ေဟာလိ၀ုဒ္ရဲ႕မင္းသားေခ်ာ Channing Tatum ဟာ (၁)ႏွစ္ေက်ာ္ၾကာ တြဲခဲ့တဲ့ အဆိုေတာ္ Jessie J နဲ႔ လမ္းခြဲခဲ့ၿပီျဖစ္ေၾကာင္း ဒီဇင္ဘာဆန္းေလာက္က သတင္းေတြက ေဖာ္ျပခဲ့လို႔ ပရိသတ္ေတြ အံ့အားသင့္ခဲ့ ၾကပါတယ္။ ကာကယံရွင္ႏွစ္ဦးစလံုးက လမ္းခြဲသတင္းနဲ႔ ပတ္သတ္ၿပီး ၀န္မခံခဲ့သလို ျငင္းလညး္ မျငင္းခဲ့ၾကပါ ဘူး။ ဒါေပမယ့္ Instagram ေပၚမွာ ႏွစ္ေယာက္တြဲ ဓာတ္ပံုေတြ မတင္ေတာ့သလို၊ တင္ခဲ့ၿပီးသား ဓာတ္ပံုေတြကိုလည္း ျပန္ဖ်က္ခဲ့တာေၾကာင့္ လမ္းခြဲခဲ့ၿပီျဖစ္ေၾကာင္း သြယ္၀ိႈက္ၿပီး အတည္ျပဳေပးခဲ့တယ္လို႔ ပရိသတ္ေတြေကာ ၊ မီဒီယာေတြကပါ ယူဆခဲ့့ပါတယ္။
လမ္းခြဲၿပီး တစ္ပတ္ေက်ာ္ေလာက္ အၾကာမွာပဲ Channing Tatum ဟာ အြန္လိုင္း Dating App တစ္ခုျဖစ္တဲ့ Raya မွာ အေကာင့္ဖြင့္ၿပီး ရည္းစားသစ္ ရွာေနေၾကာင္း E!News သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ Channinng Tatum ရည္းစားသစ္ ရွာပံုေတာ္ ဖြင့္ေနတဲ့အေၾကာင္းကိုေတာ့ သူ႔ရဲ႕သူငယ္ခ်င္းက E!News ကို ေျပာျပခဲ့တာပါ။
Channing ဟာ သူငယ္ခ်င္းေတြရဲ႕ အႀကံေပးခ်က္ေၾကာင့္ Raya ကို သံုးေနတာ ျဖစ္ေၾကာင္း၊ အသည္းကဲြေန လို႔ စိတ္ေျပလက္ေပ်ာက္ သံုးေနတာ မဟုတ္ေၾကာင္း၊ အဆင္ေျပမယ့္ တစ္ေယာက္ေယာက္နဲ႔ ခ်ိတ္ဆက္မိၿပီး date လုပ္ဖို႔အတြက္ အာသီသျပင္းျပေနေၾကာင္းလည္း E! News က ေဖာ္ျပခဲ့ပါတယ္။
Channing Tatum နဲ႔ Jessie J တို႔ဟာ (၂၀၁၈)ႏွစ္ဆန္းေလာက္တည္းက Channing ရဲ႕ ဇနီး Jenna Dewan မသိေအာင္ တြဲခဲ့က်တာပါ။ သိပ္မၾကာခင္မွာ Channing နဲ႔ Jessis J တို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို Jenna သိသြားခဲ့ၿပီး ကြာရွင္းခြင့္ေတာင္းခဲ့ပါတယ္။ (၂၀၁၉) ဧၿပီမွာ Channing နဲ႔ Jenna တို႔ရဲ႕ (၉)ႏွစ္ၾကာ အိမ္ေထာင္ေရး အဆံုးသတ္ခဲ့ပါတယ္္။ Channing ဟာ သမီးျဖစ္သူ Everly ရဲ႕ မ်က္ႏွာကိုေတာင္ မေထာက္ပဲ ကြယ္ရာမွာ ေဖာက္ျပန္ခဲ့လို႔ ကြာရွင္းခဲ့တာျဖစ္ေၾကာင္း Jenna က လူသိရွင္ၾကား ဖြင့္ဟခဲ့ပါတယ္
Unicode
Dating App သုံးပြီး အွန်လိုင်းပေါ်မှာ ရည်းစားရှာနေတဲ့ မင်းသား Channing Tatum
Twitter/Channing Tatum
