောင်းဆုံး အစွန်းဖျက်ဆေး ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ စွန်းပယ်သွားတဲ့နေရာကို ရေနဲ့ဆေးချလိုက်ပါ။ ပြီးရင်တော့ vinegar နဲ့ ရေကို တော်သင့်ရုံလောက်ထည့်ပြီး စိမ်ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခါတိုင်းလျှော်ဖွတ်နေကျအတိုင်း လျှော်ဖွတ်လို့ ရပါပြီ။ သတိထားရမှာ တစ်ခုက vinegar ကို protein အစွန်းအထင်းတွေအတွက် အသုံးမပြုသင့်ပါဘူး။

အရက်ပျံ / hot water
Sponsored

ဆီစွန်းပေသွားတဲ့ အဝတ်အစားတွေဟာ တော်ရုံနဲ့ဖျက်မရပဲ အစွန်းအထင်းတွေ ကျန်နေတတ်ပါတယ်။ ဒီလိုမျိုး ဆီစွန်းပေသွားတဲ့ အဝတ်အစားတွေကို အစွန်းအထင်းဖယ်ရှားဖို့အတွက် နည်းလမ်းလေးက လွယ်ကူရိုးရှင်းပါတယ်။ ဆီစွန်းတွေကို ဖျက်ဖို့ ရေနွေးနဲ့ လျှော်ဖွတ်ပေးရမှာဖြစ်ပြီး ပန်းကန်ဆေးဆပ်ပြာရည် အနည်းငယ်ထည့်ပြီး လျှော်ရမှာ ဖြစ်ပါတယ်။ တကယ့်လို့ ကြာမြင့်နေတဲ့ ဆီစွန်းပယ်နေတဲ့ အဝတ်အစားတွေကိုတော့ အရက်ပျံနဲ့ မိနစ်သုံးဆယ်လောက် စိမ်ပြီးမှ လျှော်ဖွတ်ပေးရမှာပါ။

အရက်ပျံ

Pinterest/Stylecraze
မိန်းကလေးတွေဖြစ်နေကျဖြစ်တဲ့ အဝတ်အစားတွေပေါ်ကို နှုတ်ခမ်းနီ စွန်းပယ်သွားရင်တော့ တကယ့်ကို ဖျက်ရခက်ပါတယ်နော်။ ဒီဖျက်ရခက်တဲ့ အစွန်းအထင်းကို လွယ်ကူရိုးရှင်းတဲ့ နည်းလေးနဲ့ ဖယ်ရှားနိုင်ပါတယ််။ နှုတ်ခမ်းနီ စွန်းပယ်နေတဲ့ အဝတ်အစားကို အစွန်းဖယ်ရှားဖို့အတွက် သန့််စင်တဲ့ အဝတ်အစားတစ်ထည်ကို ယူလိုက်ပြီး အဲဒီအဝတ်အစားပေါ်ကို အရက်ပျံ လောင်းချလိုက်ပြီးတော ့နှုတ်ခမ်းနီစွန်းပယ်သွားတဲ့ နေရာကို ညင်သာစွာ သုတ်ပေးရမှာပါ။ အစွန်းအထင်းကို ဆွဲဖျက်တာမျိုး မလုပ်ရပါဘူး။ အရက်ပျံတွေ အငွေ့ပျံသွားတဲ့အခါ နှုတ်ခမ်းနီအစွန်းတွေလည်း ဖယ်ရှားပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

Khin