ဟောလိဝုဒ်ရဲ့မင်းသားချော Channing Tatum ဟာ (၁)နှစ်ကျော်ကြာ တွဲခဲ့တဲ့ အဆိုတော် Jessie J နဲ့ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာဆန်းလောက်က သတင်းတွေက ဖော်ပြခဲ့လို့ ပရိသတ်တွေ အံ့အားသင့်ခဲ့ ကြပါတယ်။ ကာကယံရှင်နှစ်ဦးစလုံးက လမ်းခွဲသတင်းနဲ့ ပတ်သတ်ပြီး ဝန်မခံခဲ့သလို ငြင်းလညး် မငြင်းခဲ့ကြပါ ဘူး။ ဒါပေမယ့် Instagram ပေါ်မှာ နှစ်ယောက်တွဲ ဓာတ်ပုံတွေ မတင်တော့သလို၊ တင်ခဲ့ပြီးသား ဓာတ်ပုံတွေကိုလည်း ပြန်ဖျက်ခဲ့တာကြောင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း သွယ်ဝှိုက်ပြီး အတည်ပြုပေးခဲ့တယ်လို့ ပရိသတ်တွေကော ၊ မီဒီယာတွေကပါ ယူဆခဲ့့ပါတယ်။
Instagram/Jessie J
လမ်းခွဲပြီး တစ်ပတ်ကျော်လောက် အကြာမှာပဲ Channing Tatum ဟာ အွန်လိုင်း Dating App တစ်ခုဖြစ်တဲ့ Raya မှာ အကောင့်ဖွင့်ပြီး ရည်းစားသစ် ရှာနေကြောင်း E!News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Channinng Tatum ရည်းစားသစ် ရှာပုံတော် ဖွင့်နေတဲ့အကြောင်းကိုတော့ သူ့ရဲ့သူငယ်ချင်းက E!News ကို ပြောပြခဲ့တာပါ။
Twitter/Rebal
Channing ဟာ သူငယ်ချင်းတွေရဲ့ အကြံပေးချက်ကြောင့် Raya ကို သုံးနေတာ ဖြစ်ကြောင်း၊ အသည်းကွဲနေ လို့ စိတ်ပြေလက်ပျောက် သုံးနေတာ မဟုတ်ကြောင်း၊ အဆင်ပြေမယ့် တစ်ယောက်ယောက်နဲ့ ချိတ်ဆက်မိပြီး date လုပ်ဖို့အတွက် အာသီသပြင်းပြနေကြောင်းလည်း E! News က ဖော်ပြခဲ့ပါတယ်။
Instagram/Channing Tatum
Channing Tatum နဲ့ Jessie J တို့ဟာ (၂၀၁၈)နှစ်ဆန်းလောက်တည်းက Channing ရဲ့ ဇနီး Jenna Dewan မသိအောင် တွဲခဲ့ကျတာပါ။ သိပ်မကြာခင်မှာ Channing နဲ့ Jessis J တို့ရဲ့ အချစ်ဇာတ်လမ်းကို Jenna သိသွားခဲ့ပြီး ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ (၂၀၁၉) ဧပြီမှာ Channing နဲ့ Jenna တို့ရဲ့ (၉)နှစ်ကြာ အိမ်ထောင်ရေး အဆုံးသတ်ခဲ့ပါတယ််။ Channing ဟာ သမီးဖြစ်သူ Everly ရဲ့ မျက်နှာကိုတောင် မထောက်ပဲ ကွယ်ရာမှာ ဖောက်ပြန်ခဲ့လို့ ကွာရှင်းခဲ့တာဖြစ်ကြောင်း Jenna က လူသိရှင်ကြား ဖွင့်ဟခဲ့ပါတယ်
0 Comments